ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ APGO ကားအပိုပစ္စည်းစက်ရုံက စက်ရုံပိတ်သိမ်းလိုက်တယ်လို့ အကြောင်းပြကာ မြန်မာအလုပ်သမား ၂၇ ယောက် အလုပ်ထုတ်ခံရတာကြောင့် NUG အလုပ်သမားဝန်ကြီးဌာနနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ချွန်ပူရိီခရိုင်၊ ဆာဝါဒီကန်ရုံးမှာ ကူညီ အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

APGO ကားအပိုပစ္စည်းထုတ်လုပ်တဲ့ စက်ရုံရှိ မြန်မာအလုပ်သမား ၂၇ ယောက်ဟာ လုပ်သက်နစ်နာကြေး မရဘဲ အလုပ်ဖြုတ်ခံခဲ့ရတာဖြစ်ပြီး အလုပ်သမားတွေဟာ လုပ်သက် ၇ နှစ်ကနေ ၁၃ နှစ်အထိ ကြာအောင် အလုပ် လုပ်ကိုင်ခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

စက်ရုံဘက်က ပိတ်သိမ်းမယ့်အကြောင်း ကြိုတင်အသိပေးအကြောင်းကြား​မှုမရှိဘဲ ဇူလိုင် ၇ ရက်မှာ စက်ရုံတာဝန်ရှိသူက ဇူလိုင်လ ၈ ရက်ကစလို့ စက်ရုံပိတ်သိမ်းလိုက်ပြီဖြစ်ပြီး အလုပ်က ဝန်ထမ်းအားလုံးကို အလုပ်ဖြုတ်လိုက်ပြီးဖြစ်ကြောင်းနဲ့ လုပ်အားခ တစ်လစာနဲ့ အပိုငွေ ဘတ် (၅၀၀၀) ကိုသာ နစ်နာကြေးပေးမှာဖြစ်ကြောင်း ပြောကြားလာခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အလုပ်သမားတွေဟာ စက်ရုံမှာ လုပ်သက်နှစ်ကြီးသမားတွေ ဖြစ်ပြီး ရသင့်ရထိုက်တဲ့ နစ်နာကြေးပေးဖို့ တောင်းဆိုခဲ့ပေမယ့် စက်ရုံပိုင်ရှင်က ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အလုပ်သမားတွေက လုပ်သက်အလိုက် ထိုက်တန်တဲ့ နစ်နာကြေးတွေ ပြန်လည်ရရှိစေဖို့အတွက် ကူညီဆောင်ရွက်ပေးဖို့ M.H.A.C (မဟာမိတ်အဖွဲ့) ကတစ်ဆင့် အကူအညီတောင်းခံလာတဲ့အတွက် MHAC မဟာမိတ်အဖွဲ့ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဇူလိုင်လ ၉ ရက်မှာတော့ ချွန်ပူရီခရိုင် ဆာဝါဒီကန်ရုံးမှာ အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နွားထိုးကြီးမြို့ပေါ် ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊  ဘုရားတံတိုင်းနှင့် အဆောက်အအုံများ ပျက်စီး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ချောင်းဦးမှာ လမ်းပိုင်းခြေကုပ်ယူဖို့ ကြိုးစားနေသည့် စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရ၊ နေရာတင် ၃ ယောက် သေပြီး အများအပြားထိခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်မှာ အရပ်သားကားတွေကို ချောဆွဲလာတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နေရာမှာတင် ၃ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၉ ဦး ဥပဒေမဲ့ အသတ်ခံရ၊ တစ်နှစ်တာအတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ကျဉ်း ၂၂ ဦး သေဆုံးခဲ့

၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်းမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသားသူ စုစုပေါင်း ၉ယောက်ဟာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မတရားသတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါ ပြည်သူ ၁၀ ဦး သေဆုံးခဲ့ဟု NUG တရားဝင် ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် - (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ယောက် အပါအဝင် ပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေလုပ်လာတာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး ဒေသခံတချို့လည်း ထွက်ပြေးနေရ

မွန်ပြည်နယ်၊ ကျိုတ်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာနေပြီး ကျောက်ပုံ ကျေးရွာအနီးက KNLA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဂိတ်စခန်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers – PDF (အညာဒေသ) တပ်ဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံး…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers - PDF (အညာဒေသ)တပ်ဖွဲ့က ရဲဘော် ၁ ယောက်ဟာ စစ်ကူနဲ့ ရိက္ခာဖြတ်တောက်ရေးစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။