မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့အရှေ့ဘက် မြိုင်-ပခုက္ကူလမ်းပိုင်းက စီမံကိန်းရုံး ခေါ် အကြမ်းဖက်မြို့စောင့်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့အပြီး၊ စစ်ကောင်စီတပ်သား နဲ့  ရဲ ၁၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၉ ရက်နေ့ မနက်အစောပိုင်းကစလို့ မြိုင်နဲ့ ပခုက္ကူအခြေစိုက် တော်လှန်ရေးတပ်တွေက အထက်ပါ မြို့စောင့်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရတာပါ။

ညပိုင်းမှာတော့ စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို၊ စစ်သားနဲ့ ရဲ ၁၂ယောက်ကို သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ရှိသူက ပြောပါတယ်။ င်းတို့အနက် ထိခိုက်ဒဏ်ရာပြင်းထန်သူ ၁ယောက်ကို လူသားချင်းစာနာမှုအရ ဆေးကုသပေးနေကြောင်းလည်း ၎င်းက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေအချိန်အတွင်း စစ်ကူပေးဖို့ ကြိုးစားတဲ့ မြိုင်မြို့မရဲစခန်းက စစ်အုပ်စုဝင်တွေကိုလည်း နေရာကောင်းရယူကာ မနက်၊ နေ့လယ်၊ ည ၃ ကြိမ်စလုံး ဖြတ်တောက် တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီနေ့ညနေပိုင်းမှာတော့ စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိရာကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့  သိရပါတယ်။

“မြိုင်မြို့မရဲစခန်းကနေ တပ်ကူလာကြတာ၊ သူတို့ထွက်လာလိုက် ကျနော်တို့က ပစ်လိုက်ဆိုတော့ ကျနော်တို့စခန်းသိမ်းနိုင်တဲ့ထိ သူတို့စစ်ကူမလာနိုင်ခဲ့ပါဘူး။ လေကြောင်းပစ်ကူပဲ လာခဲ့ပါတယ်” လို့ နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ -မြိုင်တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ရဲအုပ် သောင်းထွေးစိုး၊ ရဲအရာခံ ထွန်းမင်းဇော်၊ ရဲတက ဇော်ဝင်းနိုင်၊ ရဲဒုတက တင်မျိုးထွန်း၊ ရဲတပ်သား ဇော်နိုင်၊ ရဲတပ်သား ရဲရင့်အောင်၊ ရဲတပ်သား သန်းတိုးအောင်၊ ရဲဒုတက မင်းမင်းထွန်း၊ ရဲတပ်သား မင်းမင်းဇော်၊  ရဲဒုတက သက်ကိုကို၊ တက ဦးထွန်း၊ တပ်သား မျိုးနိုင်ဝင်းတို့ကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိခဲ့တာပါ။

ဒါ့အပြင် G3 သေနတ် ၁၀ လက်၊ MA3 သေနတ် ၁ လက်၊ MA4 သေနတ် ၁ လက်၊ 79 သေနတ် ၁ လက်၊ G3 ဘောက် ၁၅ ဘောက်၊ MA ဘောက် ၂ ဘောက်၊ G3 ကျည် ၁၃၆ တောင့်၊ ၅.၅၆ ကျည် ၃၇ တောင့်၊ လက်ပစ်‌ဗုံး ၉ လုံး၊ 79 အဖူး ၆ ဖူး၊ ဦးထုပ် ၅ လုံး၊ ဖုန်း ၃ လုံး၊ အီကွစ်မန့် ၇ ခု၊ ငွေသား ၂၂ သိန်း တို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဂိတ်စခန်းတိုက်ခိုက်မှုကို မြိုင်ပကဖ၊ မြိုင်ညီညွတ်ရေးတပ်ပေါင်းစု (9+) နဲ့အတူ ဇာမဏီပြောက်ကြားတပ်ဖွဲ့၊ ညီနောင်သုံးဖော် (YSO) ၊ တပ်ပေါင်းစု (Good Brother) ၊ အညာဟီးရိုး လက်နက်ကြီးအဖွဲ့၊ ဂျော်ကာပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ ကင်ဒို (ဒရုန်း) ပေါက်၊ အညာမြေပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ Burma Revolution Ranger (BRR)၊ NFTA၊ Scorpion People Denfece Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁ယောက်ကျဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာပြင်းထန်သူ ၄ယောက်ရှိခဲ့ကြောင်း သိရပါတယ်။

“အဲ့ဂိတ်က မြိုင်မြို့အရှေ့ဘက်အထွက် မြိုင်- ပခုက္ကူလမ်းပိုင်းမှာရှိတာ။ ပြည်သူတွေ အသုံးပြုတာနည်းတယ်။ ထန်းဘူးတောရွာနဲ့လည်း နီးပါတယ်။ ထန်းဘူးတောဂိတ်လို့ ခေါ်ကြတယ်။ ပုသိမ်-မုံရွာဂိတ်လို့လည်းခေါ်တယ်။ လွန်ခဲ့တဲ့ ၂လ ကျော်လောက်ကလည်း အဲ့ဂိတ်ကို တိုက်သေးတယ်။ အခုလောက်စုဖွဲ့မှု မလုပ်နိုင်လို့ ဆုတ်ခဲ့ရတယ်။ အခုတော့ သေသေချာချာလုပ်နိုင်ခဲ့တော့ အောင်မြင်မှုရခဲ့ပါတယ်”

“ဒါက ပခုက္ကူဘက်ကနေ  မြိုင်ကိုဝင်မယ့် တစ်ပေါက်ကို စကစလက်လွှတ်လိုက်ရတဲ့ သဘောပါပဲ။ မြို့စောင့်ဂိတ်ဆိုတော့ စကစအတွက်ဆုံးရှုံးမှုများတယ်ပေါ့။ ကျနော်တို့ PDF တွေလည်း မြို့ကို ၃ပုံ ၁ပုံ ကျော်လောက်စီးနင်းပြီးသား ဖြစ်သွားတယ်။ အဲ့အတွက် ဂျက်ဖိုက်တာနဲ့ ဆက်တိုက်ကြဲနေတယ်ပေါ့” လို့  မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလ၂၇ရက်နေ့ကစပြီး ပခုက္ကူတပ်မ ၁၀၁ ကနေ ပေါက်မြို့နယ်အထိ ထွက်ခွာလာတဲ့ စစ်အင်အား ၁၀၀၀ကျော်နဲ့ ကားအစီး  ၁၄၀ကျော်ပါ အကြမ်းဖက်စစ်ကြောင်း ၂ခုဟာလည်း ကမ္မ-ပေါက်လမ်းပိုင်း၊ တက်မတောင်ဝန်းကျင်မှာ ရှေ့ဆက်မတိုးနိုင်ပဲ ရပ်တန့်နေတယ်လို့ သိရပါတယ်။

ဒီကားတွေ ရှေ့ဆက်မတိုးနိုင်အောင် တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားတာကြောင့် ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သားများ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၉ရက်နေ့ ညပိုင်းကလည်း  မြိုင်မြို့နယ်အနောက်ဘက် သနပ်ရင်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင်၅၀၀ ဗုံး၁လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၁ယောက်နဲ့ လသားအရွယ် ကလေးငယ် ၁ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ယောက်ရှိခဲ့တယ်လို့ မြိုင်ပကဖက ထုတ်ပြန်ထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ကနီမြို့နယ် NUG ပညာရေးတာဝန်ခံ မိသားစု မတရားသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေးနဲ့ မိသားစု မတရားသတ်ဖြတ်ခံရမှု နှစ်လပြည့်အဖြစ် အမှုမှန်ပေါက်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
Read More

ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေး ပိုမိုထိရောက် အားကောင်းစေဖို့ MLA နဲ့ အလုံးစုံ ပူးပေါင်းလိုက်တဲ့ MSRO

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) ဟာ သူတို့ရဲ့ တပ်ဖွဲ့ကို ဖျက်သိမ်းပြီး မွန်ပြည်လွတ်မြောက်ရေးတပ် (MLA) နဲ့ ပူးပေါင်းကာ တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်လာပါတယ်။ 
Read More

နိုင်ငံတစ်ဝန်း မတ်လ ဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်က ၂၈ ဦး အလင်းဝင်၊ စစ်သုံ့ပန်းအဖြစ် ၄၈ ဦး ဖမ်းဆီးရမိ…

နိုင်ငံတစ်ဝန်း မတ်လဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၂၈ ယောက် အလင်းဝင်လာပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နန်းစောင်းပုရွာသစ်တွင် စစ်ကော်မရှင်အဖွဲ့ဝင်နှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါ (၇) ဦး ဖမ်းဆီးရမိဟု PDF အမှတ် ၁ စစ်ဒေသ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်ကို ထိုးစစ်စင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း (၇) ယောက် ဖမ်းဆီးရမိပြီး အလောင်း (၄) လောင်းနဲ့ လက်နက် (၅) လက် သိမ်းဆည်းရမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များကို ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဥပဒေရုံးမှ စစ်သည်တော်ကျင့်ဝတ်နှင့် စစ်ဘက်ဆိုင်ရာဥပဒေသင်တန်း ပို့ချ

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ”စစ်သည်တော်ကျင့်ဝတ်နှင့်စစ်ဘက်ဆိုင်ရာဥပဒေသင်တန်း”ကို စက်တင်ဘာလ ၁ ရက်‌နေ့ကနေ ၃ ရက်နေ့အထိ ၃ ရက်ကြာ Online System နဲ့ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။