မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာ ၂ ရွာကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၀ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီရဲ့ တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာက သပိတ်ကျင်းမြို့နယ်၊ ဖိုကုန်းရွာအနီးဝန်းကျင်ကို ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သလို ချောင်းကြီးကျေးရွာ သရက်ခြံနားကိုလည်း ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချခဲ့ကြောင်း သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှု မရှိပေမယ့် နေအိမ် ၁ လုံး ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

ဒါဟာ သပိတ်ကျင်းမြို့နယ်ကို ဇူလိုင်လအတွင်း တတိယအကြိမ်မြောက် လေကြောင်းတိုက်ခိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကလည်း ဇရပ်ကွင်းကျေးရွာကို တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

နောက်တစ်နေ့ ဇူလိုင်လ ၆ ရက် ညနေပိုင်းမှာလည်း မိတ္ထီလာလေဆိပ်တက် ဂျက်ဖိုက်တာနဲ့ ကွင်း ၂၉ ဂေါက်ကွင်းကို Cluster ဗုံးခေါ် ဆင့်ကဲပေါက်ကွဲစေတဲ့ ဗုံးတွေ ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

“အဓိကကတော့ တော်လှန်ရေးအဖွဲ့တွေကို လုပ်တာထက် ပြည်သူကို အကြောက်တရားသွင်းနေတာပါ။ နိုင်ငံတကာအမြင်မှာ အပစ်ခတ်ရပ်ထားတယ်လို့ လျှောက်ပြောပြီး ပြည်သူတွေသေအောင် လုပ်နေတာပါ။ ပြည်သူတွေအနေနဲ့လည်း သကာရည်လောင်းတာကို မယုံကြည်ဘဲ စကစနဲ့ ဝေးရာမှာနေမယ်။ ဗုံးခိုကျင်းတွေ တူးထားမယ်” လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြင်ဦးလွင်ခရိုင်အတွင်းက မတ္တရာ၊ သပိတ်ကျင်း၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေကို တိုက်ပွဲရှိရှိမရှိရှိ၊ အရပ်သားနေရာတွေဆီ နေ့စဥ်ရက်ဆက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ဗုံးခိုကျင်းတွေတူးထားဖို့ကိုလည်း ပြင်ဦးလွင်ခရိုင်ပကဖက တိုက်တွန်းထားပါတယ်။

လက်ရှိအခြေအနေအရ သပိတ်ကျင်းမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ကြားစစ်ရေးတင်းမာနေသလို အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ကျေးရွာတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့သည့် သပိတ်ကျင်းမြို့နယ်အတွင်း နေရာများကိုတွေ့ရစဥ် (ဓာတ်ပုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်)

0 Shares:
You May Also Like
Read More

တရုတ်၏ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုများက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန် မဖြစ်စေသင့်ကြောင်း NUG ယာယီသမ္မတ ပြောကြား၊ NUG ဟာ တရုတ်၏ အကျိုးစီးပွါးကို ထိခိုက်စေမည့်အဖွဲ့ မဟုတ်ဘူးဟုဆို

တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ မဖြစ်စေသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ပြုလုပ်တဲ့ NUG အစိုးရရဲ့ ၁၃ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

ရှမ်းတောင်စစ်ဆင်ရေးမှာ ၄ လကျော်ကြာ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ နေပြည်‌တော် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော် က တိုက်ခိုက်ရေးရဲဘော်တွေဟာ ရှမ်းတောင်စစ်ဆင်ရေးမှာ ၄ လကျော်ကြာ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

သပိတ်ကျင်းတွင် ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး သံဃာတစ်ပါး ပျံလွန်တော်မူ၊ ပြင်ဦးလွင်ခရိုင်ကို နေ့တိုင်းနီးပါး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၁ ပါး ပျံလွန်တော်မူပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

AA ထိန်းချုပ်ရာ နေရာများတွင် စက်တင်ဘာလအတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၃ ဦး သေဆုံးပြီး ၄၉ ဦး ဒဏ်ရာရ

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်ထားရာဒေသမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၂၃ ယောက် သေဆုံးပြီး ၄၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ULA/AA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်း ပကဖ နှင့် ပြည်သူများ ပူးပေါင်း လမ်းပြုပြင် (ဓာတ်ပုံသတင်း)

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေနဲ့ ဆေးတပ်သား ရဲမေတွေဟာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ကျေးရွာအတွင်း အများပြည်သူ သွားလာရခက်ခဲနေတဲ့ လမ်းတွေကို ၃ ရက်ဆက်တိုက် ပြုပြင်မွမ်းမံ လမ်းပြင်လုပ်အား ဒါနပြုခဲ့တယ်လို့ စလင်းပကဖက ထုတ်ပြန်ထားပါတယ်။