ပဲခူတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ကေတုမတီလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လေတပ်အရာရှိ ၅ ယောက်အပါအဝင် ၁၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး အရာရှိ ၈ ယောက်အပါအဝင် အယောက် ၂၀ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၈ ရက်က BWM ရဲ့ ဦးဆောင်မှုနဲ့ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ဟာ KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နဲ့ ပူးပေါင်းပြီး BWM Mission 42 အဖြစ် ရှော့တိုက်ဒုံး ၁၂ လုံးပစ်ခတ်ရာ ၁၁ လုံးကို အောင်မြင်စွာ ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

“အခုတစ်ခေါက်က ကျနော်တို့ ၂ကြိမ် ပြန်ပစ်ရတာ အတော်ခက်ခဲပါတယ်။ ဒုတိယအကြိမ် ပြန်ပစ်ရတဲ့အချိန်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်နေတဲ့ကြားက ဝင်ပစ်ရတာ အတော်အန္တရာယ်များပါတယ်။ ဒါပေမယ့် ရဲဘော်တွေ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ BWM အဖွဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။  

အဆိုပါတိုက်ခိုက်မှုအတွင်း လေတပ်အရာရှိ ၅ ယောက်နဲ့ အခြားအဆင့်စစ်သည် ၆ ယောက် ပွဲချင်းပြီးသေဆုံးပြီး လေတပ်အရာရှိ ၈ ယောက်နဲ့ အခြားအဆင့်စစ်သည် ၁၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေ များပြားတဲ့အတွက် တပ်တွင်း မဆရ တွဲဖက်ဆေးခန်းမှာ လူနာ အပြည့်ဖြစ်သွားတာကြောင့် တောင်ငူဆေးရုံကြီးဆီကိုပါ အရေးပေါ် အရပ်ကားတွေနဲ့ ပို့ဆောင်နေတယ်လို့ ကနဦးစုံစမ်းသိရှိရကြောင်း BWM က ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် ကေတုမတီလေတပ်က အရာရှိနားနေဧည့်ဆောင်ခန်းမ ပြိုကျပျက်စီးပြီး ပရိဘောဂပစ္စည်းတွေ မီးလောင်သွားကာ လေယာဥ်ပြေးလမ်း ပျက်စီးမှုရှိခဲ့သလို အုပ်ချုပ်မှူးရုံးနဲ့ ဆက်သွယ်ရေးစက်ပစ္စည်းတွေ ထားရှိရာ အဆောက်အဦး ပြိုကျပျက်စီးသွားပြီး အမှတ် (၂) ဆီဂိုဒေါင် မီးလောင်ပျက်စီးခဲ့တယ်လို့ BWM က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စင်း နောက်မြီးပိုင်း ထိခိုက်ပျက်စီးသွားပြီး စစ်ထောက်ပို့ယာဥ် Y-8 ၁ စင်း  ညာဘက်ခြမ်း ပန်ကာနဲ့ ဆီတိုင်ကီ မီးလောင်ပျက်စီးခဲ့တယ်လို့ BWM က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း ၅၀၀ ကျော် ခုခံတိုက်ခိုက်ခဲ့သည့် တော်လှန်ရေးရဲဘော်များကို KNLA ဌာနချုပ် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်

အကြမ်းဖက် စစ်အုပ်စုရဲ့ သာလွန် လက်နက်နဲ့ သာလွန် လူအင်အားများစွာ ပါဝင်တဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ရက်ပေါင်း ၅၀၀ ကျော် ခုခံတိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဌာနချုပ်က ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ရှောင်ကျေးရွာများထဲမှ အရပ်သားပိုင်ပစ္စည်းနှင့် အိမ်မွေးတိရစ္ဆာန်များကို စစ်အုပ်စု ခိုးယူသယ်ဆောင်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကြောင့် တိမ်းရှောင်နေရတဲ့ ကျေးရွာတွေထဲကို ပျူစောထီးနဲ့ စစ်အုပ်စုတွေက ဝင်ရောက်စီးနင်းရင်း အရပ်သားပိုင်ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခိုးယူသယ်ဆောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

နောင်ချိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးကြောင့် အမျိုးသားတစ်ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းအတွင်း ဧပြီလမှာ စစ်ရေးဖော်ဆောင်မှု ၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း Operation Flame တပ်ဖွဲ့ ထုတ်ပြန်

ရန်ကုန်တိုင်းစစ်ရေးလှုပ်ရှားမှုတွေအနေနဲ့ ဧပြီလ ၁ လတာအတွင်း စစ်ရေးဖော်ဆောင်မှု စုစုပေါင်း ၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ Operation Flame တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PDF နဲ့ပြည်သူတွေ ပူးပေါင်းကျင်းပတဲ့ မိုးမိတ်မြို့က ကထိန်ပွဲ (ဓာတ်ပုံသတင်း)

ပြည်သူနဲ့ PDFရဲဘော်တွေ ပူးပေါင်းပြီး TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့မှာ ဘုံကထိန်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲခဲ့ကြပါတယ်။
Read More

ညောင်လေးပင်မှာ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းများ တိုက်ခိုက်ချေမှုန်းခံရ၊ စစ်ဗိုလ် ၁ဦးအပါဝင် ၃ဦးသေ၊ ၅ဦးကျော်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အထိုင်ချထားတဲ့ မုက္ခမူနဲ့ ကြံဘိုကုန်းကျေးရွာဂိတ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိသူအပါဝင် ၃ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ Fire Dragon PDF က သတင်းထုတ်ပြန်ထားပါတယ်။