မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) နဲ့  ညီနောင်မဟာမိတ်ဖြစ်တဲ့ Royal Brother Defence Force (RBDF) တို့ ပူးပေါင်းပြီး ၅.၅၆ ကျည်သုံး ရိုင်ဖယ်သေနတ်ကို ထုတ်လုပ်နိုင်ခဲ့ပြီလို့ MBT တပ်ဖွဲ့ထံက သိရပါတယ်။ 

အဲဒီရိုင်ဖယ်သေနတ်ကို BT-16 လို့ နာမည်ပေးထားပြီး မနေ့က ဇူလိုင်လ ၈ ရက်နေ့မှာ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

“ဒီ BT-16 က လက်လုပ်သေနတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဘာပဲပြောပြောပေါ့နော် မောင်းပြန်သေနတ်ပါပဲ။ ကျနော်တို့ အညာတပ် အထူးသဖြင့် လက်နက်ဝယ်ရ ခက်ခဲတဲ့ အညာဒေသတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်မယ်လို့ ကျနော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဈေးနှုန်းကလည်း တော်တော်လေး အဆင်ပြေတယ်။ ဝယ်မယ်ဆို သိန်း ၂၀၀ ကျော်ပေးဝယ်နေရတဲ့အချိန်မှာ ဒီလို BT-16 ကို အလက်ရေ များများ ထုတ်နိုင်ရင်တော့ တော်တော်လေး အသုံးဝင်မယ်လို့ ကျနော်ထင်ပါတယ်” လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။ 

MBT တပ်ဖွဲ့နဲ့တူတူ လက်တွဲထုတ်လုက်ခဲ့တဲ့ RBDF တပ်ဖွဲ့ဟာ မောင်းပြန်တွေကို ထုတ်လုပ်နိုင်ခဲ့တာ  ကြာမြင့်နေပြီဖြစ်ပြီး အခုတော့ အဖွဲ့ ၂ဖွဲ့ က နည်းပညာတွေကို ပူးပေါင်းခဲ့တာကြောင့် ပိုမို အရည်အသွေးကောင်းမွန်တဲ့ BT-16 ရိုင်ဖယ်သေနတ်ကို ရရှိလာခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။   

“ပီတာကတော့ ဖြစ်တာပေါ့။ ကျနော်တို့ အညာတပ်တွေမှာ မောင်းပြန်တစ်လက်ရဖို့ဆိုတာ မလွယ်ကူပါဘူး။ စက်ရုံထုတ်မဟုတ်ဘူးဆိုရင်တောင် ကျနော်တို့ထုတ်တဲ့ မောင်းပြန် တပ်ဆင်ပေးနိုင်တော့မယ်ဆိုတာက ပျော်ရွှင်မှုက အတိုင်းထက်မသိပါပဲ” လို့ သူက ဆက်ပြောပါတယ်။ 

BT-16 ရိုင်ဖယ်သေနတ်ဟာ စက်ရုံထုတ် မောင်းပြန်သေနတ်တွေနဲ့ ထပ်တူတူညီမှုရှိပေမယ့် သံအရည်အသွေးကတော့ ကွဲပြားတာကြောင့် စက်ရုံထုတ်မောင်းပြန်တွေက ကျည် ၂သောင်းလောက် အပစ်ခံရင် BT-16 ရိုင်ဖယ်ကတော့ ကျည် တစ်သောင်းခွဲခန့်သာ ပစ်လို့ရမှာဖြစ်ပြီး သံအရည်အသွေးအလိုက် သေနတ်ရဲ့ သက်တမ်းက ကွာသွားမှာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။ 

အခုထုတ်လုပ်ခဲ့တဲ့  BT-16 ရိုင်ဖယ်သေနတ်ဟာ ထုတ်လုပ်မှု ကုန်ကျစရိတ်အနေနဲ့ ၃၅သိန်းကျပ်သာ ကျသင့်ပြီး မိဘပြည်သူတွေအနေနဲ့ သေနတ်တစ်လက်စာ ကူညီထောက်ပံ့ရင် အဆိုပါသေနတ်မှာ ထောက်ပံ့သူရဲ့ အမည်ကို အမှတ်တရအနေနဲ့ ကဗ္ဗည်း ရေးထိုးပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

MBT အနေနဲ့ နောက်ထပ်လည်း ကောင်းမွန်ပြီး နည်းပညာပြည့်ဝတဲ့ လက်နက်ကြီး/ငယ်တွေကို ညီနောင်မဟာမိတ်ဖြစ်တဲ့ Royal Brother Defence Force (RBDF) နှင့်အတူ ပူးပေါင်းပြီး ဆက်လက်ထုတ်လုပ်သွားမယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်သူများကို အရေးယူရာတွင် ပူးပေါင်းသွားမည်ဟု KNDF ထုတ်ပြန်

အဆိုပါ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့သူတွေရဲ့ လုပ်ရပ်တွေကို KNDF အနေနဲ့ ဖြစ်ရပ်၊ သက်သေတွေကို သိမ်းဆည်းထားပြီး ကျူးလွန်သူတွေအားလုံးကို ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNDF က ဆိုပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစုတို့ ဘုံသဘောတူညီချက် ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) တို့ ဘုံသဘောတူညီချက်ကို ဒီနေ့မှာ ပူးတွဲ ထုတ်ပြန်ထားပါတယ်။
Read More

သံဃာတော်တွေကို ဆွမ်းကပ်နေချိန် စစ်ကောင်စီက ဗုံးကြဲလို့ အသက် ၁၀ နှစ်အရွယ် ကိုရင် ၁ ပါးအပါ ၃ ဦး သေဆုံး

သံဃာတော်တွေကို နေ့ဆွမ်း ကပ်လှူနေချိန်မှာ အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲလို့ သုံးဦး သေဆုံးပြီ: ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။
Read More

ဆောမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ဘုန်းကြီးတစ်ပါး ဒဏ်ရာဒဏ်ချက်များနှင့် ပြန်လွတ်လာပြီးနောက် ပျံလွန်တော်မူ

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ တပြင်းကျေးရွာက သံဃာတစ်ပါးဟာ စစ်ကောင်စီတပ်တွေရဲ့ ရိုက်နှက် စစ်ဆေးမှုကြောင့် ပြန်လည်လွတ်မြောက်ပြီး နောက်တစ်ရက်မှာပဲ ပျံလွန်တော်မူသွားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

စစ်ရှောင်စခန်းများသို့ စားနပ်ရိက္ခာ မျှဝေကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း MDY PDF ထုတ်ပြန် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ မတ္တရာမြို့နယ် ပအဖ၊ လူသားစာနာ တာဝန်ရှိသူတွေနဲ့ ပူး‌ပေါင်းပြီး မတ္တရာမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေဆီ သွားရောက်ကာ စားနပ်ရိက္ခာ ဝေမျှခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ လုပ်ဆောင်ခဲ့ကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းငလျင်ကြောင့် အကူအညီ လိုအပ်သူ ၁ သိန်းကျော်အတွက် စတာလင်ပေါင် ၂၅ သန်း ထောက်ပံ့ခဲ့ဟု UK ဆို

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ဒဏ်ကြောင့် အကူအညီ လိုအပ်သူ ၁ သိန်းကျော်အတွက် စတာလင်ပေါင် ၂၅ သန်း ကူညီထောက်ပံ့ခဲ့တယ်လို့ UK in Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။