ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ ကျောက်တော၊ နမ့်ပါတက်၊ကျောက် ပြုတ်၊ နားမုံနဲ့ ရေမောင်းတန်းကျေးရွာကြားမှ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ (၁၀)ရက် မနေ့က ကျောက်ကြမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၁၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ရေမောင်းတန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLAတို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး အလုံး (၅၀) ၊ ဒရုန်းနဲ့ ဗုံး(၁၀)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နားမုံနဲ့ ရေမောင်းတန်းကျေးရွာကြားကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၂)လုံး ပစ်ခတ်ခဲ့ပြီးကျောက်ပြုတ်ကျေးရွာဘက်ကိုလည်း လက်နက်ကြီး (၁၀)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၉)ရက်ကလည်း နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ နောင်လင်၊ ကျောက်တော၊ အုမ္မခါး၊ နားမုံနဲ့ ရေမောင်းတန်းကျေးရွာကြား စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၃၂)လုံး၊ ဒရုန်းနဲ့ ဗုံးအလုံး (၅၀) တို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

နောင်ချိုမြို့ ပြန်လည်ရရှိရေးအတွက် အကြမ်းဖက်စစ်ကောင်စီက အင်အားထောင်နဲ့ချီ အသုံးပြုကာ စစ်ကြောင်းထိုးလာနေပြီး လက်ရှိအချိန်မှာ အကြမ်းဖက်စစ်ကြောင်းဟာ နောင်ချိုမြို့ပေါ်နဲ့ ၅ မိုင်တောင် မဝေးတော့တဲ့နေရာဆီ ရောက်ရှိနေပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

Federal Wings စမ်းသပ်ထုတ်လုပ်ခဲ့သည့် Jammer များ စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့

Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ စမ်းသပ်ထုတ်လုပ်ခဲ့တဲ့ Jammer တွေကို စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း ၁၈ နှစ်အောက် ပြည်သူ (၂၈) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း အသက် (၁၈) နှစ်အောက် အရပ်သားပြည်သူ (၂၈) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဘုံတိုရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သပိတ်ခေါင်းဆောင်များ၊ PDF များနှင့် ကလေးငယ်များအပါအဝင် သေဆုံးသူ အယောက် ၄၀ ကျော်အထိ ရှိလာ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က ဘုံတိုရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ သေဆုံးသူ အရေအတွက် ၄၀ ကျော် အထိရှိလာပြီဖြစ်ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါ အရပ်သားတွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ကန်ပိုက်တီးမြို့အနီးက အမှတ် ၁၀၀၃ BGF နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်၊ ပန်ဝါမြို့သိမ်းတိုက်ပွဲကနေ လက်နက်ကြီးငယ် ၅၀၀ ကျော်နဲ့ ခဲယမ်းများစွာ ရရှိ

ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြို့အနီးက အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဒီနေ့ည ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဒီနေ့ ည ၈ နာရီခွဲဝန်းကျင်မှာ ဗုံးတွေ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။ 
Read More

မိုးကုတ်မြို့ ဖူဆယ်ကွင်းကို အကြမ်းဖက်စစ်တပ် ဗုံးကြဲမှုကြောင့် ကလေး ၃ ဦး သေဆုံး၊ ၁၂ ဦး ထိမှန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၃ ယောက် သေဆုံးပြီး ကလေး အပါအဝင် ၁၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။