မန္တလေးတိုင်း၊ တောင်သာမြို့နယ်နဲ့ ညောင်ဦးမြို့နယ်မှာ ရွာစဉ်လှည့်မီးရှို့နေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးရဲဘော် ၁၁ ယောက်ကျဆုံးခဲ့ရကာ ၁ ယောက် ပျောက်ဆုံးနေကြောင်း Popa Production & Guerilla Force က သတင်းထုတ်ပြန်ထားပါ တယ်။

ဇွန်လ ၂၂ ရက်က တောင်သာမြို့နယ်နဲ့ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်လှည့်မီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို ကင်းဇလုပ်ရွာအတွင်း မီးရှို့နေစဉ် တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြားသေဆုံးပြီး စစ်အသုံးအဆောင်အပစ္စည်းတွေနဲ့ 60mm ဗုံးသီး၊ RPG ထိပ်ဖူးတို့ကို သိမ်းဆည်းရရှိခဲ့ကာ  Mi-35 ရဟတ်ယာဉ်က လာရောက်ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁ ရက်မှာ မောင်းဂွတ်တောရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ဝင်ရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ယောက် ဒဏ်ရာရရှိကာ ထွက်ပြေးလွတ်မြောက်သွားပြီး ရွာပုလဲကျေးရွာမှာ မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ သွားရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ရှင်းလင်းစဉ်အတွင်း တော်လှန်‌ရေးရဲဘော် ၁ ယောက် တိုက်ပွဲ အတွင်း ပိတ်မိခဲ့ပြီး ပျောက်ဆုံးလျက်ရှိတယ်လို့ သိရပါတယ်။ 

ဇူလိုင် ၂ ရက်မှာ ‌တောင်တောကျေးရွာမှာ မီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ရာမှာ အသင့်ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော် ၁၁ ယောက် ကျဆုံးခဲ့ရပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရဲဘော်တွေကိုင်ဆောင်တဲ့ MA-1 မောင်းပြန် ၂ လက်၊ ပြောင်းချော ၁ လက်နဲ့ အခြားလက်နက် အချို့လည်း ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ယောက်ခန့် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိ သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Popa-PGFတပ်ဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Video – Popa Production & Guerilla Force

0 Shares:
You May Also Like
Read More

မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၆ ဦး သေဆုံးကာ သေနတ် ၈ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် လကတ ၂၀၃၆ တပ်မှ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၆ ဦး သေဆုံးပြီး သေနတ် ၈ လက်သိမ်းဆည်းရရှိခဲ့တယ်လို့  ပခုက္ကူခရိုင်စစ်ဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ဂူတိုက်နယ်‌ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီ အဆိပ်ငွေ့ဗုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း DPLA ထုတ်ပြန် (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကျေးရွာအတွင်း အကြမ်းဖက်စစ် ကောင်စီက အဆိပ်ငွေ့ဗုံး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

Southern Eagle PDF တပ်ရင်း၏ အခြေခံစစ်ပညာ စွန်မင်းအပတ်စဉ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အထူးတိုင်း စစ်ဌာန၊ အမှတ် (၃၆) နည်းဗျူဟာ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းကုဒ် - ၉၉၀၉ (Southern Eagle PDF) တပ်ရင်းရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် (၇/၂၀၂၅) စွန်မင်းအပတ်စဉ် သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လက်နက်ခဲယမ်းပို့ရန် ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး‌ သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အမတ ၃၀၂ တပ်ရင်းဆီ လက်နက်ခဲယမ်းပို့ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို အောက်တိုဘာ ၃ ရက်က Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းထံက သိရပါတယ်။
Read More

ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်တပ်စခန်းကုန်းနှင့် ဂိတ်စခန်းကို စီးနင်းသိမ်းပိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကုန်းနဲ့ ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို 1008 - SSRY Eagle Force က ထုတ်ပြန်လိုက်ပါတယ်။