စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ပျူရွာကို ရိက္ခာပို့ဖို့လာတဲ့ စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ Chaung U Revolution News – CRN ထံက သိရပါတယ်။

စစ်ကောင်စီတပ်သားတွော မုံရွာ (နမခ) ကနေ သံပြားကာ ကား ၃စီးနဲ့အတူ ဇူလိုင်လ ၉ရက် ညနေပိုင်းမှာ ချောင်းဦးမြို့ ထွေအုပ်ရုံးကို အင်အား ၁၅၀ နီးပါးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဇူလိုင်လ ၁၀ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်သားတွေက မြို့အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုလုပ်ဆောင်ခဲ့ရာ ရွာတော်လေးရွာက ပြည်သူတစ်ယောက် သေဆုံးပြီး ၆ယောက် ထိမှန်ဒဏ်ရာရခဲ့သလို အောင်ချမ်းသာရွာက ဒေသခံတစ်ယောက်နဲ့ ထူးနီးရွာက ပြည်သူ ၈ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“မြို့အနီးနားဝန်းကျင်က ရွာတွေကို လက်နက်ကြီးနဲ့ အရင်ပတ်ထုတယ်ဗျ။ အဲ့လိုလက်နက်ကြီးတွေနဲ့ ပတ်ထုတာတွေကြောင့် ပြည်သူထိခိုက်သေဆုံးတာ” လို့ Chaung U Revolution News – CRN တပ်ဖွဲ့ဝင်က မောင်းကိုပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့လူတွေထဲက တချို့ဟာ စိုးရိမ်ရတဲ့ အနေအထားရှိတယ်လို့ သိရပါတယ်။

ဒီနေ့မနက် ၆ နာရီလောက်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ ချောင်းဦးမြို့ထဲကနေ အင်အားအလုံးအရင်းနဲ့ ကင်မွန်းတော်ပျူရွာကို ရိက္ခာပို့ဖို့ ထွက်လာနေဆဲဖြစ်ပြီး အခုထိတော့ အဆိုပါကျေးရွာကို ဝင်ရောက်နိုင်ခြင်းမရှိသေးဘူးလို့ အထက်ပါ တပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

“သူတို့ရိက္ခာကုန်ချိန်ရောက်ပြီပေါ့။ အဲဒါကြောင့် မုံရွာ နမခ ကနေပြီး ချောင်းဦးမြို့ကနေတစ်ဆင့် ကင်မွန်းတော်ပျူရွာကို ရိက္ခာလာဖြည့်တဲ့အနေအထား။ အခုထိတော့ စစ်ကောင်စီ ဦးတည်ရာကို ထိုးနေဆဲ ကင်မွန်းတော်ပျူရွာကိုတော့ မဝင်ရောက်နိုင်သေးဘူးဗျ” လို့ သူက ဆက်ပြောပါတယ် ။

အဆိုပါ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ရွာပေါင်း ၅ ရွာထက်မနည်းကျေးရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၅၉၈ တပ်ရင်းအနီး ဘန်ကာတွေဆောက်ပြီး ခံစစ်ပြင်နေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ ၂ဦးသေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွင်းဆိပ် နဲ့ ဝင်းကံရွာကြားရှိ အမှတ် ၅၉၈ တပ်ရင်းနားမှာ ဘန်ကာတွေတည်ဆောက်ပြီး ခံစစ်ပြင်နေတဲ့ စစ်အုပ်စု ပစ်ခတ်ခဲ့ရတဲ့အတွက် စစ်သား ၂ဦး သေဆုံးသွားတယ်လို့ Bago District People’s Defense Organization - ပဲခူးခရိုင် ပကဖ ဆီက သိရပါတယ်။
Read More

အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်မှု ၈ လနီးပါး ကြာမြင့်ပြီးနောက် ဧပြီလ ၇ ရက် မနေ့ က ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မလိဝမ်းကျေးရွာ ရဲစခန်းနှင့် အမှတ် (၅၈၂) ခြေမြန်တပ်ရင်း တိုက်ခိုက်ခံရအပြီး စစ်အုပ်စုက သတင်းဖုံးဖိထား၊ လုံခြုံရေးတင်းကြပ်မှုများ လုပ်ဆောင်လာ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ မလိဝမ်းကျေးရွာ ရဲစခန်းနဲ့ အမှတ် (၅၈၂) ခြေမြန်တပ်ရင်းတို့ အလစ်အငိုက် တိုက်ခိုက်ခံရပြီး တိုက်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့တဲ့ စစ်သားနဲ့ ရဲတွေရဲ့ သတင်းကို အကြမ်းဖက်စစ်တပ်က ဖုံးဖိထားကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကိုပြောပါတယ်။
Read More

ငလျင်ဘေးသင့်ပြည်သူတွေအတွက် မြို့နယ် ၄၆ မြို့နယ်မှာ NUG က ကျပ်သန်း ၅၂၇၅ သန်းကျော် ထောက်ပံ့လှူဒါန်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ငလျင်ဘေးသင့်ပြည်သူတွေအတွက် မြို့နယ် ၄၆ မြို့နယ်မှာ အိမ်ထောင်စု ၁၆၉၂၇ စု အတွက် ကျပ်သန်း ၅၂၇၅ သန်းကျော် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုနိုင်အောင်တိုက်ပြီး လူထုလှုပ်ရှားမှုနဲ့ တော်လှန်ရေးကို အရှိန်မြှင့်မယ်

စစ်ကို နိုင်အောင်တိုက်ပြီး တော်လှန်ရေးအတွက် လူထုလှုပ်ရှားမှု အရှိန်ကိုမြှင့်တင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦး ဖြစ်သူ ဦးလွင်ကိုလတ်ကပြောပါတယ်။
Read More

အင်အားကြီးနိုင်ငံတစ်ခုတည်းအပေါ် မမှီခိုဘဲ မိတ်ဖက်များများ ထားရမည်ဟု မင်းအောင်လှိုင် ဆိုပြန်

အင်အားကြီး စူပါပါဝါ နိုင်ငံတစ်ခုတည်းအပေါ် မှီခိုမှုကို လျှော့ချဖို့ လိုအပ်ပြီး မိတ်ဖက်နိုင်ငံများများ ထားရှိရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။