မကွေးတိုင်း ပခုက္ကူတပ်မ ၁၀၁ ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းအား ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ယောက်ခန့်ထိခိုက်မှုရှိခဲ့တယ်လို့ Garuda Secret Force က ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၃၁ ရက်မှာ ပခုက္ကူတပ်မ ၁၀၁ က စစ်ယာဉ် ၁၂၀ ခန့်၊ အင်အား ၁၀၀၀ ခန့်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ကမ္မမြို့ပေါ် တပ်စွဲနားခိုနေစဉ် ဒရုန်းနဲ့ ဗုံးသီးတွေ ၃ ရက်ဆက် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ယောက်ခန့် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဂဠုန်ပြောက်ကျားတပ်(Garuda Secret Force)နဲ့ Black Cheetah၊ ဒေါင်းသွေးနီပြောက်ကျား၊ မြိုင်ပကဖ၊ ဗိုလ်အောင်ကျော်(RG)၊ကိုရေခဲနှင့်ကိုဗလဦးဆောင်သောလူငယ်ပြောက်ကျားတပ်ဖွဲ့၊ ဂျင်လေး (Pl PDf)၊ အညာမြေတပ်ပေါင်းစု မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – Garuda Secret Force

0 Shares:
You May Also Like
Read More

အညာမြေတပ်ပေါင်းစု၏ စခန်းခွဲတစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦး ကျဆုံး (ရုပ်/သံ)

အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတစ်ခုကို စစ်ကော်မရှင်က စက်တင်ဘာ ၂၈ရက် မနေ့က ညနေပိုင်းမှာ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့အတွက် ရဲဘော် ၃ ယောက်ကျဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

သာစည်အကျဉ်းထောင်က စစ်ကောင်စီလက်အောက်ခံတွေနဲ့ ရဲကင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သာစည်ကျေးရွာ သာစည်ထောင်က စစ်ကောင်စီလက်အောက်ခံတွေနဲ့ ရဲကင်းကို စက်တင်ဘာ ၂၃ ရက် မနေ့က နေ့လည်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ထော်လာဂျီ၊ ဆိုင်ကယ်များဖြင့် ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ ပြောက်ကျားတိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံရွာကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ ပြောက်ကျား တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ သေနတ် ၄ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၄-၁၀)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာ စစ်အုပ်စုတပ်စခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်သား အများအပြား သေပြီး PDF ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ် ရုံးည်ကြီးကျေးရွာရှိ စစ်အုပ်စုတပ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၇ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက် ရုပ်သံ

''အခုလုပ်ဆောင်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုတာဟာ ဒီမိုကရေစီကျင့်ထုံနဲ့ ဒီမိုကရေစီ မူတွေကို လုပ်တဲ့ရွေးကောက်ပွဲ မဟုတ်ပါဘူး။ စစ်အာဏာထိန်းမှုကို တရားဝင်အာဏာအဖြစ် အသွင်ကူးပြောင်းဖို့ကို ရွေးကောက်ပွဲကို လက်နက်တစ်ခုလို အသုံးချတဲ့ ကိစ္စသာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးက အတုအယောင်ရွေးကောက်ပွဲလို့ နာမည်တပ်ရတာဖြစ်ပါ တယ်''
Read More

တောကျီးကန်းစစ်ကြောင်း ဒရုန်းတပ်ဖွဲ့ရဲ့ ၆လတာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သား ၁၃ ယောက်သေပြီး ၆၂ ယောက်ဒဏ်ရာရ (ရုပ်/သံ)

တောကျီးကန်းစစ်ကြောင်းရဲ့ ၆ လတာ စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူး ၁ ယောက်၊ ရဲအရာရှိ ၁ ယောက်နဲ့ ဗိုလ်အဆင့် ၁ ယောက်အပါအဝင် ၁၃ ယောက်သေပြီး ၆၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။