စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာမှာ စစ်ဘေးရှောင်တွေ နေထိုင်ရာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) ထံက သိရပါတယ်။

ဇူလိုင်လ ၁၀ ရက် ည ၁၁နာရီကျော်လောက်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ စစ်တပ်လေယာဥ်ဟာ လင်းတလူးကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၂ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူလည်း အယောက် ၃၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်နေတဲ့ကာလမှာ အဲဒီဘုန်းကြီးကျောင်းတွေမှာ ဒေသခံပြည်သူလူထုတွေက စစ်ရှောင်ကြပါတယ်။ စစ်ရှောင်တဲ့ ဘုန်းကြီးကျောင်းပေါ်ကို ရည်ရွယ်ချက်ရှိရှိကြဲသွားတာပါ။ သေဆုံးသူ ၂၂ ဦးအထက်ရှိနိုင်တယ်” လို့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်က မောင်းကို ပြောပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဘုန်းကြီးကျောင်းတဝိုက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာ တစ်လနီးပါး ရှိပြီဖြစ်တဲ့အတွက် အနီးနားကျေးရွာတွေက ပြည်သူတွေဟာ အဆိုပါ ဘုန်းကြီးကျောင်းမှာ သွားရောက်ရှောင်တိမ်းနေကြတာ ဖြစ်ပါတယ်။

“စစ်ကိုင်း – ရွှေဘို – မုံရွာ ကားလမ်းမကြီးနားမှာ တိုက်ပွဲဖြစ်နေတာပေါ့နော်။ ကျော်ဇေယျာကျေးရွာအကျော် အဲ့ဘက်ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ Local အဖွဲ့အစည်းတွေ၊ ပကဖ တွေနဲ့ စကစနဲ့ တိုက်ပွဲဖြစ်နေတာ ၁ လနီးပါးရှိပြီ။ တိုက်ပွဲဖြစ်နေတဲ့ကာလမှာ အဲဒီဘုန်းကြီးကျောင်းတွေမှာ ပြည်သူတွေက စစ်ရှောင်ကြတာ” လို့ အထက်ပါ တပ်ဖွဲ့ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်က ဆက်ပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဟာ ၈၀ ရာခိုင်နှုန်းနီးပါး လုံးဝပျက်စီးသွားပြီး ဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေကတော့ တခြားကျေးရွာတွေနဲ့ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ထပ်မံရှောင်တိမ်းနေကြရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ပြည်သူ ၁၄ယောက် သေဆုံးခဲ့ရသလို နေအိမ် ၂၉လုံး၊ စာသင်ကျောင်း ၄ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၂လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဘုတလင်မှာ မဝင်းမော်ဦး ကျဆုံးခြင်း (၃၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဓာတ်ပုံပြပွဲနဲ့ ဆွေးနွေးပွဲပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တကသများ-ရန်ကုန် ) နဲ့ ကျောင်းသားလက်ရုံးတပ်တော်က မဝင်းမော်ဦး ကျဆုံးခြင်း (၃၆) နှစ်ပြည့်အဖြစ် ၈ လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်သမိုင်းကြောင်း ဓာတ်ပုံပြပွဲနဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ဒုတပ်ကြပ်တစ်ဦး KPLA ထံ လက်နက်နဲ့ အလင်းဝင်

မန္တလေးတိုင်း၊ မိတ္ထိလာမြို့နယ်၊ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၁ ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း ရထပ (၁) က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ကလလတ တပ်ရင်း ၉၄၂၅ (KPLA -B 9425) က ထုတ်ပြန်ထားပါတယ်။
Read More

ပုသိမ်ကြီးတွင် ရပ်ကွက်အာဏာပိုင်များ ရုံးခန်းအတွင်းထိ ဝင်ရောက်တိုက်ခိုက်ခံရ၊ မိတ္ထီလာတွင်လည်း အုပ်ချုပ်ရေးမှူးဖြစ်တာ ၂ရက်သာ ရှိသေးသူ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီး နဲ့ မိတ္ထီလာမြို့နယ်တို့မှာ စစ်ကောင်စီခန့် ရပ်ကွက်အာဏာပိုင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်းသိရပါတယ်။
Read More

ပုလဲမြို့က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁ယောက်ကို ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့ (CDF) ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ လဝကရုံးကနေ ကိုယ်လွတ်ရုန်းထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့(CDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပြည်တွင်းရွှေစျေး အတက်ကြမ်းနေ၊ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၆၈ သိန်းအထိ မြင့်တက်လာ

ရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေး အတက်ကြမ်းလာပြီး ရွှေတစ်ကျပ်သားကို ကျပ်နှစ်သိန်းလောက် မြင့်တက်လာ တယ်လို့ ပြည်တွင်းရွှေစျေးကွက်ထံက သိရပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန PDF တပ်ရင်း (၈၀၈) မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် (၈၀၈) က မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။