ချင်းပြည်နယ် မင်းတပ်မြို့ပေါ်မှာ တားဆီးထားတဲ့ စစ်ကောင်စီထုတ်အရက်တွေကို ပိုင်ရှင်ရဲ့ ရှေ့မှောက် ဖျက်ဆီးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီထုတ်အရက်တွေ ရောင်းချနေတဲ့ နေရာတွေကို ရှောင်တခင်စစ် ဆေးရေးပြုလုပ်ရာမှာ ဖမ်းဆီးတဲ့ အရက်တွေကို ဇူလိုင်လ ၈ ရက်က ပိုင်ရှင်ရဲ့ ရှေ့မှောက်မှာ ဖျက်ဆီးပစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလုပ်ဆောင်မှုဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်ကလည်း တားမြစ်ထားတဲ့ စစ်ကောင်စီထုတ် အရက်၊ ဘီယာတွေကို ဖမ်းဆီးပြီး ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။

Video – မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

0 Shares:
You May Also Like
Read More

ရွှေကျင်မြို့နယ်အတွင်း တော်လှန်ရေးတပ် ကင်းစခန်းကို စစ်ကောင်စီ စစ်ကြောင်းထိုးမှုမှာ ရဲဘော် ၃ ယောက်ကျဆုံး၊ အကြမ်းဖက်စစ်သား ၉ ယောက် သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ တောင်ညိုတပ်ရင်းနဲ့ ပကဖ ပူးပေါင်းတပ်ဖွဲ့ ကင်းပုန်းကို ဧပြီ ၁၁ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ဒရုန်းပေါ်ကနေ မစ်ဆိုင်းဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

Golden Eagle-People Defense Force က ဒရုန်းပေါ်ကနေ မစ်ဆိုင်းဒုံးနဲ့ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myo Myint Kyaw ဖေ့စ်ဘွတ်ခ်အကောင့်ကတဆင့် ပြည်သူတွေထံ အသိပေး ဖော်ပြလာတယ်။
Read More

မြင်းခြံမြို့ ခမရ ၁၅ တပ်ရင်း စစ်ဆေးရေးဂိတ်ကို ပြောက်ကျားဝင်ရောက်ပစ်ခတ်မှု စစ်သား ၃ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခမရ ၁၅ တပ်ရင်း စစ်ဆေးရေးဂိတ်ကို မတ်လ ၁၇ ရက် မနေ့ညပိုင်းမှာ တော်လှန်ရေးတပ်တွေ ပြောက်ကျားဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger အဖွဲ့ထံက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်တွင် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း သပိတ်မှောက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းမြို့နယ်အတွင်း စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက်ခဲ့ကြတယ်လို့ General Strike Coordination Body က ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မြို့ သပြေပင်ရွာထဲ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရကာ အများအပြားသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းရှိ သပြေပင်ရွာထဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၉ ရက် ဒီမနက်မှာ သပြေပင်ရွာထဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးပြီး ဒဏ်ရာရရှိသွားတဲ့ စစ်သားတွေကို ကားပေါ်တင်ပြီး အထိုင်စခန်းသို့ ပြန်ပို့ခဲ့ကြောင်း သိရပါတယ်။
Read More

လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့နေရာအနှံအပြားမှာ ၈ လေးလုံး ထီးသပိတ်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

မနေ့သြဂုတ် ၈ ရက်မှာ ကျရောက်တဲ့ (၃၇) ကြိမ်မြောက် ၈ လေးလုံးအထိမ်းအမှတ်အဖြစ် ရန်ကုန် မြို့ရဲ့ အထင်ကရနေရာအနှံ့အပြားမှာ ၈ သင်္ကေတစာလုံးရေးဆွဲထားတဲ့ ထီးတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။