မကွေးတိုင်း၊ မြိုင်မြို့နယ် စီမံကိန်းရုံး စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကောင်စီတပ်သား စစ်သုံ့ပန်း ၁၂ ယောက်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၅ က ဒီနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၉ ရက် မနေ့က မနက်ပိုင်းမှာ မြိုင်မြို့ စီမံကိန်းရုံးရှိ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်စီးနင်း တိုက် ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၂ ယောက် ဖမ်းဆီးရမိခဲ့ပြီး ၁ ယောက်က ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးကုသပေးလျက်ရှိတယ်လို့ သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေဆီ စစ်ကူလာတဲ့ မြိုင်မြို့မရဲစခန်းက စစ်ကြောင်းကိုလည်း ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ထံကနေ G3 ၁၀ လက်၊ MA3 ၁ လက်၊ MA4 ၁ လက်၊ 79 ၁ လက်၊ G3 ဘောက် ၁၅ ဘောက်၊ MA ဘောက် ၂ ဘောက်၊ G3 ကျည် ၁၃၆ တောင့်၊ ၅.၅၆ ကျည် ၃၇ တောင့်၊ လက်ပစ်‌ဗုံး ၉ လုံး၊ 79 အဖူး ၆ ဖူး၊ ဦးထုပ် ၅ လုံး၊ ဖုန်း ၃ လုံး၊ အီကွေ့မန့် ၇ ခု၊ ငွေသား ၂၂ သိန်း တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ညီညွတ်ရေးတပ်ပေါင်းစု (9+) က ဦးဆောင်ပြီး မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ တိုက်ခိုက်ရေးအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးကာ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

Video – ပခုက္ကူခရိုင် တပ်ရင်း-၁၅

0 Shares:
You May Also Like
Read More

ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းနဲ့ အနီးဝန်းကျင်မှာ ဘန်ကာဆောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရွှေကျင်မြို့နယ် ကွင်းဆိပ်နဲ့ ဝင်းကံရွာကြားရှိ ခမရ ၅၉၈ တပ်ရင်းနဲ့ အနီးဝန်းကျင်မှာ ဘန်ကာ ဆောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်များ၏ စစ်ဆင်ရေးလေ့ကျင့်မှု (ရုပ်/သံ)

အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု မှတ်တမ်း ရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ AIF Myanmar ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ ရှေ့တန်းတပ်စခန်း၊ ဒရုန်း Jammer တွေကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံကို AIF Myanmar က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ တိုက်ခိုက်မှုအတွင်း ဒရုန်း Jammer ၂ ခု ၊ ထောက်ပံ့ရေး စုဆောင်းနေရာ ၄ ခုတို့ကို ဖျက်ဆီးနိုင်ခဲ့ပြီး ရှေ့တန်းတပ်စခန်းရှိ စစ်အရာရှိ ၂ ဦး၊ တပ်သား ၆ ဦးသေဆုံးကာ နဲ့ ၈ ဦး ဒဏ်ရာရရှိအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

အမှတ် ၂ စစ်ဒေသခွဲ တိုင်းစစ်ဌာန(ရန်ကုန်) P25102 တပ်ရင်းက သင်တန်းသားရဲဘော်တွေရဲ့ ပုံရိပ်များ (ရုပ်/သံ)

အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နိုင်ဖို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန (ရန်ကုန်) P25102 တပ်ရင်းမှာ အခြေခံစစ်ပညာတက်ရောက်သင်ယူနေတဲ့ ရဲဘော်တွေရဲ့ ပုံရိပ်ကို အိမ်ပြန်လမ်းပေါ်က ခြေလှမ်းများခေါင်းစဉ်နဲ့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ဒရုန်းဖြင့် ဗုံးကြဲခံရပြီး စစ်ကောင်စီတပ်သားများ ထိုင်းနိုင်ငံဘက်ခြမ်းကို ရေကူးထွက်ပြေးသည့် မှတ်တမ်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ရေကူးထွက်ပြေးကြတဲ့ ရုပ်သံဖိုင်ကို Federal Wings က ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်ကြီး-ဟိုပုံးလမ်းပိုင်းမှာ ဆီဘောက်ဆာယာဉ်ဘရိတ်ပေါက်တိမ်းမှောက်ရာမှာ မီးလောင်မှုဖြစ်ပြီး လူ ၂ ယောက်သေဆုံးကာ ယာဉ် ၅ စီးမီး‌လောင် (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီး-ဟိုပုံး ပြည်‌ထောင်စုလမ်းပိုင်းမှာ မေလ ၂၃ ရက် မနေ့ ညနေပိုင်းက ဆီဘောက်ဆာယာဉ်ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာမှာ ယာဉ် ၅ စီးဆင့်တိုက်ပြီး မီးလောင်ခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။ ဆိုင်ကယ်နှစ်စီးအပါအဝင် ကား၃ စီး မီးလောင်ခဲ့ပြီး မီးလောင်သေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃ ယောက်ရှိတယ်လို့ သိရပါတယ်။