ပဲခူးတိုင်း တောင်ငူမြို့ရှိ စစ်ကောင်စီတပ်ရဲ့ ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိ ၅ ယောက်အပါအဝင် ၁၁ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကာ အပျက်အစီးလည်း များပြားခဲ့တယ်လို့  Brave Warriors for Myanmar (BWM) က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၈ ရက်က  Brave Warriors for Myanmar (BWM)ရဲ့ ဦးဆောင်မှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ ကေတုမတီလေတပ်စခန်းကို BWM Mission 42 အဖြစ် ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၁၁ လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ရှော့တိုက်ဒုံးတွေဟာ လေတပ်စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရာရှိနားနေဧည့်ဆောင် ခန်းမ ပြိုကျပြီး လေယာဉ်ပြေးလမ်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အုပ်ချုပ်မှူးရုံးနဲ့ ဆက်သွယ်ရေးစက်ပစ္စည်းတွေထားရှိရာ အဆောက်အအုံပြိုကျပျက်စီးပြီး အမှတ် (၂) ဆီဂိုဒေါင် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ Jet Fighter ၁ စင်း နောက်မြီးပိုင်း ထိခိုက်ပျက်စီးပြီး စစ်ထောက်ပို့ယာဉ် Y-8 ၁ စင်း ညာဘက်ခြမ်းပန်ကာနဲ့ ဆီတိုင်ကီမီးလောင် ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

လေတပ်အရာရှိ ၅ ယောက်အပါအဝင် ၁၁ ယောက်သေဆုံးပြီး လေတပ်အရာရှိ ၈ ယောက် အပါအဝင် ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးကို BWM ရဲ့ ဦးဆောင်စီမံမှုနဲ့အတူ MKCDF၊ ACPLF နဲ့ သံတောင် မြောက်ပိုင်းအထူးဒေသ အဖွဲတို့က KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – BWM

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ်အတွင်း ကလေးငယ်တွေကို လေကြောင်းအန္တရာယ်ပညာပေး လက်တွေ့သရုပ်ပြ (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကနေ အရပ်သားပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေရှိနေတဲ့အတွက် PDF ရဲဘော်တွေဟာ မြေပြင်က ကလေးငယ်တွေကို လေကြောင်းအန္တရာယ်ပညာပေးမှု လက်တွေ့သရုပ်ပြခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်ထံက သိရပါတယ်။
Read More

ကချင်ပြည်နယ်ရှေ့တန်းတွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များ၏အသက်ကို ကာကွယ်ပေးနိုင်ရန် ကျည်ကာကမ်ပိန်း ပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေတဲ့ ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ မုံရွာခရိုင်အမှတ် - ၂၇ တပ်ရင်းက "ကာကွယ်လုံခြုံ ကျည်ကာတစ်စုံ" ကမ်ပိန်းပြုလုပ် ထားတယ်လို့ သိရပါတယ်။
Read More

ပြည်သူများ စိတ်ဓာတ်မကျဖို့ အားပေးစကား စာစောင်နှင့် ကဗျာတစ်ပုဒ် ဒရုန်းဖြင့် ကြဲချ ဝေငှ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှာ တော်လှန်ရေး ၄ နှစ်အတွင်း ပင်ပန်းနွမ်းလျ စိတ်ဓာတ်ကျနေခဲ့ရတဲ့ ပြည်သူတွေကို အားပေးစကားစာစောင်နဲ့ ကဗျာ ၁ ပုဒ် လိုက်လံဝေငှခဲ့တယ်လို့ Fight For Freedom တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ Jummerကို ကျော်လွှားနိုင်ခဲ့သည့် ဒရုန်းစစ်ဆင်ရေး (ရုပ်/သံ)

KNLA တပ်မဟာ (၃) နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲတစ်ခုမှာ စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် ၁ ခုကို  Federal Wings က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်မဲမြို့ မြောက်ကုန်းရပ်ရှိ မြို့နယ်ဆောက်လုပ်ရေးဝန်းနှင့် ခရိုင်ဆောက်လုပ်ရေးဧည့်ရိပ်သာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲဖျက်ဆီး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် မြောက်ကုန်းရပ်ရှိ ဆောက်လုပ်ရေးဝန်းနဲ့ ခရိုင်ဆောက် လုပ်‌ရေးဧည့်ရိပ်သာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့ မိဘများအား ရဲဘော်ရဲဘက်များ သွားရောက်ဂါရဝပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ တပ်စုမှူး ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့  နာရေးစျာပနကို ဇွန်လ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်က  သတင်းထုတ်ပြန်ထားပါတယ်။