စစ်ကောင်စီရဲ့ တောင်ငူလေတပ် (ကေတုမတီလေတပ်) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တစ်ရက်အတွင်း ၂ ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။

မနေ့က ဇူလိုင်လ ၈ ရက်၊ မနက် ၄ နာရီဝန်းကျင်အချိန်မှာ အဆိုပါ ကေတုမတီလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄လုံးနဲ့ တစ်ကြိမ်၊ ၇ လုံးနဲ့ တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ၄လုံးသာ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုတွေ ရှိတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ည ၁၂ နာရီ ဝန်းကျင်အချိန်မှာ နောက်ထပ် ရှော့တိုက်ဒုံး ၈ လုံး သွားရောက်ပစ်ခတ်ခဲ့ရာ ၇ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“ထိခိုက်မှုရှိတယ်လို့ကြားသိရပါတယ် စုံစမ်းနေဆဲပါခင်ဗျ။ ထူးခြားတာကတော့ အခုတစ်ခေါက်က ကျနော်တို့ ၂ကြိမ် ပြန်ပစ်ရတာ အတော်ခက်ခဲပါတယ်။ ဒုတိယအကြိမ် ပြန်ပစ်ရတဲ့အချိန်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်နေတဲ့ကြားက ဝင်ပစ်ရတာ အတော်အန္တရာယ်များပါတယ်။ ဒါပေမယ့် ရဲဘော်တွေ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ BWM အဖွဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

တောင်ငူလေတပ် စခန်းဌာနချုပ်ဟာ ကရင်ပြည်နယ်၊ ကရင်နီ၊ ရှမ်းတောင်ရှိ တော်လှန်ရေးအင်အားစုတွေ၊ စစ်ရှောင်ပြည်သူတွေကို နေ့နေ့ညည ဗုံးကြဲသတ်ဖြတ်နေတဲ့ လေယာဉ်တွေထားရှိရာ နေရာဖြစ်တာကြောင့် အခုလို တိုက်ခိုက်မှု ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုဖော်ဆောင်ခဲ့တဲ့ BWM mission 42 အတွင်း ပစ်ခတ်ခဲ့တဲ့ ရှော့တိုက်ဒုံးတွေဟာ တောင်ငူလေတပ်အတွင်း ကျရောက်ပြီး လေတပ်ထဲမှာလည်း ထပ်ဆင့်ပေါက်ကွဲသံတွေ ကြားရကြောင်းကို မြေပြင်သတင်းတွေအရ ကနဦးသိရတယ်လို့ BWMရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့အတူ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ဟာ KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ၏ တောင်ငူ ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံးများ ပစ်ခတ်ခဲ့စဥ် (BWM)

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ ချီတက်ဆန္ဒပြ

အာဏာရှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတာကြောင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကနေ ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်ရောက်မြန်မာတွေက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
Read More

နယ်စပ်ကုန်သွယ်ရေးစခန်းအများစု တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ရောက်နေချိန် တရုတ်နဲ့ ကုန်သွယ်မှုတိုးမြှင့်မယ်လို့ မင်းအောင်လှိုင်ပြော

တိုင်းရင်းသား လက်နက်ကိုင်တွေ လက်ထဲရောက်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တရုတ်နဲ့ကုန်သွယ်မှု အရှိန်တိုးမြှင့်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်များ သိမ်းဆည်းရမိပေမယ့် ယူဆောင်ချိန်မရတာကြောင့် မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်မ ၁၀၁ က တက်လာတဲ့ စက်တပ်လေထီး ၁ စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ Burma Revolution Rangers တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကြို့ပင်ကောက်မှာ စစ်ကောင်စီခန့် ရာအိမ်မှူး နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ သန်းခေါင်စာရင်း စာရွက်တွေနဲ့ လေသေနတ် ၁ လက် သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူး နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ သန်းခေါင်စာရင်းစာရွက်တွေနဲ့ လေသေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၁ (Dragon Brothers GBK) က ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါခရိုင်အတွင်း စစ်အုပ်စုက လေးရက်ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေပြီး ထိခိုက်ပျက်စီးမှုများ ရှိနေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်မှာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်လု​ပ်​ဆောင်နေတဲ့အတွက် ဆိုးဆိုးရွားရွား ထိခိုက်မှုမရှိအောင် အရပ်သားတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးပြီး၊ သတိပြုနေထိုင်ကြဖို့ လိုအပ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီ၏ မော်ကွီးလု (မယ်လ) တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မော်ကွီးလု (မယ်လ) တပ်စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။