ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၅ ယောက်ကို Chinland Council ရဲ့အောက်ကနေ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ကျန်ရှိတရားခံတွေကိုလည်း ဆက်လက်ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေကြောင်း Chinland Defense Force – Hakha ရဲ့ အထွေထွေအတွင်းရေးမှူးက မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၈ ရက်နေ့က ဖလမ်းမြို့နယ်၊ ဗားရ်တံတားကို သယ်ယူပို့ဆောင်တဲ့ Hilux နဲ့ Forland ကားတွေပေါ်ကနေ စိတ်ကြွဆေးပြား ၃သန်းခန့်၊ No. 4 ခေါ် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနက် (၂) လက်နဲ့ mini starlink (၂) ခုကို CDF -Hakha တပ်ဖွဲ့ဝင်တွေက ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပစ္စည်းတွေနဲ့အတူလိုက်ပါလာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် (၃) ယောက်နဲ့ ယာဥ်မောင်း (၁) ယောက်၊ စပယ်ယာ (၁) ယောက်ကိုလည်း တစ်ပါတည်းဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်နေကြောင်း CDF -Hakha က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိသူတွေဟာ ယင်းမာပင်ခရိုင်တပ်ရင်း (၁၄) တပ်ဖွဲ့ဝင် ကိုဇော်နောင်၊ ဆားလင်းကြီးမြို့နယ် ရွှေကြက်သွန်ရွာပကဖအဖွဲ့ဝင် ကိုခင်ဇော်ဟိန်း၊ ယခင် ပခုက္ကူခရိုင် တပ်ရင်း-၁၀ လက်ရှိ ကြားကာလပညာရေးကျောင်း (CBE-YSO) ရဲ့ ကျောင်းအုပ် ကိုအာကာဖြိုး ၊ ယာဥ်မောင်း ကိုကျော်ဟိန်း၊ ယာဥ်အကူ ကိုအာကာဖြိုးတို့ဖြစ်ကြပြီး ပစ္စည်းတွေကို ယင်းမာပင်ခရိုင်တပ်ရင်း(၁၅) တပ်ရင်းမှူးရဲ့ ထောက်ခံချက်လက်မှတ်နဲ့အတူ သယ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ ဆားလင်းကြီးမြို့နယ်၊ ငွေသာကျေးရွာအနီး အဆောက်အဦးတစ်ခုကနေ သွားရောက်တင်ဆောင်လာတာဖြစ်ကြောင်း CDF -Hakha ရဲ့ စစ်ဆေးမေးမြန်းနေတဲ့ ဗီဒီယိုကတဆင့် သိရပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးတွေကို သယ်ယူပို့ဆောင်ရာမှာ အဓိကတာဝန်ခံဖြစ်တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း(၁၅) တပ်ဖွဲ့ဝင် မောင်ဇော်လတ် (အမည်ရင်း ဦးဝင်းမော်) နဲ့ ယင်းမာပင်ခရိုင် တပ်ရင်း (၁၄)တပ်ရင်းမှူး ကိုပုတီး (အမည်ရင်း ဦးကျော်မင်းဇော်) တို့ဟာလည်း အဖမ်းမခံရခင် ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် ဖမ်းဆီးရမိနိုင်ဖို့ကြိုးစားနေကြောင်း CDF-Hakha အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။

ဒီဖြစ်စဥ်အပေါ် ယင်းမာပင်ခရိုင် တပ်ရင်း (၁၅) တပ်ရင်းမှူး ကိုဖိုးသောင်းကတော့ သူလက်မှတ်ထိုး ထောက်ခံစာပေးခဲ့တာဟာ ရဲဘော် ၄ယောက်၊ သေနတ် ၂လက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ သယ်ယူဖို့အတွက်သာဖြစ်ကြောင်းနဲ့ မူးယစ်ဆေးဝါးသယ်ဆောင်တာဟာ ရဲဘော်တွေရဲ့ ပုဂ္ဂလိကလုပ်ဆောင်မှုသာဖြစ်ကြောင်း၊ ထွက်ပြေးလွတ်မြောက်နေသူ ၂ယောက်ကိုလည်း လိုက်လံဖမ်းဆီးပြီး MOD ရဲ့ စစ်ဆေးမှုတွေကို အပြည့်အဝတာဝန်ယူဖြေရှင်းသွားမှာဖြစ်ကြောင်း ဇူလိုင်လ ၁၀ရက် မနေ့ညနေပိုင်းမှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

“ယင်းမာပင်ခရိုင် တပ်ရင်းဘက်လည်း ကျနော်တို့ ဆက်သွယ်ထားပါတယ်။ ထွက်ပြေးနေတဲ့သူတွေကို ဖမ်းပေးဖို့လည်း သူတို့က ပြောထားပါတယ်။ ကြားရတဲ့သတင်းအရဆို ဒီလူတွေ ဂန့်ဂေါမြို့နယ်ထဲ ရောက်သွားပြီလို့ သိရတယ်။ အဲ့ဘက်က တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရှာဖွေနေပါတယ်။ အခုလို တော်လှန်ရေးဘက်က မူးယစ်ဆေးလုပ်တာ စိတ်မကောင်းဖြစ်ပါတယ်။ ကျနော်တို့ကတော့ Chinland Council အောက်က အဖွဲ့အစည်းဆိုတော့ MOD ကို တရားခံတွေ တိုက်ရိုက်မလွှဲပါဘူး။ ဒါပေမယ့် အခြေအနေအရ Chinland Council ကနေတဆင့် လွှဲရမယ်ဆိုရင်တော့ လုပ်ရမှာပါ။” လို့ Chinland Defense Force – Hakha ရဲ့ အထွေထွေအတွင်းရေးမှူးက မောင်းကို ပြောပါတယ်။

CDF -Hakha ကတော့ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေကို ဇူလိုင်လ (၉) ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဟားခါးမြို့နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်းနဲ့ သယ်ယူပို့ဆောင်ခြင်းတွေကို ထပ်မံတွေ့ရှိရင် ထိရောက်စွာ အရေးယူသွားမှာဖြစ်သလို ပြည်သူတွေအနေနဲ့လည်း မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးလုပ်ငန်းစဥ်တွေမှာ ပူးပေါင်းပါဝင်ပေးဖို့ Chinland Defense Force – Hakha က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

CDF-Hakha မှ ထုတ်ပြန်ထားသည့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများ (ဓာတ်ပုံ CDF Hakha)

0 Shares:
You May Also Like
Read More

ဂျာမနီရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် The Elders အဖွဲ့နှင့် တွေ့ဆုံခဲ့

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ The Elders အဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူ-လိပ်သို လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကြောင်းနှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ်တို့ အနီးကပ်တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက် ၉ ဦး သေပြီး ၁၀ ဦး ဒဏ်ရာရကာ ပြန်ဆုတ်သွား

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အင်အားဖြည့်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက် ၉ ယောက် သေကာ အများအပြားထိခိုက်သွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

KNLA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ အနန်းကွင်း ဗျူဟာကုန်းအနီးကို အကြမ်းဖက်စစ်တပ် လေယာဉ်နဲ့ ဗုံးအလုံးရေ ၂၀ ထက်မနည်း ကြဲချ

ကရင်ပြည်နယ် တပ်မဟာ ၆နယ်မြေက အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေပြီး အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၄ရက် ညပိုင်းမှာ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

အင်အားကြီးနိုင်ငံတွေက မြန်မာပြည်ပြိုကွဲအောင် သွေးခွဲနေတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော

မြန်မာကို အင်အားကြီးနိုင်ငံတွေက နိုင်ငံပြိုကွဲအောင် သွေးခွဲမှုတွေကို အစီအစဉ်တကျ လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

NUG ကို လိုအပ်ရင်လိုအပ်သလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ဝန်ကြီးချုပ်က အသိပေး

NUG အစိုးရကို ပြည်သူတွေ ယုံကြည်အားကိုးရတဲ့ အစိုးရ အဆင့်ထိရောက်ဖို့ ကြိုးစားရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
Read More

မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းဆုံ၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်မှာရှိတဲ့ ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) က ထုတ်ပြန်ထားပါတယ်။