ကချင်ပြည်နယ်၊ ဒါဂျန့်တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် မှင်စာ ကျဆုံးသွားခဲ့တယ်လို့ MinKin Peoople’s Defence Force – MKPDF – 2 ထံက သိရပါတယ်။

ကလေးခရိုင်၊ အမှတ် ၁၁ တပ်ရင်းက ရဲဘော် ဇင်ကိုဝင်း (ခ) မှင်စာဟာ မနေ့က ဇူလိုင်လ ၉ရက်နေ့မှာ ဒါဂျန့်တိုက်ပွဲအတွင်း စနိုက်ပါ ထိမှန်ပြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဒါဂျန့်ရှေ့တန်းစစ်မျက်နှာမှာ ရန်သူ့ဘက်က စနိုက်ပါကျည် ထိတာပါဗျ။ အလောင်းက ရပါတယ်။ ကျန်တာက ဖြေဖို့ရာ အဆင်မပြေတာမို့ပါ” လို့ MinKin Peoople’s Defence Force – MKPDF – 2 ရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ကျဆုံးရဲဘော် ဇင်ကိုဝင်း (ခ) မှင်စာဟာ တိုက်ခိုက်ရာမှာ ထူးချွန်တဲ့အပြင် လိမ္မာတဲ့ရဲဘော်တစ်ယောက်လည်း ဖြစ်တာကြောင့် ပိုပြီး ဝမ်းနည်းရကြောင်းနဲ့ သူ့ရဲ့ ရုပ်အလောင်းကို စစ်ဓလေ့ထုံးတမ်းနဲ့အညီ သဂြိုဟ်ပေးထားတယ်လို့ ပြောပါတယ်။

“မပြီးဆုံးသေးတဲ့ တာဝန်တွေကို ငါတို့ ဆက်ထမ်းရွက်နေဦးမှာပါ။ ငါတို့ရဲဘော် တစ်ယောက်ချင်းစီတိုင်းရဲ့ နှလုံးသားမှာ မင်းရဲ့ သမိုင်းမှတ်တိုင် ကောင်းကောင်းကျန်ခဲ့ပါတယ်” လို့ MinKin Peoople’s Defence Force – MKPDF – 2 က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ ပြုလုပ်…

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော်အတွင်း အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့ရ

၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

သာယာဝတီက အုပ်ချုပ်ရေးမှူး ဒုတိယအကြိမ် အပစ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ စည်ပင်ကျေးရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှူးကို ဒုတိယအကြိမ်ပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဉ်းများ အားလုံး အမြန်ဆုံးလွှတ်ပေးရေး လွှတ်တော်ကိုယ်စားပြုကော်မတီများ တောင်းဆို

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုကြောင်း ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေက ဒီနေ့မှာ ပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။
Read More

စဥ့်ကူးမှာ လူစည်ကားရာ စျေးကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၆)ဦးအပါ ပြည်သူ (၂၇)ဦး သေဆုံး၊ အယောက် ၃၀ ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာက စျေးတန်းကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၆) ယောက် အပါအဝင် ပြည်သူ (၂၇) ယောက် သေဆုံးခဲ့တယ်လို့ MDY-PDF က ဒီနေ့မှာ ထပ်မံ ထုတ်ပြန်ပါတယ်။
Read More

ယဉ်ကျေးလိမ္မာ သင်တန်းတက်ရင်း ငလျင်ကြောင့် ပြိုကျ ပိတ်မိနေသည့် ကလေးမလေး ၂ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့၊ ၁၃ ဦး သေဆုံးခဲ့ရရှာ

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ရှေးဟောင်းတိုက်ကျောင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရာမှာ ပိတ်မိနေတဲ့ ကလေးမလေး ၂ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။