ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေအပြင် စစ်ရေးတင်းမာမှုတွေပါ ဖြစ်ပွားနေတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA) နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟွားငိုးလ်ရမ်း (CDF-Hualngoram) တို့ ချင်းတော်လှန်ရေးအဖွဲ့ ၃ ဖွဲ့အနေနဲ့ ပဋိပက္ခတွေအတွက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အမြန်ဆုံး အဖြေရှာဖို့ လေးလေးနက်နက် တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၄) ရက်ကစလို့ ချင်းပြည်နယ်အတွင်းရှိ ချင်းတော်လှန်ရေးလက်နက်ကိုင်တပ်တွေ ဖြစ်တဲ့ Chin National Defense Force – CNDF နဲ့ Chin National Front/ Chin National Army (CNF/CNA) ၊ Chinland Defense Force- Hualngoram တို့အကြား တိုက်ပွဲဖြစ်ပွားကာ စစ်ရေးတင်းမာမှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဝမ်းနည်းဖွယ် ကြားသိရကြောင်း NUG နိုင်ငံတော်သမ္မတရုံးရဲ့ ပေးပို့ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။။

ချင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား မတူကွဲပြားတဲ့ သဘောထားအမြင်တွေနဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အမြန်ဆုံးအဖြေရှာဖို့ တိုက်တွန်းသလို ဘုံရန်သူ အကြမ်းဖက်စစ်ကောင်စီကို တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး ဝိုင်းဝန်းတော်လှန်နေချိန်ဖြစ်တဲ့အတွက် တော်လှန်ရေး အဖွဲ့အစည်းတွေအကြား စည်းလုံးညီညွတ်မှု၊ အပြန်အလှန် နားလည်ယုံကြည်မှုတို့ကို လက်တွဲခိုင်မာစွာ တည်ဆောက်ထားရမယ့် အချိန်အခါဖြစ်တယ်လို့ NUG သမ္မတရုံးက ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေကြား ပဋိပက္ခတွေနဲ့ မတူကွဲပြားတဲ့ သဘောထားအမြင်တွေ ပေါ်ပေါက်လာရင် လက်နက်နဲ့ မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုကို ကိုင်စွဲထားမှသာ တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း NUG သမ္မတရုံးရဲ့ ချင်းတော်လှန်ရေးအဖွဲ့ ၃ ဖွဲ့ကို ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအကြား မတူကွဲပြားမှုတွေကို စစ်ရေးနည်းလမ်းနဲ့ အဖြေရှာတာကို ပါဝင်ပတ်သက်တဲ့ ချင်းလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ချက်ချင်းရပ်တန့်ပြီး ချင်းလူထုတစ်ရပ်လုံး လိုလားတဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ နိုင်ငံရေး စားပွဲဝိုင်းမှာသာ ညှိနှိုင်းအဖြေရှာကြဖို့နဲ့ ချင်းပြည်နယ်အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေအကြား အမြန်ဆုံး ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆွေးနွေး အဖြေရှာနိုင်ကာ စုစည်းညီညွတ်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ပြီး ချင်းလူထုအကျိုး၊ တော်လှန်ရေးအကျိုး ဆက်လက်သယ်ပိုးနိုင်ကြစေဖို့ကို NUG က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမှာ စစ်ရေးတင်းမာနေပြီး တညောင် – ဆင်ဖြူကျွန်းလမ်းပိုင်းကို စလင်း ပကဖ ယာယီပိတ်ထား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ကြောင်းထိုးပြီး လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်နေရာ အရပ်သားသေဆုံးမှုတွေရှိ​တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း တာဝန်ရှိသူ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မွန်ဒေသမှာ တပြည်နယ်လုံး အတိုင်းအတာနှင့် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ကော်မရှင် ထုတ်ပြန်

အာဏာသိမ်း စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပထမအကြိမ် ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပြီး မွန်ပြည်နယ်မှာ တပြည်နယ်လုံး အတိုင်းအတာနဲ့ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

လက်ပံတန်းတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့ဖျက်ဆီးနေသလို ဒေသခံများကိုလည်း ဖမ်းဆီးထား

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ စီတုန်းရွာက နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ပေါက်မြို့နယ်တွင် စစ်ဘေးရှောင်များရှိရာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂နှစ်ကျော်အရွယ် ကလေးငယ်အပါအဝင် ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်ကျော်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် လူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ရေးမြို့နယ်မှာ စိုးမိုးနယ်မြေအတွင်း ရေးဘီလူးတပ်ဖွဲ့က လမ်းပိုင်းစစ်ဆေးရေး ပြုလုပ် (ဓာတ်ပုံသတင်း)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ ရွာထိပ်က ဦးခွေးတံတားအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့က လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တော်လှန်ရေးအင်အားစုများ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီဟု စစ်ကိုင်း PDF ထုတ်ပြန်

မကြာခင်လပိုင်းလောက်မှာ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်တော့မှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ အဆိုပါရွေးကောက်ပွဲအတုကို အကောင်းဆုံး ကျော်ဖြတ်နိုင်လိမ့်မယ်လို့ စစ်ကိုင်း PDF က ဆိုပါတယ်။