တကသကျောင်းသားဟောင်းများ အင်အားစုရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေနဲ့ ကိုရှိန်းဝေအောင် (အလုပ်အမှုဆောင်ဟောင်း၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ) တို့ကို စစ်ကောင်စီကနေ ထောင်ဒဏ် နှစ်(၂၀) အထိ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရတယ်လို့ တကသကျောင်းသားဟောင်းများ အင်အားစုက သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီဟာ ကိုပိုင်ဖြိုးမင်းနဲ့ ကိုရှိန်းဝေအောင်တို့ ၂ယောက်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှာ ဧည့်စာရင်းအကြောင်းပြကာ ဝင်ရောက်ရှာဖွေရင်း တစ်နေရာတည်းမှာပဲ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခါစတုန်းကတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုတဲ့ ၅၀၅(က) နဲ့ တရားစွဲဆိုပြီး ၃ နှစ် အမိန့်ချခဲ့ပြီးနောက် အကြမ်းဖက်ဥပဒေဖြစ်တဲ့ ၅၂(က)၊ ၅၀(ည) စတဲ့ ပုဒ်မတွေနဲ့ ထပ်မံတရားစွဲဆိုကာ ၅၂(က) အတွက် ၇ နှစ်၊ ၅၀(ည)အတွက်က ၁၀ နှစ် အမိန့်ချမှတ်ခဲ့တာကြောင့် စုစုပေါင်း အနှစ် (၂၀) စီ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

“အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲဆိုခံရတဲ့ အခြေအနေကတော့ အကြမ်းဖက်အဖွဲ့အစည်းတွေလို့ သူတို့သတ်မှတ်ထားတဲ့ သပိတ်အဖွဲ့တွေမှာ ဦးဆောင်ပါဝင်တာ၊ လူထုကို လှုံ့ဆော်တာနဲ့ အကြမ်းဖက်လို့ သူတို့ဘာသာ သတ်မှတ်ထားတဲ့သူတွေနဲ့ ပတ်သက်ဆက်နွယ်နေပါတယ်ဆိုပြီး အမှုတပ်တရားစွဲဆိုတာ ဖြစ်ပါတယ်” လို့ တကသကျောင်းသားဟောင်းများအင်အားစု တာဝန်ရှိသူတစ်ယောက်က‌ မောင်းကို ပြောပါတယ်။

အခုလို ထောင်ဒဏ် နှစ်ရှည် ချမှတ်ခံလိုက်ရတဲ့ အခြေအနေနဲ့ ပက်သက်လို့ တကသကျောင်းသားဟောင်းများ အင်အားစုအနေနဲ့ကတော့ စစ်အုပ်စုရဲ့ ဥပဒေတွေကို လိုသလို ဆွဲယူပြီး ရက်ရက်စက်စက် ဖိနှိပ်ပြကာ လူထုကို အကြောက်တရားနဲ့ အုပ်ချုပ်နိုင်ဖို့ ရည်ရွယ်နေပေမယ့် စစ်တပ်ရဲ့ ကြိုးပမ်းမှု မအောင်မြင်ဘူးလို့ သူက ဆိုပါတယ်။

ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) ရဲ့ ဦးဆောင်သူတစ်ယောက်ဖြစ်ပြီး တက်ကြွလှုပ်ရှားသူ ကိုရှိန်းဝေအောင်ဟာလည်း ဒဂုံတက္ကသိုလ် ကျောင်းသားဟောင်း တစ်ယောက်ဖြစ်တဲ့အပြင် ကျောင်းသားအရေးနဲ့ လူငယ့်ရေးရာ လှုပ်ရှားမှုတွေနဲ့ ရန်ကုန်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့သူတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။

“ကျောင်းသား ပြည်သူတစ်ရပ်လုံးက တစ်ပွင့်ကြွေရင် နှစ်ပွင့်ဝေမယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ အာဏာသိမ်းစစ်ကောင်စီကို ရရာနည်းလမ်းတွေနဲ့ ဆက်ပြီး တော်လှန်နေတုန်းပါ။ မတရားသဖြင့် ဥပဒေမဲ့ ဖမ်းဆီးမှု‌တွေကြောင့် သူတို့ထိန်းချုပ်တဲ့နေရာတွေမှာ လှုပ်ရှားမှုတွေ ခေတ္တခဏ ငြိမ်သွားနိုင်ပေမယ့် လူထုက ခေါင်းငုံ့ခံနေကြတာတော့ မဟုတ်ပါဘူး။ တချိန်ကျရင် အပြင်းထန်ဆုံး လှိုင်းလုံးတွေနဲ့ စစ်အုပ်စုကို တိုက်စားသွားနိုင်မယ့် အချိန်အခါအတွက် အားမွေးနေကြတယ်လို့ ယုံကြည်ပါတယ်ခဗျာ” လို့ တကသကျောင်းသားဟောင်းများ အင်အားစု တာဝန်ရှိသူက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မိုင်းလုံမြို့နယ် မန်စန်းကျေးရွာတွင် စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်အပါ ၂ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းလုံမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ မန်စန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့စည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်ပမှာ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီအတွက် စစ်မှုထမ်းရသူ အရေအတွက် မြင့်တက်နေ

ပြည်ပမှာ တရားမဝင်လုပ်သားအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတချို့ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရစဉ် စစ်မှုထမ်းအဖြစ် မတရားစုဆောင်းခံရသူ ၁၆၀ ကျော်အထိ ရှိခဲ့ကြောင်း Spring Revolution DataBase (SRD) က ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 
Read More

၅.၅၆ ကျည်သုံး ရိုင်ဖယ်သေနတ်ကို MBT နှင့် RBDF တပ်ဖွဲ့တို့ ပူးပေါင်းထုတ်လုပ်နိုင်ခဲ့၊ တစ်လက်ကို ၃၅ သိန်းကျပ် ကျသင့်ပြီး ထောက်ပို့ပြည်သူများ ကူညီထောက်ပံ့နိုင် 

မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) နဲ့  ညီနောင်မဟာမိတ်ဖြစ်တဲ့ Royal Brother Defence Force (RBDF) တို့ ပူးပေါင်းပြီး ၅.၅၆ ကျည်သုံး ရိုင်ဖယ်သေနတ်ကို ထုတ်လုပ်နိုင်ခဲ့ပြီလို့ MBT တပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

ဂန့်ဂေါခရိုင် တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်နေ

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် အမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်းတွေအနေနဲ့ ဒေသအတွင်း တော်လှန်ရေး အင်အားစုတွေ ပိုမို ကျစ်လစ်အားကောင်းလာစေဖို့ ရည်ရွယ်ပြီး ဇူလိုင်လ ၂၄ ရက်က စတင်ကာ စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ Yaw Revolution Army - ထီးလင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ စွက်ဖက်မှုတွေအပေါ် ဆန့်ကျင်ကြောင်းလှုပ်ရှားမှု တရုတ်နှစ်သစ်ကူးနေ့မှာ ပြုလုပ်

မြန်မာ့နိုင်ငံရေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေအပေါ် ထောက်ခံကူညီနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကိုယ်စားပြုတဲ့ ဝက်ဝံရုပ်နဲ့အတူ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ရှုံ့ချတဲ့ လှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

TNLA ရဲတပ်ဖွဲ့ဝင်တွေ နမ့်ခမ်းမြို့မှာ ကင်းလှည့်နေတဲ့ပုံရိပ်တွေ ထုတ်ပြန်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ နမ့်ခမ်းမြိုနယ်ရဲတပ်ဖွဲဝင်တွေ ကင်းလှည့်စစ်ဆေးဆောင်ရွက်‌နေမှု မှတ်တမ်းဓာတ်ပုံတွေကို ဒီဇင်ဘာလ ၁၈ ရက် ဒီနေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။