ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၈ ရက် မနေ့က မနက်ပိုင်းမှာ တောင်ငူမြို့နယ်ရှိ အောင်သပြေကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးခဲ့ပြီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကြောင်းက တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲကို ဝရဇိန်တပ်ဖွဲ့နဲ့ သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သီပေါမြို့နယ်ရှိ ဟိုတယ်တစ်ခုကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆောမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ဘုန်းကြီးတစ်ပါး ဒဏ်ရာဒဏ်ချက်များနှင့် ပြန်လွတ်လာပြီးနောက် ပျံလွန်တော်မူ

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ တပြင်းကျေးရွာက သံဃာတစ်ပါးဟာ စစ်ကောင်စီတပ်တွေရဲ့ ရိုက်နှက် စစ်ဆေးမှုကြောင့် ပြန်လည်လွတ်မြောက်ပြီး နောက်တစ်ရက်မှာပဲ ပျံလွန်တော်မူသွားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

တောင်ဒဂုံ ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခံရ…

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခံရပြီး ဗုံးပေါက်ကွဲခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

နိုင်ငံတကာမှ ငလျင်အတွက် ပေးအပ်သည့် ငွေကြေးများ စစ်အုပ်စုလက်ထဲ သွေးစွန်းငွေအဖြစ် ပြောင်းလဲသွား

နိုင်ငံတကာက ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ငွေကြေးတွေ ပေးအပ်နေမှုဟာ စစ်အုပ်စုလက်ထဲရောက်ပြီးနောက်မှာတော့ သွေးစွန်းငွေတွေအဖြစ် ပြောင်းလဲသွားတယ်လို့ Blood Money အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

CDM ကျောင်းဆရာမနှင့် ခင်ပွန်း အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်သွားမည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ထုတ်ပြန်

တနင်္သာရီတိုင်း၊ ပုလောမြို့မှာ နေထိုင်တဲ့ CDM ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်တပ်လက်အောက်ခံ Army Rum အရက်စက်ရုံကို ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

စစ်အာဏာသိမ်းမှု (၄) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်တပ်လက်အောက်ခံ Army Rum အရက်စက်ရုံကို ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အနောက်ပိုင်းခရိုင် (ရန်ကုန်တိုင်း) က သတင်းထုတ်ပြန်ထားပါတယ်။