ပဲခူတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ကေတုမတီလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လေတပ်အရာရှိ ၅ ယောက်အပါအဝင် ၁၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး အရာရှိ ၈ ယောက်အပါအဝင် အယောက် ၂၀ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၈ ရက်က BWM ရဲ့ ဦးဆောင်မှုနဲ့ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ဟာ KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နဲ့ ပူးပေါင်းပြီး BWM Mission 42 အဖြစ် ရှော့တိုက်ဒုံး ၁၂ လုံးပစ်ခတ်ရာ ၁၁ လုံးကို အောင်မြင်စွာ ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

“အခုတစ်ခေါက်က ကျနော်တို့ ၂ကြိမ် ပြန်ပစ်ရတာ အတော်ခက်ခဲပါတယ်။ ဒုတိယအကြိမ် ပြန်ပစ်ရတဲ့အချိန်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်နေတဲ့ကြားက ဝင်ပစ်ရတာ အတော်အန္တရာယ်များပါတယ်။ ဒါပေမယ့် ရဲဘော်တွေ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ BWM အဖွဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။  

အဆိုပါတိုက်ခိုက်မှုအတွင်း လေတပ်အရာရှိ ၅ ယောက်နဲ့ အခြားအဆင့်စစ်သည် ၆ ယောက် ပွဲချင်းပြီးသေဆုံးပြီး လေတပ်အရာရှိ ၈ ယောက်နဲ့ အခြားအဆင့်စစ်သည် ၁၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေ များပြားတဲ့အတွက် တပ်တွင်း မဆရ တွဲဖက်ဆေးခန်းမှာ လူနာ အပြည့်ဖြစ်သွားတာကြောင့် တောင်ငူဆေးရုံကြီးဆီကိုပါ အရေးပေါ် အရပ်ကားတွေနဲ့ ပို့ဆောင်နေတယ်လို့ ကနဦးစုံစမ်းသိရှိရကြောင်း BWM က ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် ကေတုမတီလေတပ်က အရာရှိနားနေဧည့်ဆောင်ခန်းမ ပြိုကျပျက်စီးပြီး ပရိဘောဂပစ္စည်းတွေ မီးလောင်သွားကာ လေယာဥ်ပြေးလမ်း ပျက်စီးမှုရှိခဲ့သလို အုပ်ချုပ်မှူးရုံးနဲ့ ဆက်သွယ်ရေးစက်ပစ္စည်းတွေ ထားရှိရာ အဆောက်အဦး ပြိုကျပျက်စီးသွားပြီး အမှတ် (၂) ဆီဂိုဒေါင် မီးလောင်ပျက်စီးခဲ့တယ်လို့ BWM က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စင်း နောက်မြီးပိုင်း ထိခိုက်ပျက်စီးသွားပြီး စစ်ထောက်ပို့ယာဥ် Y-8 ၁ စင်း  ညာဘက်ခြမ်း ပန်ကာနဲ့ ဆီတိုင်ကီ မီးလောင်ပျက်စီးခဲ့တယ်လို့ BWM က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်ပြည်နယ်တွင် ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် ပြည်သူ (၁၆) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

ရခိုင်ပြည်နယ်မှာ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၆) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ရာ ထိခိုက်မှုတွေ ရှိတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

CDM ကျောင်းဆရာမ ဒေါ်အေးသီအောင်နှင့် ခင်ပွန်းကို သတ်ခဲ့သည့် တရားခံ ၄ ဦးဟာ ပြည်သူ့စစ် တပ်သားဟောင်းများ ဖြစ်

တနင်္သာရီတိုင်း၊ ပုလဲမြို့မှာ နေထိုင်တဲ့ CDM ကျောင်းဆရာမ ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူကို သတ်ခဲ့တဲ့ တရားခံ ၄ယောက်ဟာ ပြည်သူ့စစ် တပ်သားဟောင်းတွေဖြစ်တယ်လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
Read More

ရခိုင်ပြည်နယ် အပို့ခံထားရတဲ့ ဧရာဝတီတိုင်းက စစ်တပ်တွေ အသေအပျောက် များနေပြီး စစ်မှုထမ်းဥပဒေအရ သင်တန်းတက်ရောက်နေသူတွေ စစ်ကောင်စီ ပို့ပေးနေ…

ရခိုင်ပြည်နယ်၊ အမ်း၊ ဂွ၊ တောင်ကုတ်နဲ့ မောင်းတောမြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ဧရာဝတီတိုင်း အခြေစိုက်တဲ့ တပ်ရင်းတွေ အပို့ခံထားရပြီး တိုက်ပွဲအတွင်းသေဆုံးတာ၊ ထွက်ပြေးတာနဲ့ အရှင်ဖမ်းဆီးခံရမှုတွေကြောင့် ဧရာဝတီတိုင်းထဲက စစ်မှုထမ်းဥပဒေနဲ့ စစ်သင်တန်းတတ်ရောက်နေတဲ့ စစ်သားသစ်တွေ ထပ်မံပို့ဆောင်ပေးနေရတယ်လို့ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ထပ်မံဗုံးကြဲလို့ အမျိုးသား တစ်ဦး ဒဏ်ရာရ တစ်လနီးပါးအတွင်း သီပေါမြို့နယ်ကို စစ်ကောင်စီ ၆ ကြိမ် ဗုံးကြဲခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က ဒီနေ့ ညနေပိုင်းမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးပြီး အမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်ထဲ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်ပြီး စစ်သား ၂ဦးသေ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က စစ်သား ၂ယောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက် ညနေ ၄ နာရီဝန်းကျင်အချိန်မှာ အင်အား ၁၀၀ခန့်ရှိ စစ်တပ်စစ်ကြောင်းဟာ ကလိုင်ပဒေါကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး RMA ဒေသလှုပ်ရှားတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။