နိုင်ငံတစ်ဝန်း မြို့ပေါင်း ၆၁ မြို့က တော်လှန်ရေးတပ်ဖွဲ့ ၂၃ ဖွဲ့ကို အာရက္ခတပ်တော် (AA) က ထောက်ပံ့ပေးထားပြီး အဲ့ဒီထဲက ၈ ဖွဲ့ဟာ AA နဲ့အတူ ပူးပေါင်းစစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ မြန်မာ့မဟာ ဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူး (ISP-Myanmar) က ထုတ်ပြန်ထားပါတယ်။

ISP-Myanmar ရဲ့ မနေ့က ထုတ်ပြန်တဲ့ “အို… မြောက်ပိုင်းလမ်း …ဒုတ်ဒုတ်ထိမျက်တွေ့ (De Facto) ထီးပြိုင်နန်းပြိုင် ရခိုင်ပြည်”ဆိုတဲ့ သုံးသပ်ချက်မှာ အခုလို ဖော်ပြထားတာဖြစ်ပြီး AA ထောက်ပံ့ထားတဲ့ တော်လှန်ရေးလက်နက်ကိုင် ၂၃ ဖွဲ့ကတော့ BPLA, DRPA, CDF-Kanpetlet, BNRA, YA, CDF-Matupi, CDF-Mindat, YDF, PDF Zoland, BA, CNDF, AYA POF, KNDF, MDF, BLDF, PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho တို့ ဖြစ်တယ်လို့ ISP Myanmar က ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အဆိုပါ တော်လှန်ရေးအဖွဲ့ ၂၃ ဖွဲ့အတွက် လက်နက်ရိက္ခာနဲ့ စစ်သင်တန်း စတဲ့ အရင်းအမြစ်တွေကို AA အနေနဲ့ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် အပြည့်အဝ ထောက်ပံ့ပေးနေတယ်လို့ ISP-Myanmar က ဆိုပါတယ်။

အဆိုပါတော်လှန်ရေးတပ် ၂၃ ဖွဲ့ဟာ နိုင်ငံတစ်ဝန်း မြို့ပေါင်း ၆၁ မြို့မှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာဖြစ်ပြီး အဲ့ဒီအထဲက PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho တို့ကတော့ AA ရဲ့ စစ်ရေးကွပ်ကဲမှုစနစ်အတွင်း ပူးပေါင်းပါဝင်ကာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်း၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတို့မှာ စစ်ရေးဖော်ဆောင်နေတယ်လို့ ISP-Myanmar ရဲ့ သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ ISP Myanmar)

“အာရက္ခတပ်တော်(AA)ဟာ မြန်မာ့ပဋိပက္ခရဲ့ အရှေ့မြောက်၊ အရှေ့တောင်နဲ့ အနောက်ပိုင်းစင်္ကြံသုံးခု စလုံးမှာ ခြေရာပေါက်နိုင်ရုံသာမက ဗမာတွေရဲ့ အညာမှာလည်း လက်တံရှည်ရှည် ဆန့်ထုတ်လွှမ်းမိုးနိုင်စွမ်းရှိတဲ့ တခုတည်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) ဖြစ်ပါတယ်။ ရခိုင်ကို အခြေပြုပြီး ဧရာဝတီ၊ မကွေးနဲ့ ပဲခူးကိုပါ ထိုးစစ်ဆင်နိုင်တဲ့ ထူးထူးခြားခြား EAO ဖြစ်ပါတယ်။” လို့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“AA ရဲ့မဟာဗျူဟာကို ခြုံကြည့်ရရင် မြေကျယ်ကျယ်ယူ၊ ခြံစည်းရိုးမြင့်မြင့်ခတ်၊ စိတ်ချရတဲ့ အစောင့်တွေထား (an extended yard, a high fence, and reliable gatekeepers) ဖြစ်ပုံရပါတယ်။ ရခိုင်ကနေ ချင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ စသဖြင့် ဖြန့်ထွက်နယ်မြေစိုးမိုး၊ သဘာဝရိုးမအပြင် မဟာမိတ်အကာအကွယ် တံတိုင်းမြင့်မြင့်ခတ်၊ အားကိုးရတဲ့ လက်နက်ကိုင်အဖွဲ့ငယ်တွေကို ကြားခံအဖြစ် နေရာချထားဆိုတဲ့ မဟာဗျူဟာက အလုပ်ဖြစ်နေပုံရပါတယ်။” လို့ ISP-Myanmar က ဆိုထားပါတယ်။

(ဓာတ်ပုံ ISP Myanmar)
0 Shares:
You May Also Like
Read More

တော်လှန်အနုပညာရှင် မင်းမော်ကွန်း၏ ဖြတ် ရုပ်ရှင် ကနေဒါမှာ ပြသ (ဓာတ်ပုံသတင်း)

အာဏာသိမ်း စစ်ကောင်စီကို အနုပညာအားနဲ့ တော်လှန်တိုက်ခိုက်နေတဲ့ မင်းမော်ကွန်းရဲ့ ဖြတ် ရုပ်ရှင်ပြပွဲကို မတ်လ ၁၅ ရက်က ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့၊ BCIT မှာ ကျင်းပခဲ့ပါတယ်။
Read More

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) လှုပ်ရှားရာဒေသဖြစ်တဲ့ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကျေးရွာအတွင်းရှိ လွယ်ဟောင်ရွာနဲ့ ဖက်ရင်းကုန်းရွာကြားမှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DPLA က မနေ့ ထုတ်ပြန်ပါတယ်။
Read More

လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ပူလူတူစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်၊ စစ်သားများ ထိုင်းနိုင်ငံဘက် ထွက်ပြေး

ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့နယ်ခွဲက စစ်ကောင်စီတပ်ရဲ့ ပူလူတူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းစစ်သား ၄ ဦးကို ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းစစ်သား ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ (၃၃) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်ဒေသခံ ၇ ဦး ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကိုရင်တွေနဲ့ အရပ်သားတွေ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လူထုထောက်ခံမှု မရှိသည့် ပါတီများနှင့် စစ်ကောင်စီ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ ဟု NUG ပြော

လာမယ့် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီဟာ လူထုထောက်ခံမှု မရှိတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။