ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၉ ခြေလျင်တပ်ရင်း(ခလရ) ကို ၁၀၇ မမ ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၂ ယောက်အပါအဝင် ၅ ယောက်သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၈ ရက် မနေ့က နေ့လယ်ပိုင်းမှာ တောင်ငူမြို့၊ ၄ မိုင်ရှိ စစ်ရှုံးကောင်စီရဲ့ ခလရ ၃၉ ကို တော်လှန်ရေးပူးပေါင်းတပ်က ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၃ လုံးစလုံး ရန်သူ့တပ်စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရင်းစခန်းရှိ တပ်ရင်းရိက္ခာဂိုဒေါင်၊ စက်ပစ္စည်းဂိုဒေါင်နဲ့ တပ်ရင်း လူပျိုဘားတိုက်တွေ မီးလောင်ပျက်စီးသွားခဲ့ပြီး အရာရှိ ၂ ယောက်နဲ့ အခြားအဆင့်စစ်သည် ၃ ယောက် ပွဲချင်းပြီးသေဆုံးကာ အရာရှိ ၁ ယောက်နဲ့ အခြားအဆင့်စစ်သည် ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးစုံစမ်းသိရှိရကြောင်း BWM က ဆိုပါတယ်။

တောင်ငူမြို့၊ ၄ မိုင်မှာ အခြေစိုက်နေတဲ့ စစ်ရှုံးကောင်စီရဲ့ အမှတ် ၃၉ ခြေလျင်တပ်ရင်း (ခလရ ၃၉) ဟာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်ပြီး နယ်မြေအတွင်း တော်လှန်ရေးလှုပ်ရှားမှုတွေအတွက် အဟန့်အတားဖြစ်နေစေတဲ့ ​တပ်စခန်းတစ်ခုဖြစ်တာကြောင့် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ ရဲ့ နယ်မြေ စစ်ရေးလိုအပ်ချက်အရ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့က KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နဲ့ ပူးပေါင်းပြီး မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့၊ Anti-Coup People’s Liberation Force (ACPLF) အဖွဲ့တို့နဲ့အတူ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ခလရ ၃၉ ကို တိုက်ခိုက်တဲ့ တစ်ရက်တည်းမှာပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကိုလည်း BWM ပါဝင်တဲ့ ပူးပေါင်းတပ်က ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်စွဲထားသည့် မိုးဗြဲက ကတ်သလစ်ကျောင်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီဘက်က ၇ ဦး သေ

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်၊ မိုးဗြဲဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကတ်သလစ် ဘုရားကျောင်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးပြီး သေနတ် ၅ လက်ရရှိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက်(၁)နှစ်အောက် ကလေးငယ်တွေကို ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာ (၁၀) ရွာက ကိုယ်ဝန်ဆောင် မိခင်နဲ့ အသက် (၁) နှစ်အောက် ကလေးသူငယ် စုစုပေါင်း (၈၅) ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

မိုးကုတ်မြို့နယ် ပကဖ ၏ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲကို မတ်လအတွင်း ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ က စိုးမိုးနယ်မြေအတွင်း ကျေးရွာနေ ပြည်သူတွေဆီ စစ်သတင်းလွှာ ဖြန့်ဝေ… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်) အနေနဲ့ တပ်ရင်းစိုးမိုးနယ်မြေအတွင်းက ဆက်သွယ်ရေး ခက်ခဲပြီး သတင်းအချက်အလက်နဲ့ ဝေးကွာနေတဲ့ ကျေးရွာတွေက ပြည်သူတွေဆီ စစ်သတင်းလွှာ အတွဲ ၂ အမှတ် ၂ ဖြန့်ဝေခဲ့တဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှ ပြန်လာသည့် 96 Soldiers-PDF ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို (ဓာတ်ပုံသတင်း)

ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးနောက် ချင်းပြည်နယ်ကနေ အညာမြေဆီ ပြန်လည်ရောက်ရှိလာတဲ့ 96 Soldiers-PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

အရာတော်မြို့နယ်တွင် စစ်ကိုင်းအသံကို ထင်ဟပ်စေမည့် “ဒို့ဖက်ဒရယ်” နိုင်ငံရေးစာစဉ် အတွဲ (၁)၊ အမှတ်စဉ် (၆) ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ  ပြည်သူတွေနဲ့ ရဲဘော်တွေဆီ စစ်ကိုင်းဖိုရမ် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့က ဦးစီးထုတ်ဝေတဲ့ "ဒို့ဖက်ဒရယ်" နိုင်ငံရေးစာစဉ် အတွဲ (၁)၊ အမှတ်စဉ်(၆) ကို ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။