စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် အထိုင်စခန်းတွေဖြစ်တဲ့ ဟင်္သာကြီးပျူရွာ၊ ဘိုးနတ်တောင်စခန်းကုန်း၊ တောင်လှဗျူဟာစခန်းကုန်းနဲ့ ဘိုးထွန်းကျော် ဗျူဟာစခန်းကုန်းတွေကို ဇူလိုင် ၄ ရက်၊ ၅ ရက်နဲ့ ၇ ရက်တို့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

သိမ်းပိုက်ရရှိထားတဲ့ စခန်းကုန်းမှာလည်း ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း ဒုတပ်ရင်းမှူးက PDF အလံကို လွှင့်ထူခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အထိုင်စခန်း ၄ ခု တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး စစ်သား ၉ ယောက် သေဆုံးခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း နယ်စည်းမခြား တော်လှန်ရေးအင်အားစု

0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲခြင်းခံခဲ့ရသည့် လူငယ် ၄ ဦး ထွက်ပြေးလွတ်မြောက်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဘူးကုန်းရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဂိတ်စခန်းမှာ ပေါ်တာဆွဲခံခဲ့ရတဲ့ လူငယ်အမျိုးသား ၄ ယောက် ကျွန်းလှအချုပ်ထောင်ကိုဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငါးမြှာကြီးရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေချိန် လေယာဉ်နဲ့ အကြမ်းဖက်စစ်သားတွေဘက်ကို ဗုံးမှားကြဲချ (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါးမြှာကြီးရွာမှာ အောက်တိုဘာ ၂၀ ရက်က အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေချိန် အကြမ်းဖက်စစ်တပ်လေယာဉ်က အကြမ်းဖက် စစ်သားတွေဘက်ကို ဗုံးမှားကြဲချခဲ့တယ်လို့ Dog Killers People's Defence Force Myinmu အဖွဲ့ထံက သိရပါတယ်။
Read More

ဘုတလင်မြို့ပေါ် စစ်ကော်မရှင်တပ်စွဲထားသည့် နေရာများကို လက်နက်ကြီးငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော် ခြောက်အိမ်စုရွာမှ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို KNDO နဲ့ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု တပ်ရင်းမှူးဒုဗိုလ်မှူးကြီးအပါအဝင် ၈ ယောက်သေဆုံး (ရုပ်/သံ)

နေပြည်တော် ပျဉ်းမနားမြို့နယ် ခြောက်အိမ်စုရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ကို နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက KNOD နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခလရ ၈၄ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး အပါအဝင် စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ KNDO တပ်ခွဲ ၄ထံက သိရပါတယ်။
Read More

KNU-KNLA-တပ်မဟာ(၆)နယ်မြေမှထွက်ပြေးလွတ်မြောက်လာသည့် ခမရ (၅၅၈) တပ်သား- မောင်ဖိုးကျော် ၏ပြောကြားချက် (ရုပ်/သံ)

''အသက်က (၃၅)နှစ်ပါ။ စပါးရိတ်တဲ့အလုပ်လုပ်ပါတယ်။ အုန်းသီးလည်း လိုက်ခူးပါတယ်။ ညနေပိုင်း အိမ်မှာ အိပ်နေတုန်း လာခေါ်တာပါ။ ရဲစခန်းရောက်တော့ အချုပ်ထဲမှာ ၄ရက်၊ ၅ ရက်လောက် ထည့်ထားပြီးတော့ မှတ်ပုံတင်လုပ်ပေးပါတယ်။ ပြီးတော့ စုဆောင်းရေးကို ပို့လိုက်ပါတယ်။ . . . သူတို့က ကျွန်တော်တို့ကို တန်းစီသတိဆွဲခိုင်းပါတယ်။ ပြီးတော့ ထိုးတာ ရင်အုံတွေချည်းထိုးတာ။ လက်ညောင်းသွားရင် တုတ်အစိုနဲ့ ချပါတယ်။ ကျွန်တော်တို့ တစ်ပတ်လောက် ထမင်းမစားနိုင်ဘူး''