စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း ဆန်တက်လာတဲ့ စစ်သင်္ဘောနဲ့ တွဲယာဉ်တွေကို ရှေ့ထွက်မိုင်း‌တွေ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၈ ရက်က စစ်သင်္ဘော ၃ စီးနဲ့ တွဲယာဉ် ၂၉ စီး အုပ်စုကို မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ရှေ့ထွက်မိုင်း ၄ လုံးပွိုင့် ၆ ပွိုင့်ခွဲပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်သင်္ဘောတွေကနေ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးကို Chindwin Fighter Group (CFG) ၊ Brave Heart Army-(B.H.A)၊ ဗန္ဓုလနှင့်အဖွဲ့သားတွေက ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Video – Chindwin Fighter Group

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့ပေါ်တွင် စစ်ကော်မရှင်တပ် တပ်စွဲထားရာနေရာများကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားနေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နည်းဗျူဟာ ၃၃ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖရူဆိုမြို့ထဲက ရပ်ကွက်အချို့ကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ကရင်နီဒေသက ဖရူဆိုမြို့နယ်ထဲက ရပ်ကွက်နှစ်ခုက နေအိမ်တွေကို အာဏာသိမ်းစစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့  ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုက ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ နေပြည်တော် PDF ထုတ်ပြန်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ရွာသစ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Battalion 808 - Nay Pyi Taw PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒီပဲယင်းမြို့ရဲစခန်းကို လေကြောင်းကချပေးတဲ့ လက်နက်ခဲယမ်းတွေ PDF သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရဲစခန်းဆီ ဇန်နဝါရီ ၂၂ ရက်က လေကြောင်းကနေ ချထားပေးတဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပုဂံညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖထံက သိရပါတယ်။
Read More

မြိုင်မြို့ပေါ် စျေးဝယ်ထွက်လာတဲ့ ရဲ ၂ ယောက် စောင့်ကြိုတိုက်ခိုက်ခံရပြီး ၂ ယောက်လုံးသေ၊ သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ဒီနေ့ နိုဝင်ဘာ ၇ ရက် မနက်ပိုင်းက ချောင်းဆုံဂိတ်ကနေ မြိုင်မြို့စျေးကို ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ၂ ယောက်ကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ ၂ ယောက်လုံး သေဆုံးပြီး MA-3 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နွားခြံကုန်းနဲ့ အင်းကြီးရွာကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ် ကျုံဒိုးမြို့မှ နွားခြံကုန်းနဲ့ အင်းကြီးရွာသို့ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိပြီး အများအပြားသေဆုံးခဲ့တယ်လို့ ပျံလွှားစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။