စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဇွန်လအတွင်း တိုက်ပွဲဖြစ်ပွားကာ စစ်သားအများအပြားသေဆုံးပြီး တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးခဲ့ရတယ်လို့ ရတနာပုံတပ်ဦးက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၁ ရက်က မင်းကွန်းအထိုင်စခန်းနဲ့ တပ်မ ၃၃ က အင်အား ၁၅၀ ခန့်ဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကင်းရွာနဲ့ ချောင်းမကြီးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးတပ်တွေဘက်က ရွာ ၂ ရွာကို လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ 

ကျေးရွာ ၂ ရွာ ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေက ဇွန်လ ၁၂ ရက်မှာ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ရာ ဇွန်လ ၂၈ ရက်မှာ စိုးမိုးနယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ တပ်ပျက်တဲ့အထိ ကစဉ့်ကလျား တပ်ဆုတ်ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေဟာ ဇွန်လတစ်လလုံးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Peacock Soldier Column (ဒေါင်းစစ်သည်) နှင့် မဟာမိတ်အင်အားစု၊ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့၊ Acid LDF ၊ ဇုန် ၅ ပ.က.ဖ၊ People Servant Force(PSF)၊ ချမ်းမြသာစည်မြို့နယ် ပ.က.ဖ၊ မတ္တရာမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးတပ်ခွဲ (၁)၊ Generation Z Power(GZP)၊ နယ်မြေခံရပ်ကျေး ပ.က.ဖ တွေနဲ့ ရတနာပုံတပ်ဦးတို့က ပါဝင်တိုက်ခိုက်ခဲ့ကြပြီး တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Video – ရတနာပုံတပ်ဦး

0 Shares:
You May Also Like
Read More

စလင်းမြို့နယ်အတွင်း စစ်ကြောင်း ၃ ကြောင်းခွဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်မှု ၂ ယောက်သေ၊ ၁၁ ယောက် ဒဏ်ရာရရှိကာ PDF ၁ ယောက် ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ်အတွင်းရှိ အမှတ် ၁ စစ်ဒေသ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း စစ်ရေး လှုပ်ရှားမှုနယ်မြေအတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ခုခံတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ယောက် သေပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ ရိက္ခာထွက်ရှာသည့် အကြမ်းဖက်စစ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှာ ဒီဇင်ဘာ ၆ ရက် နေ့လည်ပိုင်းက ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက ကင်းပုန်းဝပ်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ချောင်းမတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ဆေးကြောင်နေသည့် စစ်သားများ ပါဝင်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထဲမှာ ဆေးကြောင်နေတဲ့ စစ်သားတွေပါဝင်လာပြီး အဆိုပါ သုံ့ပန်းတွေကို တော်လှန်ရေးရဲဘော်တွေ ဆေးကုသပေးနေတဲ့ ရုပ်သံဖိုင်တွေကို BLDF ရဲဘော်တွေက လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

နတ်မောက်-စိုင်းကောင်းလမ်းပိုင်းတွင် ကင်းပုန်းလာဝပ်သည့် အကြမ်းဖက်စစ်သားများကို လိုက်လံတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နတ်မောက်-စိုင်းကောင်းလမ်းပိုင်းမှာ ကင်းပုန်းလာဝပ်တဲ့ အကြမ်းဖက်စစ်သားတွေကို လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကချင်ပြည်နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင်က လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများအတွက် လေကြောင်းကနေ ချပေးတဲ့ ရိက္ခာထုတ်ထဲမှာ စပါးခွံနဲ့ သဲများသာ ပါဝင် (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများအတွက် လေကြောင်းကနေ ချပေးတဲ့ ရိက္ခာထုတ်ကို တော်လှန်ရေးရဲဘော်များက သိမ်းဆည်းရရှိပြီး ကြည့်ရှုစစ်ဆေးနေတဲ့ ရုပ်သံဖိုင်တစ်ခု Chin Defence Force - Mindatမှ ထုတ်ပြန်ထားပါတယ်။