ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေကို PDF တပ်ရင်းမှူး ထောက်ခံစာနဲ့အတူ သယ်ယူလာတဲ့ တော်လှန်ရေးရဲဘော် ၃ ယောက်အပါအဝင် ၅ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force – Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ (၈)ရက်က ယင်းမာပင်ခရိုင် PDF အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ ဖလမ်းမြို့နယ် ဗားရ်တံတားကို Hilux ကား၊ Forland ကားတို့နဲ့ သယ်ယူလာတဲ့ စိတ်ကြွဆေးပြား ၃သန်းခန့်၊ No. 4 ခေါ် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနက် (၂) လက်၊ mini starlink (၂)ခုတို့နဲ့အတူ တော်လှန်ရေး ရဲဘော်(၃) ယောက်၊ ယာဥ်မောင်း(၁) ယောက်နဲ့ စပယ်ယာ(၁) ယောက်တို့ကို ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မူးယစ်ဆေးဝါးတွေကို သယ်ယူပို့ဆောင်ရေးမှာ တာဝန်ခံဖြစ်တဲ့ မောင်ဇော်လတ် (အမည်ရင်း ဦးဝင်းမော်) နဲ့ ကိုပုတီး (အမည်ရင်း ဦးကျော်မင်းဇော်) တို့ကတော့ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ CDF-Hakha က ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေကိုတော့ ဇူလိုင်လ(၉)ရက် မနေ့က မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးထားသူတွေကိုလည်း တရား ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဟားခါးမြို့နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်းနဲ့ သယ်ယူပို့ဆောင်ခြင်းတွေကို ထပ်မံတွေ့ရှိရင် ထိရောက်စွာ အရေးယူသွားမှာဖြစ်သလို ပြည်သူတွေအနေနဲ့လည်း မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးလုပ်ငန်းစဥ်တွေမှာ ပူးပေါင်းပါဝင်ပေးဖို့ Chinland Defense Force – Hakha က တိုက်တွန်းထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မတ်လ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို အခမဲ့ ဖုန်းခေါ်ဆိုခွင့်ပြု 

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကို စစ်ကောင်စီ လေကြောင်းနဲ့ တိုက်ခိုက်၊ ဒေသခံပြည်သူ ၄၀ ထက်မနည်းသေဆုံးပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၄၀ ထက်မနည်း သေဆုံးပြီး ရွာလုံးကျွတ်နီးပါး နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ရာ ထိခိုက်မှုတွေ ရှိတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝေဟင်မှ ဗုံးကြဲကာ ပြည်သူ ၅၀၀၀ နီးပါးကို သတ်ဖြတ်ထားသည့် မင်းအောင်လှိုင်က လေကြောင်းတိုက်ခိုက်မှု နိုင်ငံအနှံ့ လုပ်ဆောင်နိုင်နေပြီဟု ဂုဏ်ယူစွာ ပြောဆို

လေကြောင်းတိုက်ခိုက်ရေးကို မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံး ဖြန့်ကျက်ကာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်နေပြီလို့ လေကြောင်းတိုက်ခိုက်ကာ ပြည်သူ ၅၀၀၀ နီးပါးကို သတ်ဖြတ်ထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
Read More

ချီဗွေမြို့ကို KIA က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်

ကချင်ပြည်နယ်၊ ချီဗွေမြို့ကို  KIA က အပြီးသတ်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ လုံး၀ကင်းစင်သွားတဲ့နယ်မြေ ဖြစ်သွားကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ် တချို့မှာ ဖော်ပြလာပါတယ်။ စက်တင်ဘာ ၂၉ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ချီဗွေမြို့က ဗျူဟာကုန်းအပါအဝင် တပ်စခန်း လေးခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို စတင်ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။
Read More

စစ်မှုထမ်း အပတ်စဉ် (၁) နှင့် (၂) က စစ်သားများကို ရာထူးတိုးပေးပြီး စစ်တပ်ထဲမှ မထွက်ရန် စည်းရုံးမှု စတင်…

မကြာမီ စစ်မှုထမ်းကာလ ၂ နှစ်ပြည့်တော့မယ့် အပတ်စဉ် (၁) င စစ်မှုထမ်းတပ်သားတွေကို ရာထူးတိုးပေးပြီး တပ်ထဲကနေ မထွက်ခွာဖို့ စည်းရုံးရေးအတွက် အကြမ်းဖက်စစ်တပ်က စတင်လုပ်ဆောင်နေပြီလို့ တပ်တွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ စစ်မှုထမ်း အပတ်စဉ် (၁) တွေဟာ လာမယ့် ဧပြီလမှာ ၂နှစ်ပြည့်မှာ ဖြစ်ပြီး အဲဒီတပ်သားတွေကို တစ်ဆင့်မြင့်တဲ့ ရာထူးဖြစ်တဲ့ ဒုတပ်ကြပ်အဆင့်ကို တိုးပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲထူးချွန်တွေကို ရာထူးပေးလာတာတော့ တွေ့ရတယ်။ အပတ်စဉ် (၁) ကနေ စပြီးတော့ အပတ်စဉ် (၁၄) လောက်ထိ ရှိတယ်ပေါ့နော်” လို့ ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။