စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး ချင်းတွင်းမြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော ၃စီးကို ရှေ့ထွက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် သင်္ဘောတစ်စီး မီးလောင်သွားတယ်လို့ မုံရွာခရိုင် တပ်ရင်း (၁၅) တပ်ခွဲ (၄) Black Leopard Force (BLF) ထံက သိရပါတယ်။

ဇူလိုင်လ ၈ရက် နေ့လယ် ၁၂နာရီလောက်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘော ၃စီး၊ တွဲတွန်း ၂၉ စီးတို့ကို ချင်းတွင်းမြစ်ကြောင်း တစ်နေရာမှာ ရှေ့ထွက်မိုင်း ၂၈ လုံးနဲ့ ပွိုင့် ၅ပွိုင့် ခွဲပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အခုလို တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က လက်နက်ကြီးငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ရာ ၃နာရီကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးကြောင့် စစ်သင်္ဘောတစ်စီး မီးလောင်ပျက်စီးသွားသလို စစ်အုပ်စု ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ချင်းတွင်းမြစ်အနီး ကျေးရွာက ဒေသခံ ၂ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“***တွေကတော့ အထက်ကိုဆန်ပြီးတော့ မုံရွာအုန်းပင်ဆိပ်ကိုရပ်သွားတယ်။ ထိခိုက်သေဆုံးတာတော့ စုံစမ်းနေတယ် သင်္ဘောတစ်စီး မီးလောင်သွားတယ် မုံရွာကနေပြီးတော့ တစ်ဆင့်လာပြီးတော့ ပြန်ဆွဲသွားတာ သင်္ဘောကရပ်နေလို့ဆိုပြီးတော့။  ***တေပစ်တဲ့ လက်နက်ကြီးတွေက ရွာထဲကျပြီး ပြည်သူ ၂ဦး ထိတယ်၊ မစိုးရိမ်ရဘူး” လို့ မုံရွာခရိုင် တပ်ရင်း(၁၅) တပ်ခွဲ(၄) Black Leopard Force (BLF) တပ်ဖွဲ့ဝင်က မောင်း ကိုပြောပါတယ် ။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း(၁၅) တပ်ခွဲ(၄) Black Leopard Force (BLF) ၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၂) ၅\ Commando Force နဲ့ Chindawin Dynamite (Salingyi) အဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်သင်္ဘောများအား ပစ်ခတ်တိုက်ခိုက်နေစဥ် (ဓာတ်ပုံ BLF)

0 Shares:
You May Also Like
Read More

ပြည်တွင်း အမြန်ချောပို့လုပ်ငန်းများ ကုန်အမျိုးအစား၊ အလေးချိန်နှင့် ပို့ဆောင်ရမည့်နေရာများ ကန့်သတ်ခံထားရ

စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းမှာပါ Delivery service (အမြန်ချောပို့) လုပ်ငန်းတချို့ရဲ့ ကုန်ပစ္စည်းအမျိုးအစား၊ ကုန်အလေးချိန်နဲ့ ကုန်ပို့ရမယ့် နေရာတွေကို ကန့်သတ်လာတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။
Read More

ခရီးသွားရင်း ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်

စစ်ကိုင်းမြို့နယ်အတွင်း ခရီးသွားရင်း စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား တစ်ယောက်ဟာ ဇူလိုင်လ ၁၄ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ဆိပ်ဖြူတစ်ကိုယ်တော် ကျားဇိုးက မောင်းကို ပြောပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပြည်သူ ၁ ယောက် သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က ကမိုင်ကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို)က ထုတ်ပြန်ထားပါတယ်။
Read More

ရန်သူ ဝမ်းသာမည့် ကိစ္စရပ်များကို ရှောင်ရှားကာ တော်လှန်ရေးအင်အားစု အားလုံး ညီညွတ်ရေးကို ရှေ့ရှုကြဖို့ NUG ယာယီသမ္မတ တိုက်တွန်း

လူမျိုးစုတွေ ညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ရေးသို့ ရှေ့ရှုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ  ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ စစ်ဆင်ရေးမှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကယန်းအမျိုးသားတပ်မတော် (KNA) က စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတချို့မှာ စစ်ဆင်ရေးပြုလုပ်နေခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဒီနေ့ နိုဝင်ဘာလ ၁၇ ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။
Read More

မြင်းခြံတွင် ၂ ရက်အတွင်း အယောက် ၃၀ နီးပါး ပေါ်တာဆွဲခံရဟု ဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ၂ ရင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံရသူ အယောက် ၃၀ နီးပါး ရှိနေပြီလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံက သိရပါတယ်။