ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အောင်သပြေကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၈ ရက် မနက်ပိုင်းက အောင်သပြေကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အလောင်းတွေနဲ့ ဒဏ်ရာရရှိသူတွေကို သယ်ဆောင်ပြီး စစ်ကြောင်းတစ်ခုလုံး ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဝရဇိန်တပ်ဖွဲ့နဲ့ သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် Lion Battalion Commando ထုတ်ပြန်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူလာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် Lion Battalion Commando စစ် ကြောင်းက ဇန်နဝါရီ ၁၀ ရက် က ထုတ်ပြန်လိုက်ပါတယ်။
Read More

Chin Defence Force – Mindat ရဲဘော်တစ်ယောက်ရဲ့ ရိုးရာဓလေ့ စျာပန (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ Chin Defence Force - Mindat ရဲဘော် ၁ ယောက်ရဲ့ ရိုးရာဓလေ့အတိုင်း ကျင်းပတဲ့ နာရေးစျာပနမြင်ကွင်း ရုပ်သံကို Za Latt Thwe ဖေ့စ်ဘွတ်အကောင့်က မျှဝေထားပါတယ်။
Read More

မြို့သာရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်၊ ဗိုလ်အပါအဝင် စစ်သား ၂ ဦး သေ (ရုပ်သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါးဇွန်မြို့နယ်၊ မြို့သာရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် စစ်သား ၂ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

မိုးမိတ်မြို့နယ် မန်ကျည်းပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်နယ် မိုးမိတ်မြို့နယ် မန်းကျည်းပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းကနေ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဖားကန့်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအောက်စျေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချမ်းမြသာစည်မြို့နယ်တွင်း လမ်းမတွေအပေါ် လောင်းကစားဝိုင်းများ ပေါ်ပေါ်တင်တင်လုပ်ကိုင်နေ(ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ပိုင်း ဥပဒေကင်းမဲ့လာတဲ့ မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်အတွင်းမှာ တရားမဝင်လောင်ကစားဝိုင်းတွေ ပေါ်ပေါ်တင်တင် လုပ်ကိုင်လာကြတယ်လို့ ဒေသခံပြည်သူများက ဝေဖန်လျက်ရှိပါတယ်။