မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ယောက် သေဆုံးပြီး အရပ်သား ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၉ ရက် မနေ့က  ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက တံတားဦးတက် ဂျက်ဖိုက်တာနဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းရှိ တောင်ကချင်ရပ်ကွက်၊ ပန်းမထိပ်ဘက်ခြမ်းရှိ ကုလားခြံထဲ ပေါင် ၃၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၁၂) နှစ်ဝန်းကျင် ကလေးငယ် (၂) ယောက် ထိမှန် သေဆုံးပြီး အရပ်သားပြည်သူ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူ(၂) ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေအိမ်အဆောက်အဦး (၆)လုံး ပျက်စီးခဲ့ပြီး ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ဝေးရာမှာ နေထိုင်ဖို့နဲ့ လေကြောင်းရန်ကာကွယ်နိုင်ရေးအတွက် ဗုံးခိုကျင်းတွေ တူးထားဖို့ ပြင်ဦးလွင်ခရိုင်ပကဖ က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးရိုးမတိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို မီးတင်ရှို့နေ

ပဲခူးတိုင်း၊ တောင်ငူမြို့အနောက်ဘက်က ပဲခူးရိုးမတိုက်ပွဲအတွင်း အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို မီးတင်ရှို့နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းနှင့်  တင့်ကားများပါသုံးပြီး စစ်ကြောင်းထိုး ဝင်ရောက်နေ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်မှာ တင့်ကားတွေအသုံးပြုပြီး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က အရပ်သားတွေ  မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း People's Democratic Army-PDA တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

DKBA ကျားဖြန့်ရုံကို KNLA ပူးပေါင်းတပ်များ ဝင်ရောက်စီးနင်း၊ လက်နက်များစွာ သိမ်းဆည်းရမိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာက တရုတ်ကျားဖြန့်ရုံကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းရာ DKBA တပ်ဖွဲ့ဝင်တချို့နဲ့ လက်နက်များစွာကို သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပိုင်းအပါ ပဲခူး ၃ မြို့နယ်အတွင်းရှိ စစ်တပ်စခန်းများ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က အယောက် ၄၀ နီးပါး သေဆုံးပြီး အများအပြား ဒဏ်ရာရ

ရန်ကုန်-ပြည်အမြန်လမ်းအပါအဝင် နတ်တလင်း၊ ဇီးကုန်းနဲ့ မင်းလှမြို့နယ်တွေက အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို တစ်ပြိုင်နက်တည်း ထိုးစစ် တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမ PDF -ဗျူဟာ ၂၂ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူခရိုင် PDF တပ်ရင်း ၂ စိုးမိုးနယ်မြေအတွင်း ငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူခရိုင် PDF တပ်ရင်း ၂ စိုးမိုးနယ်မြေအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကလေးတောင်ပိုင်း ကြံသာရွာမှ တော်လှန်ရေးတပ်များ ပြန်ဆုတ်ထား

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာကို စစ်အုပ်စု အင်အားအလွန်အကျွံသုံး စစ်ကြောင်းထိုးနေမှုကြောင့် တော်လှန်ရေးတပ်တွေ ဆုတ်ထားပေးရတာ မှန်ကန်ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။