စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်အထိုင်စခန်းတွေဖြစ်တဲ့ ဟင်္သာကြီးပျူရွာ၊ ဘိုးနတ်တောင်စခန်းကုန်း၊ တောင်လှဗျူဟာစခန်းကုန်းနဲ့ ဘိုးထွန်းကျော် ဗျူဟာစခန်းကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အမှတ် – ၉၇၀၆ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၄ ရက်က တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့ ဟင်္သာ ကြီးပျူစခန်းကုန်းနဲ့ ဘိုးနတ်တောင်ဗျူဟာစခန်းကုန်းတွေကို တပြိုင်နက်တည်း ထိုးစစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲမှုတွေကြားကနေ ဟင်္သာကြီးပျူစခန်းကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပျူစခန်းကုန်းရှိ ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွင်မောင်ကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး သူ့ရဲ့ တပ်ဖွဲ့ဟာ မခေါက်ရွာကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် ခမရ ၁၂ ဦးဆောင်တဲ့ ဘိုးနတ်တောင်ဗျူဟာကုန်းကို အဲဒီနေ့ ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းထိုင်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ G1 နဲ့အဖွဲ့ဟာ တောင်လှဗျူဟာကုန်းကို ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ တောင်လှဗျူဟာကုန်းကို ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၅ ရက် မနက်အစောပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၇ ရက် ညနေပိုင်းမှာ ဘိုးထွန်းကျော်ဗျူဟာစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စခန်းသိမ်းတိုက်ပွဲတွေအတွင်း ခမရ ၁၂ ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲတွေကို ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၁၇၀၁၊ ၉၇၀၆ တပ်ရင်းတွေနဲ့ Brave Brothers (Local PDF)၊ တိုက်နယ်(၄) ရွှေဘိုကျားကြီး(ပကဖ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

Video-အမှတ် – ၉၇၀၆ တပ်ရင်း

0 Shares:
You May Also Like
Read More

ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Dragon Urban Guerrilla အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့ပေါ် ခြေကုပ်ယူထားသည့် စစ်တပ်ဂိတ်များကို တပြိုင်နက် ဝင်‌ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့ပေါ်မှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်တွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းထံက သိရပါတယ်။
Read More

TRI ဗျူဟာ၏ အပတ်စဉ် (၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့ပေါ်တွင် စစ်ကော်မရှင်တပ် တပ်စွဲထားရာနေရာများကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားနေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နည်းဗျူဟာ ၃၃ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ် – ၉/၂၀၂၅”

“လက်ရှိမှာ မြန်မာပြည်သူလူထုအပေါ် မအလနဲ့စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတာကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့အရေးကြီးပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှုထား မယ်ဆိုရင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတည်ငြိမ်မှု တည်ဆောက်တဲ့လုပ်ငန်းစဥ်ကို ထိရောက်စွာကူညီပေးနိုင်မှာ မဟုတ်ပါဘူး ဆိုတာပြောကြားချင်ပါတယ်။ မြန်မာ့အကျပ်အတည်းပြေလည်ဖို့အတွက် အကြမ်းဖက် စစ်အုပ်စုဟာ အဖြေမဟုတ်ဘူးဆိုတာ သိသာထင်ရှားနေပါတယ်”