ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဗားရ်တံတားမှာ ယင်းမာပင်ခရိုင်အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဖမ်းဆီးရမိကြောင်း Chinland Defense Force-Hakha က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၈ ရက်က ဖလမ်းမြို့နယ် ‌ဗားရ်တံတားမှာ ကား ၂ စီးနဲ့ သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၃သန်းခန့်၊ No. 4 ခေါ် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနတ် ၂ လက်၊ mini starlink ၂ ခုတို့နဲ့အတူ တော်လှန်ရေးရဲဘော် ၃ ယောက်၊ ယာဉ်မောင်း ၁ ယောက်နဲ့ စပယ်ယာ ၁ ယောက်တို့ကို ဟားခါးမြို့နယ်အတွင်း Chinland Defense Force-Hakha က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသယ်ယူပို့ဆောင်ရေးမှာ တာဝန်ခံဖြစ်တဲ့ ဦးဝင်းမော်(ခ) မောင်ဇော်လတ်နဲ့ ဦးကျော်မင်း (ခ) ကိုပုတီးတို့ကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးမိထားတဲ့ မူးယစ်ဆေးဝါးတွေကို ဇူလိုင်လ ၉ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းမိထားသူတွေကို တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Video – Chinland Defense Force-Hakha

0 Shares:
You May Also Like
Read More

MNDAA ပြန်လည်ဆုတ်ခွာနေသည့် လားရှိုးမြို့မှာ အုပ်ချုပ်ရေးပျက်ယွင်းနေ၊ အထက်တန်းကျောင်းတစ်ကျောင်းမှာ အုပ်စုလိုက် ပစ္စည်းခိုးယူမှုဖြစ်ပွား (ရုပ်/သံ)

တရုတ်အစိုးရရဲ့ ဖိအားကြောင့် MNDAA ဟာ လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာနေပြီး မြို့အုပ်ချုပ်ရေး ပျက်ပြားမှုကြောင့် ဒီနေ့ဧပြီ ၂၀ ရက်မှာ လားရှိုး အထက ၅ ကျောင်းအတွင်း အုပ်စုဖွဲ့ ပစ္စည်းခိုးယူမှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံက ဗီဒီယိုဖိုင်နဲ့တကွ လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။
Read More

မူဆယ်မှာ အခွန်မပေးတဲ့ ကျားဖြန့်တွေကို ဝင်ဖမ်းတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တွေ ပစ်ခတ်မှုဖြစ်ပွား (ရုပ်/သံ)

ရှမ်းပြည်နယ် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ဒီဇင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက (အွန်လိုင်းငွေလိမ်ဂိုဏ်း) ကျားဖြန့်လုပ်ကိုင်သူတွေကို ဝင်ရောက်ဖမ်းဆီးတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ငူခရိုင် ဖြူးလမ်းမကြီးဘေးရှိ ကျေးရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲနှင့် စစ်သား ၈ သေ၊ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးလမ်းမကြီးဘေးရှိ ဝဲဒေါင့်ရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး ရဲနဲ့ စစ်သား ၈ ယောက်ကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ပါတယ်။
Read More

S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဆောက်လုပ်ထားသည့် မြေအောက်စာသင်ကျောင်းဆောင် (ရုပ်/သံ)

စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့ ဆောက်လုပ်ထားတဲ့ မြေအောက်စာသင်ကျောင်းဆောင်ကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က မှတ်တမ်းရုပ်သံထုတ်ပြန်ခဲ့ပါတယ်။
Read More

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေး ဂိတ်ကို မတ်လ ၈ ရက် ယနေ့ နံနက်ပိုင်းက ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

ဗိုလ်တထောင်မြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကွန်တိန်နာယာဉ်နှင့် စျေးဆိုင်ခန်းများ ပျက်စီး (ရုပ်/သံ)

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ ဒီနေ့ ဇူလိုင်လ ၂၄ရက် မနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။