ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ APGO ကားအပိုပစ္စည်းစက်ရုံက စက်ရုံပိတ်သိမ်းလိုက်တယ်လို့ အကြောင်းပြကာ မြန်မာအလုပ်သမား ၂၇ ယောက် အလုပ်ထုတ်ခံရတာကြောင့် NUG အလုပ်သမားဝန်ကြီးဌာနနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ချွန်ပူရိီခရိုင်၊ ဆာဝါဒီကန်ရုံးမှာ ကူညီ အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

APGO ကားအပိုပစ္စည်းထုတ်လုပ်တဲ့ စက်ရုံရှိ မြန်မာအလုပ်သမား ၂၇ ယောက်ဟာ လုပ်သက်နစ်နာကြေး မရဘဲ အလုပ်ဖြုတ်ခံခဲ့ရတာဖြစ်ပြီး အလုပ်သမားတွေဟာ လုပ်သက် ၇ နှစ်ကနေ ၁၃ နှစ်အထိ ကြာအောင် အလုပ် လုပ်ကိုင်ခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

စက်ရုံဘက်က ပိတ်သိမ်းမယ့်အကြောင်း ကြိုတင်အသိပေးအကြောင်းကြား​မှုမရှိဘဲ ဇူလိုင် ၇ ရက်မှာ စက်ရုံတာဝန်ရှိသူက ဇူလိုင်လ ၈ ရက်ကစလို့ စက်ရုံပိတ်သိမ်းလိုက်ပြီဖြစ်ပြီး အလုပ်က ဝန်ထမ်းအားလုံးကို အလုပ်ဖြုတ်လိုက်ပြီးဖြစ်ကြောင်းနဲ့ လုပ်အားခ တစ်လစာနဲ့ အပိုငွေ ဘတ် (၅၀၀၀) ကိုသာ နစ်နာကြေးပေးမှာဖြစ်ကြောင်း ပြောကြားလာခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အလုပ်သမားတွေဟာ စက်ရုံမှာ လုပ်သက်နှစ်ကြီးသမားတွေ ဖြစ်ပြီး ရသင့်ရထိုက်တဲ့ နစ်နာကြေးပေးဖို့ တောင်းဆိုခဲ့ပေမယ့် စက်ရုံပိုင်ရှင်က ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အလုပ်သမားတွေက လုပ်သက်အလိုက် ထိုက်တန်တဲ့ နစ်နာကြေးတွေ ပြန်လည်ရရှိစေဖို့အတွက် ကူညီဆောင်ရွက်ပေးဖို့ M.H.A.C (မဟာမိတ်အဖွဲ့) ကတစ်ဆင့် အကူအညီတောင်းခံလာတဲ့အတွက် MHAC မဟာမိတ်အဖွဲ့ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဇူလိုင်လ ၉ ရက်မှာတော့ ချွန်ပူရီခရိုင် ဆာဝါဒီကန်ရုံးမှာ အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းမှ ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၂ ဦးအပါ ၁၅ ဦး သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းကနေထွက်လာသည့် စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေ‌ဆုံးသူတွေ ရှိခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်ထံက သိရပါတယ်။
Read More

မိုးကုတ်နှင့် သပိတ်ကျင်းကို စစ်ကြောင်းထိုးသည့် အထိုင်စခန်းတစ်ခုဖြစ်သော တကက ၁၃ သင်တန်းကျောင်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်၊ အထက်တန်းနည်းပြအရာရှိ ၃ ဦးနှင့် တခြားအဆင့် တိုက်ခိုက်ရေးစစ်သား ၁၈ ဦး သေပြီး သင်တန်းဆောင်များ မီး​လောင်ပျက်စီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်တာဟာ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်တွေကို ခုခံနေတဲ့ မဟာမိတ်အင်အားစုတွေအတွက် အားဖြည့်ကူညီလုပ်ဆောင်ပေးတာဖြစ်တယ်လို့ လုပ်ဆောင်ခဲ့တဲ့အဖွဲ့တွေက ပြောပါတယ်။
Read More

ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်၊ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့အနီးက ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဂုတ်ထိပ်တံတား ဖျက်ဆီးခံရမှု ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု တစ်နိုင်ငံလုံးကို ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်း ပြော

သက်တမ်း ၁၂၀ ကျော်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။
Read More

ကျောက်ကြီးတွင် စစ်ဘေးရှောင်များ ခိုလှုံနေသည့်စာသင်ကျောင်းကို စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲ၊ ကလေးငယ်များအပါ အရပ်သား ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF စိုးမိုးနယ်မြေအတွင်းက စစ်ရှောင်ကလေးငယ်တွေအပါဝင် ၆ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း P2-3702 ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်း တိမ်းရှောင်သူတွေကို တရားရုံးနဲ့ပေါင်းပြီး ပိုင်ဆိုင်မှု ချိတ်ပိတ်တာတွေအထိ လုပ်ဆောင်လာနေ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။