အရှေ့တောင်အာရှ၊ တရုတ်၊ ရုရှားနဲ့ အမေရိကန် ထိပ်သီးသံတမန်တွေပါဝင်တဲ့ အစည်းအဝေးတစ်ခုကနေ စစ်ဘေးသင့်မြန်မာပြည်က အရပ်သားတွေအပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ရှုံ့ချကြောင်း ထုတ်ပြန်ဖို့ရှိတယ်လို့ ဇူလိုင်လ ၁၀ ရက်မှာ ထုတ်ပြန်ချက်မူကြမ်းကို ကိုးကားပြီး AFP က ဖော်ပြထားပါတယ်။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံပါဝင်တဲ့ လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ဖို့ အာဆီယံက သံတမန်ရေးအရ ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့် အရာမရောက်ဘဲ ရှိနေပါတယ်။ 

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေချိန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ လာမယ့် ဇူလိုင်လ ၁၁ ရက်မှာ အမေရိကန်၊ တရုတ်၊ ရုရှားနဲ့ အခြားနိုင်ငံအရာရှိတွေ ပါဝင်တဲ့ အစည်းအဝေးတစ်ရပ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပြုလုပ်ဖို့စီစဉ်ထားပါတယ်။ 

“အရပ်သားတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့ လုပ်ရပ်တွေကို အစည်းအဝေးက ရှုတ်ချပါတယ်” လို့ AFP က မြင်တွေ့ခဲ့ရတဲ့ အာဆီယံဒေသတွင်းဖိုရမ်ရဲ့ သဘာပတိရဲ့ ထုတ်ပြန်ချက်မူကြမ်းမှာ ဖော်ပြထားပါတယ်။ 

လက်ရှိမှာတော့ မလေးရှားဟာ ၂၀၂၅ ခုနှစ် အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်ပါတယ်။ 

အဆိုပါ အစည်းအဝေးကနေ “မြန်မာပြည်ရဲ့ ပဋိပက္ခတိုးမြင့်လာမှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေအပေါ် နက်ရှိုင်းတဲ့ စိုးရိမ်မှုကို” ဖော်ပြသွားမယ်လို့ ဆိုပါတယ်။ 

ထုတ်ပြန်ချက် မူကြမ်းထဲမှာ “တရားလက်လွတ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့၊ အရပ်သားတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေကို အကာအကွယ်ပေးရေးနဲ့ လုံခြုံရေး သေချာစေဖို့ အစုအဖွဲ့အားလုံးက တိကျတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ကြဖို့” တိုက်တွန်းထားပါတယ်။ 

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံတွင် ပဋိပက္ခများ တိုးမြင့်လာမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအပေါ် ၎င်း၏ နက်ရှိုင်းသော စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောကြားမည်ဖြစ်သည်။
(ဓာတ်ပုံ AFP)

စစ်တပ်နဲ့ သူတို့လက်ဝေခံတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် အာဏာသိမ်းပြီးကတည်းက လူပေါင်း  ၆၈၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

ဒါ့အပြင် သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေဟာလည်း အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသလို ပြီးခဲ့တဲ့ မတ်လငလျင်ကြောင့် မြန်မာပြည်ရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ပိုမို ဆိုးရွားလာခဲ့ပါတယ်။ 

လူပေါင်း ၃၈၀၀ ကျော် သေဆုံးခဲ့ရတဲ့ ငလျင်အပြီး အကူအညီပေးရေးနဲ့ ပြန်လည်တည်ဆောက်ရေးတွေအတွက် အပစ်အခတ်ရပ်စဲရေးတွေကြေညာခဲ့ကြပေမယ့် စစ်ကောင်စီရဲ့ ငလျင်ဒေသတွေနဲ့ အခြားနေရာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အသက်မဝင်ဖြစ်နေပါတယ်။ 

လွန်ခဲ့တဲ့ လေးနှစ်ကျော်က အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလမှာ ရွေးကောက်ပွဲပြုလုပ်မှာဖြစ်ကြောင်း မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဇွန်လမှာ ထပ်မံပြောဆိုပါတယ်။ 

စစ်ကောင်စီလက်ထက် ဘယ်ရွေးကောက်ပွဲမှ လွတ်လပ်မျှတမှာ မဟုတ်သလို သွေးထွက်သံယိုမှုတွေ ပိုမိုဆိုးရွားလာစေနိုင်ကြောင်း နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ ကျောထောက်နောက်ခံ ရထားသည့်တိုင် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲလုပ်ဆောင်နိုင်ဖို့ လက်လှမ်းမမီနိုင်လောက်အောင် တော်လှန်ရေးအဖွဲ့တွေထံ ထိန်းချုပ်နယ်မြေတွေ လက်လွှတ်ထားရတာလည်း ဖြစ်ပါတယ်။

မူရင်းသတင်း – Asean meeting to condemn Myanmar violence: Draft statement

0 Shares:
You May Also Like
Read More

တန်ဖိုးကြီး နာရီတွေ၊ အိတ်တွေအပါအဝင် ဒေါ်လာ သန်း ၄၀၀ ကျော်ကို ပိုင်ဆိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ကြေညာ

ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်က သူမရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော်ရှိကြောင်း သောကြာနေ့က ကြေညာခဲ့တယ်လို့ သူမရဲ့ပါတီကပြောပါတယ်။
Read More

ကူညီကယ်ဆယ်ရေးများ လုပ်နိုင်ဖို့အတွက် ထိရောက်သည့် အပစ်ရပ်ရေးလုပ်ဆောင်ကြဖို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

လက်ရှိ မြန်မာပြည်မှာ ကြုံတွေ့နေရတဲ့ ငလျင်ဘေးအတွက် စင်္ကာပူအနေနဲ့ အကူအညီတွေ ပေးအပ်ထားကြောင်းနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးတွေကို မျှော်လင့်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က မတ်လ ၃၀ ရက်မှာ ပြောပါတယ်။
Read More

မြန်မာပြည်က ရေဘေးသင့်ပြည်သူတွေကို ကုလသမဂ္ဂနဲ့ အီးယူက ကူညီမည်ဟုဆို

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေနဲ့ မြန်မာပြည်က ရေဘေးသင့်ပြည်သူ ၅သိန်းခန့်ကို တစ်လတာ အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။
Read More

နှစ်ကုန်ပိုင်းမဟုတ်ရင် ၂၀၂၆ ခုနှစ်အစမှာ ရွေးကောက်ပွဲ ကျင်းပမည်ဟု မင်းအောင်လှိုင် စီစဥ်နေ…

အာဏာသိမ်း စစ်ကောင်စီဟာ ယခုနှစ် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ်ရဲ့ ဇန်နဝါရီလ ထဲမှာ ရွေကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

အီဖယ်တာဝါမှ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကနေ ပေးပို့လာတဲ့ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။