ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် သေဆုံးပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၁ ရက် ဒီနေ့ မနက်အစောပိုင်း အများပြည်သူ အိပ်မောကျနေချိန်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ကော်လီဟိုတယ်၊ မြို့မရဲစခန်းနဲ့ ခရိုင်ရဲရုံးဘက်တို့မှာ ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၁) ယောက် သေဆုံးပြီး အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၄) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၄)အိမ် ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဒါ့အပြင် မနေ့လည်း မိုးကုတ်မြို့၊ ပန်မထိပ်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် ကလေးငယ် (၂) ယောက် သေဆုံးခဲ့ပြီး ကလေးငယ် (၂) ယောက်၊ အမျိုးသား (၂) ယောက်နဲ့ အမျိုးသမီး (၄) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၇) လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ (၂)ပတ်အတွင်း လေကြောင်းကနေ တိုက္ပြဲမျဖစ္ပြားရာ နေရာတွေဖြစ်တဲ့ ကျောက်မဲမြို့ကို (၄)ကြိမ်၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို (၁)ကြိမ်၊ မိုးကုတ်မြို့ကို (၁)ကြိမ်နဲ့ သီပေါမြို့ကို (၁)ကြိမ် စုစုပေါင်း (၇)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်အပါအဝင် ပြည်သူ (၆) ယောက် သေဆုံးခဲ့ပြီး ကလေးငယ် (၂) ယောက်နဲ့ ပြည်သူ (၂၈) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အလုံး (၅၀)၊ စာသင်ကျောင်း(၁)ကျောင်းနဲ့ ဘုန်းကြီးကျောင်း (၄)ကျောင်းတို့ ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

TNLA စိုးမိုးနယ်မြေများမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၃) ဦး သေဆုံး၊ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၄) ဦး ထိခိုက် ဒဏ်ရာရ

တအာင်းတပ်မတော် (TNLA) စိုးမိုးနယ်မြေတွေမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ (၃) ယောက် သေဆုံးပြီး ဒေသခံ (၅) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းနှင့်ချောက်တွင် ရက်ပိုင်းအတွင်း လူငယ်လူလတ်ပိုင်း အမျိုးသား ၂၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရ

ကွေးတိုင်း၊ စလင်းနဲ့ ချောက်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာရာ ရက်ပိုင်းအတွင်း အမျိုးသားလူငယ် အယောက် ၂၀ ကျော်အထိ ဖမ်းဆီးခံထားရကြောင်း ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ ရွာငံမှာ စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေ၊ နွားဘန်းကြီးရွာကို ဝင်စီးပြီး အမျိုးသမီး ၂ ယောက်ကို အကြောင်းမဲ့ဖမ်းဆီးသွား

ရှမ်းတောင်၊ ဓနုဒေသ ၊ ရွာငံမြို့မှာ မြို့အဝင်စစ်ဆေးရေးဂိတ်အပါအဝင် မြို့ထဲတပ်စွဲထားတဲ့ စစ်အုပ်စုတွေပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက ကျေးရွာတွေကို ဝင်ရောက်စီးနင်းရင်း အမျိုးသမီး၂ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ငလျင် အကူအညီများ NUG ၊ ERO နှင့် ဒေသခံအဖွဲ့တွေဆီ တိုက်ရိုက်ပေးအပ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော် တောင်းဆို

ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနစ်နာခဲ့တဲ့ ပြည်သူတွေထံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရမှာ စစ်ကောင်စီက နိုင်ငံရေးနဲ့ စစ်ရေးအရ အမြတ်မထုတ်နိုင်အောင် သေချာစွာ လုပ်ဆောင်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ကောလင်းနှင့် ဝန်းသိုတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် ၆ လုံး ပျက်စီး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နဲ့ ဝန်းသိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၁ - Kawlin People Defence Force က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ တိုက်ပွဲဝင်အလံနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ပြောက်ကျားလူထုသပိတ် ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ ရန်ကုန်မှာ တိုက်ပွဲဝင်အလံတွေနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆန္ဒပြတဲ့ ပြောက်ကျားလူထုသပိတ်ကို ဒီနေ့ ညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။