ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အုတ်ကျင်း စစ်ကြောရေးအတွင်း ဖမ်းဆီးခေါ်ဆောင်ခံထားရတဲ့ စိတ်ဝေဒနာရှင် လူငယ်၁ယောက် တိုက်ပေါ်က ခုန်ချသတ်သေတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်း Shwe Pyi Thar Information အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဇူလိုင် ၉ ရက်၊ မနေ့က နေ့လယ်ပိုင်းမှာ အထက်ပါဖြစ်စဥ် ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အသက် ၂၀ကျော်အရွယ် ရွှေပြည်သာမြို့နယ်နေ စိတ်ကျန်းမာရေးအားနည်းတဲ့ အမျိုးသားလူငယ်ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါလူငယ်ဟာ အုတ်ကျင်းစစ်ကြောရေးရဲ့ နှစ်ထပ်အဆောင်တစ်ခုပေါ်ကနေ ခုန်ချခဲ့တာဖြစ်ပြီး ခုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ထားစဥ် ညပိုင်းမှာပဲ သေဆုံးသွားခဲ့တာလို့ Shwe Pyi Thar Information က ဖော်ပြပါတယ်။

“အဲ့ကို သူရောက်တာ ၁၀ရက်လောက်ရှိပြီပြောတယ်။ ရွှေပြည်သာကနေ ခေါ်ခံလာရတာပါ။ စိတ်ကျန်းမာရေးအားနည်းသူလို့ ပြောရမယ်။ အဲ့ဒါ တိုက်ပေါ်ကနေ ခုန်ချလို့ ဆေးရုံပို့ထားတာ ည ၁၀နာရီ လောက်ပဲ သေသွားတယ်လို့သိရတယ်” လို့ Shwe Pyi Thar Information အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အထက်ပါစစ်ကြောရေးနေရာမှာ ရန်ကုန်မြို့ နေရာအသီးသီးကနေ ခေါ်ဆောင်ခံလာရတဲ့ လူငယ်လူရွယ် ခန့်မှန်းအယောက် ၄၀၀ နီးပါးအထိရှိပြီး ရွှေပြည်သာမြို့နယ်က အယောက် ၄၀ ကျော်ပါဝင်ကြောင်း၊ စစ်ကြောရေးကတဆင့် စစ်မှုထမ်းသင်တန်းကျောင်းတွေကို ပို့ဆောင်တာဖြစ်ကြောင်း သိရပါတယ်။

“ကျနော်တို့သိရသလောက် လူ ၄၀၀ နီးပါး ရှိနေတယ်။ ရန်ကုန်တစ်မြို့နယ်လုံး အတိုင်းအတာနဲ့ပေါ့။ အဲ့မှာစစ်ကြောရေးလုပ်ပြီးမှ မှော်ဘီ တိုက်ကြီးဘက်က သင်တန်းတွေကိုပို့တယ်ကြားတယ်။ လူစုတဲ့ပုံစံပဲဗျ။ အရေအတွက်မပြည့်ခင်အထိ ခဏ ထိန်းထားတဲ့သဘောပါ”လို့ Shwe Pyi Thar Information အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဖြစ်စဥ်မဖြစ်ပွားခင် ၅ရက်အလိုကလည်း ပုံစံတူဖြစ်စဥ်မျိုး ဖြစ်ပွားခဲ့သေးပြီး တိုက်ပေါ်ကခုန်ချရာမှာ ရေကန်ထဲပြုတ်ကျတာကြောင့် လူငယ်၁ယောက် အသက်မသေခဲ့တာဖြစ်ကြောင်း သိရပါတယ်။

“အဲ့နေရာမှာက အရင်ကလည်း suicide ဖို့ ကြိုးစားကြတာတွေ ရှိကြတယ်ပေါ့။ အတင်းအဓမ္မ ခေါ်ဆောင်ခံကြရတာဆိုတော့ စိတ်ထွက်ပေါက်ရှာသွားကြတာနေမှာ။ အခုဒီကောင်လေးကကျတော့ ကျနော်သိလိုက်လို့သာ ဒီလိုဖြစ်တယ် ပြည်သူသိကြရတယ်ပေါ့။ လူမသိသူမသိ အဆုံးစီရင်ကြတာတွေ အများကြီးပဲဗျ။ ကလေးနဲ့ပတ်သက်ပြီး သိတာကတော့ အတွင်းကျကျ ပြောပြပေးလို့မရလို့ပါ”လို့ Shwe Pyi Thar Information အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ပြေလည်ရေး လမ်းစမရှိဘူးလို့ NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရေးဆွဲထားတဲ့ အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ (တတိယမူကြမ်း)အတွက် မိတ်ဖက်တိုင်းရင်းသား အင်အားစုတွေနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ဆက်တိုက်လုပ်ဆောင်တော့မယ်လို့ အသိပေးထုတ်ပြန်လာပါတယ်။ 
Read More

စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ချင်းတွင်းမြစ် ရေဘေးသင့် ပြည်သူများကို မင်းကင်းမြို့နယ် ပကဖ စားနပ်ရိက္ခာ ကူညီထောက်ပံ့

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ရေဘေးသင့်နေတဲ့ ကျေးလက်နေ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်းကင်းမြို့နယ် ပကဖ အဖွဲ့က စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးနေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

သဲကုန်းမြို့အဝင်အထွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပေါင်းတည် PDF တိုက်ခိုက်၊ ၄ ဦး သေဆုံးဟု ဆို

ပဲခူးတိုင်း၊ သဲကုန်းမြို့ မြို့အဝင်အထွက် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁ ) - ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ နိုင်ပြီ…

ဒီကနေ့ညမှာ ကျင်းပတဲ့ One Championship မွေထိုင်းပွဲစဥ်မှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က ထိုင်းဖိုက်တာ ဂျူနီယာဖဲတက်စ်ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူသွားပါတယ်။
Read More

ဘုတလင်တွင် စက်တပ်လေထီးရော ဂျက်ဖိုက်တာဖြင့်ပါ လေကြောင်းတိုက်ခိုက်ခံရပြီး စစ်ရှောင်ကျောင်းသူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ကျောင်းသူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Budalin Mobile Team - BMT တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ချင်းပြည်နယ် မြို့သိမ်းတိုက်ပွဲတွေမှာ မဟာမိတ်အဖြစ် ယောတပ်တော် ပါဝင်ခဲ့၊ ယောဒေသလွတ်မြောက်ရေးလည်း ဆက်လက်လုပ်ဆောင်မယ်

ချင်းပြည်နယ်က မတူပီ၊ မင်းတပ် မြို့သိမ်းတိုက်ပွဲတွေမှာ ချင်းညီနောင်တပ်တွေနဲ့အတူ ယောတပ်တော်က မဟာမိတ်အဖြစ် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။