မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ MSDF ရဲ့ နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌဖြစ်သူ ဒေါက်တာသီရိမွန်ချမ်းကို တာဝန်ကနေ ထုတ်ပယ်လိုက်ကြောင်း ဒီနေ့ ဇူလိုင်လ ၁၀ ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ဒေါက်တာသီရိမွန်ချမ်းရဲ့ အပြုအမူ၊ ကြံစည်လုပ်ကိုင်ဆောင်ရွက်မှုတွေအပေါ် ဆက်လက် ယုံကြည်လက်တွဲဖို့ အဆင်မပြေတော့လို့ မနေ့က (ဇူလိုင် ၉ရက်)မှာ အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး ကော်မတီဝင်အားလုံးရဲ့ သဘောဆန္ဒအရ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီသတင်းကို ဒေါက်တာသီရိမွန်ချမ်းက လူမှုကွန်ရက်ပေါ်မှာ သတင်းတက်လာမှ သိလိုက်ရတာဖြစ်ပြီး အခုလို လုပ်ဆောင်ချက်ဟာ တပ်တွင်းမှာ လူများတရားနိုင်လုပ်ရပ်နဲ့ တပ်ကို အာဏာပြန်သိမ်းတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ ကျနော်လည်း တော်တော်ရှော့ခ် ဖြစ်သွားတယ်။ ဒီမနက်မှ ကျနော်လည်း သိရတယ်။ မနေ့ညတုန်းကတော့ အရေးပေါ် အစည်းအဝေး တစ်ခုခေါ်တယ်။ အစည်းအဝေးက လွန်ခဲ့တဲ့ ၇ ရက်တုန်းက ဖြစ်သွားတဲ့ ပြဿနာတစ်ခုပေါ့” လို့ ဒေါ်ကတာသီရိမွန်ချမ်းက မောင်းကို ပြောပါတယ်။

အဆိုပါပြဿနာက မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အတွင်းရေးမှူး နိုင်ကိုသူဟာ MSDF တပ်ရဲ့ လက်နက်တွေအပြင် ကျေးရွာလုံခြုံရေးအဖြစ် ပေးအပ်ထားတဲ့ လက်နက်တွေနဲ့ ရဲဘော်တွေကို MSDF တပ်ကနေ ခွဲထုတ်ပြီး တပ်ခွဲဖို့ လုပ်ဆောင်ခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို ကျေးရွာလုံခြုံရေးတွေထံကနေ လက်နက်တွေ ပြန်သိမ်းယူနေတာကို MSDF တပ်ရင်းမှူးဖြစ်သူ နိုင်ငွေကနေ ဒေါက်တာသီရိမွန်ချမ်းဆီ ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း၊ ဒေါက်တာသီရိမွန်ချမ်းက အခုလို တပ်ခွဲမှု လုပ်ဆောင်နေတဲ့ နိုင်ကိုသူကို တပ်တွင်းစည်းကမ်းအရ ဖမ်းဆီးခိုင်းခဲ့ကြောင်း ဆိုပါတယ်။

“တပ်ခွဲတဲ့ ပုံစံလိုမျိုး…. တပ်ကို ပုန်ကန်တဲ့ ပုံစံလိုမျိုးဆိုတော့ ဒါကြောင့်ပဲ သူ့ကို ပြောလိုက်ပါ လက်နက်တွေကို မယူသွားဖို့…. ဒီမှာ ပြန်ထားဖို့ …. တကယ်လို့ ပြောတာ နားမထောင်ဘူးဆိုရင်တော့ တပ်ရဲ့ အမိန့်အရ တပ်ပုန်ကန်မှုဆိုတော့ သူ့ကို ဖမ်းထားလို့ရတယ် အရေးယူလို့ရတယ် အဲ့လိုမျိုးပြောထားတယ်။ အောက်ခြေမှာကျတော့ အကုန်လုံးက လက်နက်နဲ့ဆိုတော့ နိုင်‌ငွေက မေးလာတယ် ဖမ်းလို့မရဘူး… အဖမ်းလည်းမခံဘူး… လက်လည်းမခံဘူးဆိုရင် တပ်နဲ့ အရေးယူရမှာပေါ့။ ပစ်ရင်လည်း ပစ်သတ်ရမှာပေါ့။ အဲ့လိုပဲ အမိန့်ပေးလိုက်တာပါ။ ဒါပေမယ့် ပစ်သတ်ခိုင်းတာတော့ မဟုတ်ပါဘူး။ တကယ်လို့ လိုအပ်ရင် သူက အမိန့်ကို နားမထောင်ရင်ပေါ့၊၊ အခုကျတော့ သူက ဘာမှမလုပ်ရဲဘူး။ နိုင်ငွေပေးတဲ့ အမိန့်အတိုင်း လက်နက်ကို ပြန်ထားခဲ့ရတယ်” လို့ ဒေါက်တာသီရိမွန်ချမ်းက ရှင်းပြပါတယ်။

တာဝန်ကနေ ထုတ်ပယ်ခံရတာဟာလည်း MSDF ရဲ့ ကော်မတီထဲမှာ မြေပြင်မှာ အမှန်တကယ်လှုပ်ရှားနေသူဟာ ဒေါက်တာသီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ ၂ယောက်သာရှိပြီး ကျန်ရှိတဲ့ ကော်မတီဝင်တွေက နိုင်ငံရပ်ခြားမှာ ရှိနေတာကြောင့် မြေပြင်အခြေအနေကို အမှန်တကယ်နားမလည်ဘဲ နိုင်ကိုသူရဲ့ ပြောစကားကိုသာ နားထောင်လိုက်ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒေါက်တာ သီရိမွန်ချမ်း


MSDF ရဲ့ ကောင်စီဝင်တစ်ယောက်ကတော့ “ကော်မတီဝင်တွေ လက်မခံနိုင်တဲ့ လုပ်ရပ်တွေကို ကျူးလွန်တာဖြစ်တာကြောင့် ကော်မတီဝင်တွေ အားလုံးရဲ့ ဆန္ဒနဲ့ ထုတ်ပယ်တာဖြစ်တယ်။ အဓိကကတော့ မြေပြင်အခြေအနေတွေကို ကောင်းမွန်စွာ နားမလည်ဘူး… မြေပြင်မှာလည်း မနေနိုင်ဘူး။ မြေပြင်ကိုလည်း ဆင်းတာ မရှိဘူးပေါ့နော် …. မြေပြင်က ပေးပို့ထားတဲ့ အချက်အလက်တွေအပေါ်မှာ မှန်ကန်ကောင်းစွာ သုံးသပ်နိုင်ခြင်းမရှိဘဲနဲ့ တပ်မှူးတွေကို မပေးသင့် မပေးအပ်တဲ့ အမိန့်တွေ ညွှန်ကြားချက်တွေ ပေးလိုက်တဲ့ အပေါ်မှာ ကော်မတီဝင်တွေက လက်ခံနိုင်စရာ အကြောင်းမရှိတဲ့ အတွက်ကြောင့် ထုတ်ပယ်ရခြင်းဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဒီပြဿနာတွေ မတိုင်ခင်မှာလည်း ဒေါက်တာသီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကြားမှာ တပ်တွင်းကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပွတ်တိုက်မှုတွေ ရှိခဲ့ဖူးတယ်လို့ နီးစပ်သူတွေက ဆိုထားပါတယ်။

ဒေါက်တာသီရိမွန်ချမ်းကတော့ “အခုလိုမျိုး တော်လှန်ရေး အရှိန်အဟုန် ကောင်းလာမှ အခုလိုမျိုး ကွဲထွက်ဖို့အတွက် ကြိုးစားမှုဟာ မသင့်တော်တဲ့ လုပ်ရပ်လို့ မိမိပြောချင်တယ်။ ဒီကိစ္စက လူစုပြီး အာဏာသိမ်းလိုက်တဲ့ သဘောပေါ့နော်။ မိမိကတော့ တပ်အတွက် ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ရပ်တည်ခဲ့တယ်။ ကိုသူက လက်နက်တွေကို တပ်ရင်းကနေ ခွဲထုတ်ပြီးတော့ တပ်ကိုဖွဲ့မယ့်သဘော။ ဒါကြောင့်မို့ အောက်ခြေမှာရှိတဲ့ တပ်မှူးတွေနဲ့ ပြဿနာဖြစ်ပြီး အဲဒီ ပြဿနာမှာ မိမိအနေနဲ့ ပြတ်ပြတ်သားသား အမိန့်ပေးခဲ့တဲ့အတွက် မကျေနပ်တာ” လို့ ပြောပါတယ်။

“ဒီဟာနဲ့ ပတ်သက်ပြီး နစ်နာခဲ့ရတဲ့သူတွေကို ကျနော်တို့ ဖက်ဒရယ်ကောင်စီ (MSFC) တရားရေးဌာနကိုလည်း တိုင်ကြားထားဖို့ရှိပါတယ်။ သူကလည်း MSFC ရဲ့ သဘာပတိဖြစ်တဲ့အတွက်ကြောင့်မို့ တိုင်ကြားသွားဖို့ရှိတယ်။ နစ်နာခဲ့ရတဲ့ ကိစ္စရပ်တွေအတွက် တရားမျှတမှုရယူဖို့အတွက်ကို ကျနော်တို့ MSDF က ကော်မတီဝင်တွေအားလုံး အစွမ်းကုန်ကြိုးစားသွားမှာ ဖြစ်ပါတယ်” လို့ MSDF ရဲ့ ကောင်စီဝင်တစ်ယောက်ကလည်း ဆိုပါတယ်။

အဆိုပါ ပြဿနာတွေဟာ လွန်ခဲ့တဲ့ ၇ရက်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး‌ မနေ့က ညပိုင်းမှာတော့ ကော်မတီဝင်တွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးခေါ်ခဲ့တာဖြစ်ကြောင်း၊ အဲဒီအစည်းအဝေးမှာလည်း ဒေါက်တာသီရိမွန်ချမ်းက ကော်မတီဝင်တွေအနေနဲ့ ဖြစ်ရပ်မှန်ကို နားလည်သိရှိဖို့ အောက်ခြေမှာရှိတဲ့ တပ်ရင်းမှူးကိုလည်း မေးမြန်းသင့်ကြောင်း၊ မေးမြန်းပြီးတော့မှသာ ဆွေးနွေးလုပ်ဆောင်ဖို့ ပြောဆိုထားခဲ့ကာ ဒီနေ့မနက်မှာတော့ ဒေါက်တာသီရိမွန်ချမ်းကို တာဝန်ကနေ ထုတ်ပယ်ကြောင်း စာ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်ထားပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ယမ်းထုတ်ယူဖို့ ကြိုးစားရာက ပေါက်ကွဲပြီး ဒေသခံနှစ်ယောက် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ပစ်ထားပြီး မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီးကို ယူလာကာ ယမ်းထုတ်ယူဖို့ လုပ်ဆောင်နေစဉ်မှာပဲ ထပေါက်ကွဲလို့ ဒေသခံ ၂ ယောက်လုံး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

တိုင်း ၃ ခုဆုံရာကို စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးနေပြီး အယောက် ၇၀ ကျော် ထိခိုက်သေဆုံးထား

" အဲ့ဒီနေ့က စခန်းနေ ရဲဘော်တွေ ရှေ့စစ်ကြောင်းထွက်နေချိန် နောက်ကနေ ခွေးစစ်ကြောင်းပတ်ထိုးတာနဲ့ ကြုံခဲ့ရတာပါ။ စခန်းမှာလည်း စခန်းစောင့် ရဲဘော်နဲ့ ရဲမေအချို့ ပဲ ကျန်ခဲ့တာ။ သူတို့တော့ လွတ်ပါတယ်။ လက်နက် ဆုံးရှုံးမှု၊ ရဲဘော် ဆုံးရှုံးမှု မရှိပေမယ့် မိုးတွင်းရိက္ခာ စုဆောင်းထားတာတွေရယ် ဘတ္ထရီအိုး ဆိုလာပြားတွေကတော့ မီးရှို့ခံခဲ့ရပါတယ်။" လို့ နေပြည်တော် PDF တပ်ရင်း၈၀၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ ဆန့်ကျင်ကန့်ကွက်ပွဲပြုလုပ် (ဓာတ်ပုံသတင်း)

တရုတ်နိုင်ငံမှ မြန်မာစစ်အုပ်စုကို ထောက်ပံ့ကူညီနေမှုများကို အမြန်ဆုံးရပ်တန့်ဖို့ဆန့်ကျင်ကန့်ကွက်ပွဲကိုပြုလုပ်အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

အောက်တိုဘာလအတွင်း စစ်တပ်ကြောင့် ၁၈ နှစ်အောက်ကလေး အယောက် ၃၀ ကျော် သေဆုံးခဲ့

လက်ရှိ အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် မြန်မာပြည်တဝန်း သေဆုံးသူ ၃၅ ယောက်ရှိခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်း စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် မြို့များတွင် လူငယ်များ ပေါ်တာဆွဲဖမ်းဆီးခံရမှု ဆက်တိုက်ဆိုသလိုရှိနေ

ရန်ကုန်တိုင်းအတွင်းက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားရာ မြို့နယ်နဲ့ ဆက်စပ်မြို့နယ်တွေမှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရမှု အခြေအနေ ပိုမိုဆိုးရွားလာပြီး စစ်အုပ်စုလက်ပါးစေ ပျူစောထီးတွေက ဦးဆောင်လုပ်ကိုင်နေတယ်လို့ Rangoon Scout Network တာဝန်ရှိသူ မောင်းကို ပြောပါတယ်။