မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ကောင်စီက မြို့အနှံ့ပတ်ပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေ နေ့စဥ်ရက်ဆက် လုပ်ဆောင်နေသလို စစ်ဘေးရှောင်လာသူတွေကိုလည်း မြို့နယ်အတွင်း လက်မခံဘဲ မောင်းထုတ်နေကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလအစကစလို့ စစ်မှုထမ်းတပ်သားသစ်စုဆောင်းတာတွေကို ဝမ်းတွင်းမြို့နယ်အတွင်း ဆိုးဆိုးဝါးဝါး ပြန်လည်လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

ဝမ်းတွင်းမြို့နယ်အနောက်ခြမ်း မိတ္ထီလာ -ပင်းတလဲလမ်းပိုင်းအပါအဝင် ဒိုင်ကောင်းကုန်း-ဘုရားစု-ရွာရှည် -ဝမ်းတွင်း-လျော်ပင်လမ်းကြီးတွေပေါ်မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေရှိခဲ့သလို ရန်ကုန် -မန္တလေးလမ်း ဘေးပတ်လည်က ကျေးရွာတွေနဲ့ မလှိုင်-ပြင်စည်-တံတားဦးလမ်းပိုင်းက ကျေးရွာတွေမှာလည်း နေအိမ်ပေါ်အထိ တက်ရောက်ဖမ်းဆီးတာတွေရှိနေကြောင်း Voice Of Wundwin အဖွဲ့ကပြောပါတယ်။

စစ်ကောင်စီအနေနဲ့ တပ်သားသစ်စုဆောင်းရာမှာ ပုံမှန် ကျေးရွာတွေက လူတောင်းတာတွေအပြင် လမ်းသွားလမ်းလာတွေနဲ့ ပန်းရံလုပ်သား၊ ဆန်ပို့သမား၊  လက်လုပ်လက်စား အလုပ်သမားနဲ့ ကျောင်းသားတွေအထိ ဖမ်းဆီးနေရာ အခုလအစပိုင်းမှာပဲ အယောက် ၂၀ထက် မနည်းရှိနေပြီလို့လည်း သိရပါတယ်။

ဇူလိုင်လ ၇ရက်နေ့ကလည်း ဝမ်းတွင်းမြို့နယ်၊ အနောက်ပိုင်း အမြန်လမ်းဘေးမှာရှိတဲ့ တောင်ဆည်၊ ကုန်းကန်၊ ကျောင်းကုန်းကျေးရွာတွေကို ဝင်ရောက်ရင်း ဘောဒါဆောင်နေ ကျောင်းသား ၁ ယောက်နဲ့အတူ အရပ်သား ၂ယောက်ကို စစ်ကောင်စီ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဝမ်းတွင်းမြို့နယ်ထဲက နာမည်ကြီးသဲတောစျေးနေ့မှာလည်း စျေးဝယ်လာတဲ့ အမျိုးသားတွေကို စောင့်ဆိုင်းဖမ်းဆီးမှုတွေ လုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

“အခုက နေ့တိုင်းကိုဆွဲနေတာ။ အနောက်ပိုင်းကရွာတွေဆို တစ်အိမ်တက်ဆင်းပဲ။ တချို့ရွာတွေဆို ဖုန်းတွေပါစစ်တယ်။ ဘောဒါနေတဲ့ ကျောင်းသားလေး ၁ယောက်ပါ ပါသွားသေးတယ်။ နောက်ပြီး အခုက ငွေပေးရင်တောင် ပြန်လွတ်ဖို့ မလွယ်တော့ဘူး။ တောင်းပြီဆိုလည်း ငွေချက်ချင်းပေးနိုင်တာမျိုးပေါ့။ ဝမ်းတွင်းအထိပါသွားတဲ့ ၃ယောက်ကိုလည်း ၅၅သိန်း တောင်းတာတောင်ရှိတယ်။ မပေးနိုင်ရင် မိတ္ထီလာကို တန်းပို့တာပါပဲ” လို့ Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် မလှိုင်၊ နွားထိုးကြီးမြို့နယ်တွေနဲ့ ထိစပ်နေတဲ့ ဝမ်းတွင်းမြို့နယ်အနောက်ဘက် အမြန်လမ်းဘေးက အောင်သာ၊ မြင်းသေ၊ မြင်းရှင်ရွာတွေကိုလည်း စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ နေအိမ်တွေ မီးရှို့ပျက်စီးသွားခဲ့ကြောင်းသိရပါတယ်။

ဒီလိုမျိုး ဝမ်းတွင်းမြို့အနောက်ခြမ်းကနေ စစ်ဘေးရှောင်လာကြမယ့် အရပ်သားတွေကိုလည်း ဝမ်းတွင်းမြို့နယ်အတွင်း လက်ခံမထားဘဲ မောင်းထုတ်ဖို့ စစ်တပ်နဲ့ ရပ်ရွာအာဏာပိုင်ဆိုသူတွေက အမိန့်ပေးခိုင်းစေတာတွေ ရှိနေပါတယ်။

“နေ့တိုင်း ဝမ်းတွင်းအနောက်ဘက် အမြန်လမ်းဘေးက မြို့နယ်ချင်းထိစပ်နေတဲ့ ရွာတွေမှာ လေကြောင်းနဲ့ လက်နက်ကြီး ကျနေပါတယ်။ အဲ့ရွာတွေကနေ အရှေ့ဘက် ဝမ်းတွင်းနယ်ထဲ ပြေးလာတဲ့သူတွေကို လက်မခံဖို့ စခနဲ့ အုပ်ကြီးတွေက တစ်ရွာချင်းကားနဲ့ပတ်ပြီး လိုက်ပြောပါတယ်။ ပေါ်တာလည်းဆွဲရင်းပေါ့” လို့ Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ရှေ့တန်းတွင် ကျဆုံး

မကွေးတိုင်းအနောက်ခြမ်းရှိ အရှိုချင်းဒေသက အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ဖွဲ့ဝင် ရဲဘော် ၂ ယောက် ရှေ့တန်းတစ်နေရာမှာ ကျဆုံးသွားတယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ် ကြက်ဝိုင်းကို ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း ဝင်ရောက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ကြက်ဝိုင်းလောင်းကစားပြုလုပ်တဲ့ နေရာကို ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ကယ် (၃၂) စီးအပါအဝင်  ကြက်(၈)ကောင်နဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် ( Black Leopard Army) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို NUG အစိုးရ လက်နက်တပ်ဆင်ပေး

စစ်ကိုင်းတိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို နာဂဒေသ (ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်းအတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ စစ်ရှောင်ကလေးတွေ ပညာသင်ဖို့ ကျောင်းဆောင်အသစ်တွေ ဆောက်လုပ်

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာရှိတဲ့ တိုက်ပွဲတွေအတွင်း စစ်ဘေးရှောင်နေကြရတဲ့ ကလေးငယ်တွေအတွက် ပညာသင်ကြားဖို့ စာသင်ကျောင်းဆောင်တွေကို ဒေသခံပြည်သူတွေ ပူးပေါင်းဆောက်လုပ်နေကြကြောင်း သိရပါတယ်။
Read More

နွားထိုးကြီးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ သန်းပင်လှရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တော်လှန်ရေးကို ပုံဖျက်ထားတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သင်ရိုးများ အခြေခံပညာ စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားမည်

စစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်အချို့ကို စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ပြင်ဆင်နေတယ်လို့ Burma Affairs & Conflict Study က ထုတ်ပြန်ပါတယ်။