စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ အယောက် ၃၀ ခန့် သေဆုံးခဲ့တယ်လို့ ကနဦး သိရပါတယ်။

ဇူလိုင်လ ၁၁ ရက် ဒီနေ့ မနက် ၁ နာရီခန့် အများပြည်သူ အိပ်မောကျနေချိန် လင်းတလူးကျေးရွာရှိ စစ်ဘေးရှောင်တွေရှိရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် စစ်ဘေးရှောင်ကလေး လူကြီး စုစုပေါင်းအယောက် ၃၀ ခန့်သေဆုံးပြီး နောက်ထပ် သေဆုံးဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်လို့ သိရပါတယ်။

Source – On Ground

0 Shares:
You May Also Like
Read More

မွန်ဒေသမှာ တပြည်နယ်လုံး အတိုင်းအတာနှင့် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ကော်မရှင် ထုတ်ပြန်

အာဏာသိမ်း စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပထမအကြိမ် ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပြီး မွန်ပြည်နယ်မှာ တပြည်နယ်လုံး အတိုင်းအတာနဲ့ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁) ဦးအပါ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ အုန်းကိုင်းရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၁) ယောက် အပါအဝင် အရပ်သားပြည်သူ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းဆင်း စစ်သား ၁ ဦး မော်လမြိုင် ရှေ့တန်း ပို့ဆောင်ခံရချိန် လက်ပစ်ဗုံး ၂ လုံးနှင့်အတူ ထွက်ပြေးအလင်းဝင်လာ…

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရှေ့တန်းကို ပို့ဆောင်ခံရချိန် စစ်မှုထမ်းဆင်း စစ်သား ၁ ယောက် လက်ပစ်ဗုံး ၂ လုံးနဲ့အတူ ထွက်ပြေးအလင်းဝင်လာတယ်လို့ People Defence Force - Chauk - သခင်ဖိုးလှကြီးတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဆီမီးခုံမြို့ပေါ် ညကင်းလှည့်နေသည့် စစ်အုပ်စု အနီးကပ်ပစ်ခံရပြီး ဗိုလ်အပါ ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့ပေါ်မှာ ညဘက်ကင်းလှည့်နေတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီ ဗိုလ် ၁ယောက်နဲ့ အကြမ်းဖက် ပျူစောထီး ၂ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ကို ၁၀ ယောက် သေပြီး ၁၅ ယောက် ဒဏ်ရာရ..

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ်မှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

မင်္ဂလာဒုံတွင် ပွဲစားဆိုသူက ကျောင်းသား ၂ ဦး၊ အမျိုးသား ၁ ဦးကို အလုပ်ရမယ်ဆိုကာ စစ်တပ်ထဲရောင်းစား

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ကျောင်းသားတွေအပါအဝင် လူငယ်အမျိုးသား ၃ယောက်ကို ပွဲစားဆိုသူက အလုပ်ရမယ်ဆိုပြီး အကြမ်းဖက်စစ်တပ်ထံ လိမ်လည်ရောင်းစားခဲ့ကြောင်း Rangoon Scout Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။