မကွေးတိုင်း၊ စလင်း- ဆင်ဖြူကျွန်း လမ်းပိုင်းကြားရှိ ကျေးရွာတွေက မီးဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအတွက် ပြည်တွင်းပြည်ပပြည်သူတွေရဲ့ ထောက်ပို့ငွေတွေထဲကနေ အရေးပေါ် ဆန်၊ဆီ၊ စားနပ်ရိက္ခာတွေနဲ့ အဝတ်အထည်တွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

စလင်း- ဆင်ဖြူကျွန်း လမ်းပိုင်းမှာ လတ်တလောအချိန်အထိ စစ်ရေးမငြိမ်မသက်ဘဲ တင်းမာနေဆဲဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေသေးတယ်လို့ စလင်း ပကဖ က ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း အနေနဲ့ ရရှိလာတဲ့ ထောက်ပို့ငွေတွေကို စစ်ရေးကာကွယ်ရေးအသုံးစရိတ်တွေသာမက ပြည်သူလူထုရဲ့ ဆေးဝါးကုသရေးကဏ္ဍနဲ့ အရေးပေါ်စစ်ဘေးရှောင်ကဏ္ဍတွေမှာလည်း စီစစ်သုံးစွဲနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲမှာ စစ်ဘေးရှောင် နှစ်သောင်းကျော်အထိတိုးမြှင့်လာ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ပြည်သူ နှစ်သောင်းကျော်လောက်စစ်ဘေးရှောင်နေရ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ BNRA ၊ GZ နဲ့ YSO တော်လှန်ရေးအဖွဲ့တွေက နိုဝင်ဘာ ၁၁ ရက် မနက်မှာ ပုလဲမြို့ကို စတင်ဝင်ရောက်တိုက်ခိုက်မှုကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့ရပြီး ဒေသခံအများစုက ရုတ်တရက်မြို့ပေါ်ကနေ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရခြင်းဖြစ်ပါတယ်။
Read More

KNDF တပ်ရင်း (၂) မှ တပ်ရင်းအရာရှိများက တပ်ခွဲမှူးနှင့် ရဲဘော်များကို တွေ့ဆုံခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) က တပ်ရင်းအရာရှိတွေဟာ တပ်ရင်းအတွင်းရှိ တပ်ခွဲတွေက တပ်ခွဲမှူးတွေနဲ့ ရဲဘော်တွေကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ KNDF တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ချမှတ်

စစ်အာ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်တပ်က ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်လိုက်ပါတယ်။
Read More

ငါန်းဇွန်မှာ ပျူစောထီးတွေ ပါလာတဲ့ ၆ဘီးကားကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၆ဘီးကားကို လမ်းပိုင်းမှာ ​မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိကြောင်း TGYR - YouthGuerrillaCounterRevolution-NZ(LPDF) ရဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဆောမှာ စစ်ရှောင်စခန်းတစ်ခုက သားအမိနှစ်ယောက် တောင်ကျချောင်းရေနဲ့အတူ မျောပါသေဆုံး၊ရေတိုက်စားသွားလို့ ပိတ်ထားရတဲ့လမ်းပိုင်းကို တစ်ရက်တည်း ဝိုင်းဝန်းပြုပြင်ခဲ့ကြ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ တောင်ကျချောင်း​ရေထိုးကျပြီး စစ်ရှောင်စခန်းနေ သားအမိ ၂ယောက် ရေထဲမျောပါသေဆုံးခဲ့သလို လက်ရှိမှာ ကလေးအလောင်းကိုသာ ပြန်လည်ရှာတွေ့ထားတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

ဘောပွဲအပြီး ပရိတ်သတ်ကိုပြန်ဆဲခဲ့တဲ့ မြန်မာအသင်းခေါင်းဆောင် မောင်​မောင်လွင်ကို ပရိတ်သတ်တွေ ဝေဖန်နေကြ

မနေ့က ကစားခဲ့တဲ့ အာဆီယံမစ်ဆူဘီရှီဖလား အုပ်စုအဖွင့်ပွဲစဥ်အပြီး ပရိတ်သတ်တွေကို ရိုင်းပြတဲ့အမူအရာနဲ့ ဆဲရေးတိုင်းထွာခဲ့တဲ့ မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်ရဲ့ လုပ်ရပ်အပေါ် ပရိတ်သတ်တွေက အပြင်းအထန် ဝေဖန်နေကြတယ်လို့ သိရပါတယ်။