ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ ကော်ဇွန်းထုတ်လုပ်တဲ့ စက်ရုံက အလုပ်သမား(၁၂၀)ကျော်ကို လုပ်အားခတွေ မရှင်းပေးတာကြောင့် တောင်းဆိုခဲ့တဲ့ အလုပ်သမားတွေကို ဖိနှိပ်နေမှုအပေါ် NUG အလုပ်သမားဝန်ကြီးဌာနနဲ့ မဟာမိတ်အဖွဲ့က ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ Pa Siam Industry Co,Ltd ကော်ဇွန်းထုတ်လုပ်တဲ့ စက်ရုံက အလုပ်သမား (၁၂၀) ကျော်ကို လုပ်အားခတွေ မရှင်းပေးတာကြောင့် စက်ရုံကို လုပ်အားခပေးဖို့ တောင်းဆိုရာ အပြည့်အဝ မရှင်းပေးဘဲ တောင်းဆိုတဲ့ အလုပ်သမားတွေကို လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုတွေ ဆောင်ရွက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဖိနှိပ်ခံရတဲ့ အလုပ်သမားတွေက ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ကို တိုင်ကြားလာရာ NUG အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ MHAC မဟာမိတ်အဖွဲ့က အဖွဲ့ဝင်တွေဟာ ဇူလိုင်လ ၂ ရက်က စက်ရုံပြင်ပမှာ အလုပ်သမားတွေနဲ့ တတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် NUG အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ MHAC မဟာမိတ်အဖွဲ့တို့ ပူပေါင်းပြီး ဇူလိုင်လ ၈ ရက်မှာတော့ နစ်နာသူ အလုပ်သမားတွေထဲက အယောက် (၅၀) အတွက် စမွတ်ဆာခွန်ခရိုင် ဆာဝါဒီကန်ရုံးမှာ အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မဏိပူရမှ မြန်မာဒုက္ခသည် ၅၀၀၀ ကျော် နေရပ်ပြန်

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မဏိပူရပြည်နယ်အတွင်း ခိုလှုံနေခဲ့ကြတဲ့ မြန်မာဒုက္ခသည် ၅၀၀၀ ကျော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နေရပ်ပြန်သွားပြီဖြစ်ကြောင်း အိန္ဒိယ အရှေ့မြောက်ပိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်းထုတ်မယ့်ကိစ္စ မျှမျှတတ လုပ်ဖို့ တရုတ်ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC က ဝရမ်းထုတ်ဖို့ကိစ္စမှာ တရားမျှတစွာနဲ့ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း တရုတ်နိုင်ငံက သူ့ရဲ့သဘောထားကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Read More

တောင်ကိုးရီးယားရဲ့ လူဦးရေ ဆက်တိုက်ကျဆင်းနေသည့် ဒေသတွင် မြန်မာဒုက္ခသည်များအား နေထိုင်ခွင့်ပြုဖို့ အာဏာပိုင်များ ဆွေးနွေး

လူဦးရေ ဆက်တိုက်ကျဆင်းနေတဲ့ တောင်ကိုးရီးယားနိုင်ငံ၊ Gyeongsang ခရိုင်က Yeongyang ဒေသမှာ မြန်မာဒုက္ခသည် ၄၀ ခန့်ကို နေထိုင်ခွင့်ပြုဖို့ ဆွေးနွေးနေကြောင်း တာဝန်ရှိသူတွေက မတ်လ ၁၂ ရက်မှာ ပြောပါတယ်။
Read More

လူကုန်ကူးခံရတဲ့ တရုတ်မင်းသား ရွှေကုက္ကိုလ်မှာ ကတုံး တုံးခံရပြီး ငွေလိမ်ဖို့ လေ့ကျင့်ပေးခံရ ဟု ထွက်ဆို

မြန်မာနိုင်ငံ မြဝတီမြို့အနီး ရွှေကုက္ကိုလ်မြို့က ငွေလိမ်ဂိုဏ်းကို လူကုန်ကူးခံရပြီး ရောက်သွားတဲ့ တရုတ်နိုင်ငံသား သရုပ်ဆောင် Wang Xing ဟာ ရွှေကုက္ကိုလ်မြို့မှာ ကတုံးတုံးခံရပြီး ငွေလိမ်ဖို့ လေ့ကျင့်ပေးခံရတယ်လို့ ထွက်ဆိုကြောင်း ထိုင်းအခြေစိုက်သတင်းဌာနတွေက ဖော်ပြပါတယ်။
Read More

စစ်အုပ်စု အသစ်ဖွင့်သည့် MRTV နှင့် MRN ဝါဒဖြန့်စာမျက်နှာများ Facebook မှ ထပ်မံ ဖယ်ရှားခံရ

မြန်မာစစ်အုပ်စုက အခုလအတွင်း အသစ်ဖွင့်ခဲ့တဲ့ MRTV စာမျက်နှာနဲ့ သူတို့ရဲ့ ဝါဒဖြန့်ချိမှုတွေကို  ပြန်လည်ကူးတင်နေတဲ့ MRN (Myanmar News Network) စာမျက်နှာတို့ကို Facebook (Meta) က ထပ်မံဖယ်ရှားပိတ်သိမ်းလိုက်တယ်လို့ Justice For Myanmar က ဆိုပါတယ်။ 
Read More

ဘန်ကောက်မှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ BIMSTEC အစည်းဝေး ကျင်းပမယ့် ရှန်ဂီလာဟိုတယ်အနီးမှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲပြီး ဆန္ဒပြထားကြောင်း သိရပါတယ်။