တနင်္သာရီတိုင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ မြိတ်-ထားဝယ်ခရိုင်အတွင်း ရေဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် (၃) ယောက်နဲ့ ပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၈ ရက် ညနေပိုင်းက ရေဖြူမြို့နယ်၊ ပစောလောနဲ့ ကော့လှိုင်ကျေးရွာ အကြားရှိ အမှတ် ၈ လမ်းမကြီးအနီး တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၂၈၂ က လက်နက်ကြီး ၁၂၀ မမ ပစ်ခတ်ခဲ့ရာ ကော့လှိုင်နဲ့ မရမ်းချောင်းကြားရှိ (၅၅)မိုင် ရော်ဘာခြံနား ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးဟာ မြစ်ဝကျွန်းပေါ်ဒေသကနေ လာရောက်နေထိုင်တဲ့ အရပ်သား မိသားစု နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး (၁၁) နှစ်အရွယ်၊ (၂) နှစ်အရွယ်နဲ့ (၁) နှစ်ခန့်အရွယ် ကလေးငယ် (၃) ယောက်နဲ့ အမျိုးသား (၁) သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

KNU မြိတ်-ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ကာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မကြာခဏ ပြုလုပ်နေတာကြောင့် ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူတွေ သေဆုံး ဒဏ်ရာရရှိမှုတွေ ဖြစ်ပေါ်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ၏ ခလရ ၂၈၂ မှ ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

စလင်းမြို့ပေါ် စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်.. “ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးတဲ့သူ၊ ပါဝင်ပတ်သက်တဲ့သူ ဘယ်သူ့ကိုမဆို စာနာထောက်ထားနေမှာ မဟုတ်ပါဘူး။ ကျနော်တို့ ဖောက်ခွဲတိုက်ခိုက်သွားမှာပါ။”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ရက်နေ့က စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ စစ်အုပ်စုကင်းလှည့်လာချိန် အသင့်စောင့်ကြို ဖောက်ခွဲတိုက်ခိုက်ခဲ့သလို အောက်တိုဘာလ ၁၆ရက်နေ့မှာလည်း စလင်းမြို့လယ်ခေါင် ပန်းခြံထောင့်က စစ်အုပ်စုကင်းပုန်းနေရာကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ "ဆင်ဖြူကျွန်းလမ်းပိုင်းမှာ စခလှည့်ကင်းကားတွေလာမယ့်အချိန် အသင့်စောင့်ပြီး ၁လုံးခွဲတာ မိုင်းက မအောင်ဘဲ (Error) ကား၂စီးလုံးကျော်သွားမှ ကွဲတယ်။ နောက်နေ့ စလင်းမြို့လယ်ခေါင် ပန်းခြံထောင့်မှာ ခွဲတာကတော့ ထိခိုက်မှုမသိရသေးပါဘူး။" လို့ ပြည်သူ့ညီနောင်-စလင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

PNLA ဌာနချုပ် ဧရိယာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ် ၂ လုံး ပျက်စီး

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မောက်မယ်မြို့နယ်က PNLA ဌာနချုပ် ဧရိယာနဲ့ နောင်ထောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ PNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်တွင် KIA တပ်သားသစ် စုဆောင်းမှုကို ထွက်ပြေးရင်း ဒေသခံ ၁ဦး မြေစာပုံပေါ်မှ ပြုတ်ကျသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ် (KIA) ရဲ့ တပ်သားသစ်စုဆောင်းမှုကနေ ထွက်ပြေးကြရင်း ဒေသခံတစ်ယောက် မြေစာပုံပေါ်ကနေ ပြုတ်ကျသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ငဖဲမြို့နယ်မှာ ကားလမ်း လုံခြုံရေး လုပ်ဆောင်ရန်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၉ ဦး သေပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ကားလမ်း လုံခြုံရေး လုပ်ဆောင်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငဖဲတွင် စစ်ကောင်စီတပ်သားများ ပြောက်ကျားတိုက်ခိုက်ခံရပြီး ၁ဦးသေ၊ MA 1 သေနတ် ၁လက်နှင့် ကျည်ဘောက်များ ACDF ရရှိ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ပြောက်ကျားတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး MA1 သေနတ် ၁ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက မောင်းကို ပြောပါတယ်။
Read More

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် စစ်ဗျူဟာအမှတ် (၈) ရဲ့ အပတ်စဥ်(၅) မွမ်းမံသင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် စစ်ဗျူဟာအမှတ် (၈) က ပြုလုပ်တဲ့ အပတ်စဥ်(၅) မွမ်းမံသင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂ရက်နေ့ မနက်ပိုင်းမှာ ကရင်နီပြည်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။