ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေကို PDF တပ်ရင်းမှူး ထောက်ခံစာနဲ့အတူ သယ်ယူလာတဲ့ တော်လှန်ရေးရဲဘော် ၃ ယောက်အပါအဝင် ၅ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force – Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ (၈)ရက်က ယင်းမာပင်ခရိုင် PDF အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ ဖလမ်းမြို့နယ် ဗားရ်တံတားကို Hilux ကား၊ Forland ကားတို့နဲ့ သယ်ယူလာတဲ့ စိတ်ကြွဆေးပြား ၃သန်းခန့်၊ No. 4 ခေါ် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနက် (၂) လက်၊ mini starlink (၂)ခုတို့နဲ့အတူ တော်လှန်ရေး ရဲဘော်(၃) ယောက်၊ ယာဥ်မောင်း(၁) ယောက်နဲ့ စပယ်ယာ(၁) ယောက်တို့ကို ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မူးယစ်ဆေးဝါးတွေကို သယ်ယူပို့ဆောင်ရေးမှာ တာဝန်ခံဖြစ်တဲ့ မောင်ဇော်လတ် (အမည်ရင်း ဦးဝင်းမော်) နဲ့ ကိုပုတီး (အမည်ရင်း ဦးကျော်မင်းဇော်) တို့ကတော့ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ CDF-Hakha က ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေကိုတော့ ဇူလိုင်လ(၉)ရက် မနေ့က မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးထားသူတွေကိုလည်း တရား ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဟားခါးမြို့နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်းနဲ့ သယ်ယူပို့ဆောင်ခြင်းတွေကို ထပ်မံတွေ့ရှိရင် ထိရောက်စွာ အရေးယူသွားမှာဖြစ်သလို ပြည်သူတွေအနေနဲ့လည်း မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးလုပ်ငန်းစဥ်တွေမှာ ပူးပေါင်းပါဝင်ပေးဖို့ Chinland Defense Force – Hakha က တိုက်တွန်းထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မကွေးတိုင်းအတွင်း PDF များ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စလင်းနှင့် ဆင်ဖြူကျွန်းကို ဝန်းရံပိတ်ဆို့ထားကြောင်း NUG ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအနေနဲ့ မကွေးတိုင်းထဲက စလင်းနဲ့ ဆင်ဖြူကျွန်းအပါအဝင် မြို့နယ် ၆ မြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ် စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ပိုက်ဆံအတု စက်ဖြင့် ကိုယ်တိုင်ထုတ် သုံးစွဲနေသည့် အမျိုးသမီး ကားဝယ်ရင်း ဖမ်းခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာမှာ ငွေတုထုတ်စက်တွေနဲ့ ပိုက်ဆံထုတ်ယူ သုံးစွဲနေတဲ့ အမျိုးသမီးကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တိုကျိုမြို့ရှိ Ikebukuro ၏ Global Ring Theatre တွင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် စတုဒီသာပွဲ ပြုလုပ်ခဲ့

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Ikebukuro ရဲ့ Global Ring Theatre မှာ အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် စတုဒီသာပွဲကို ဇွန်လ ၂၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြောက်ဥက္ကလာပ စစ်ကောင်စီ အမှတ် (၄၃၅) တပ်ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က စစ်ကောင်စီရဲ့ အမှတ် (၄၃၅) တပ်ကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

တောင်ပိုင်းစစ်ဒေသမှာ တိုက်ပွဲဝင်နေတဲ့ 96 Soldiers PDF တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

မိုးဗြဲတိုက်ပွဲတွင် အသက် ၂၁နှစ်ရွယ် ဒုတပ်စိတ်မှူး ရဲဘော် ဂျွန်နယူးမင်းနဲနယ် (ခ) ဖားတီ မြင့်မြတ်စွာ ကျဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရှမ်းတောင် (ကယား) ကရင်နီ တိုင်းစစ်ဌာန၊ အမှတ် (၁၁၀၆) တပ်ရင်းက ဒုတပ်စိတ်မှူး ရဲဘော် ဂျွန်နယူးမင်းနဲနယ် (ခ) ဖားတီဟာ မိုးဗြဲမြို့ တိုက်ပွဲမှာ မြင့်မြတ်စွာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။