ဂျပန်ရင်းနှီးမြှုပ်နှံသူ ၃ ဖွဲ့ဖြစ်တဲ့ ဂျပန်အစိုးရ-ပုဂ္ဂလိကရံပုံငွေအဖွဲ့ ၂ ဖွဲ့နဲ့ ဂျပန်နိုင်ငံတကာ ရုပ်သံထုတ်လွှင့်မှု ကော်ပိုရေးရှင်း (JIB) တို့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခရိုနီကုမ္ပဏီဖြစ်တဲ့ ရွှေသံလွင် ကုမ္ပဏီနဲ့ စီးပွားရေးဖြတ်တောက်မှုတွေအပေါ် ပွင့်လင်းမြင်သာမှုရှိရမယ်လို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံတကာ ရုပ်သံထုတ်လွှင့်မှု ကော်ပိုရေးရှင်း (JIB)နဲ့ ဂျပန်အစိုးရ-ပုဂ္ဂလိကရံပုံငွေ အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ Cool Japan Fund Inc.နဲ့ Fund Corporation for the Overseas Development of Japan’s ICT and Postal Services (JICT)တို့ကို စစ်ခရိုနီ ရွှေသံလွင်ကုမ္ပဏီနဲ့ ဆက်နွယ်တဲ့ မြန်မာမီဒီယာစီမံကိန်းကနေ နုတ်ထွက်တာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုရှိဖို့ ဂျပန်၊ မြန်မာ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအခြေစိုက် Dream Vision Co., Ltdကနေ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းထွက်ခွာတဲ့အခါ ပွင့်လင်းမြင်သာမှုအပြည့်အဝရှိရေးနဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို လေးစားလိုက်နာရေးအတွက် ဂျပန်နဲ့ မြန်မာအရပ်ဘက်အဖွဲ့တွေက တောင်းဆိုထားတာဖြစ်ပါတယ်။

“JIB၊ Cool Japan Fund နဲ့ JICT တို့က မြန်မာနိုင်ငံကနေ သူတို့ထွက်ခွာမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေအတွက် မြန်မြန်ဆန်ဆန်၊ ပြည့်ပြည့်စုံစုံ ပြန်လည်ဖြေကြားဖို့၊ Dream Vision ကနေ သူတို့ထွက်ခွာရာမှာ လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုတွေ ပါဝင်ခဲ့ခြင်းရှိမရှိ၊ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ပံ့ပိုးကူညီတဲ့ ခရိုနီတွေအတွက် အကျိုးဖြစ်ထွန်းခဲ့ခြင်း ရှိမရှိ၊ ဘေးအန္တရာယ်လျော့ပါးသက်သာရေး အစီအစဉ်တွေ ရှိခဲ့မယ်ဆိုရင် ဘာတွေလုပ်ဆောင်ခဲ့လဲ စတာတွေကို ရှင်းလင်းပြောကြားဖို့ လိုပါတယ်” လို့ Justice For Myanmar  ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

အဆိုပါမေးခွန်းတွေကို ဖြေကြားဖို့ပျက်ကွက်တာဟာ လက်ခံနိုင်ဖွယ်မရှိသလို ပွင့်လင်းမြင်သာမှုကင်းမဲ့တဲ့ အပေါ်နဲ့ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေ လူ့အခွင့်အရေးတာဝန်ဝတ္တရား တွေကို လိုက်နာခဲ့ခြင်းရှိမရှိ အပေါ် ပိုပြီးနက်နဲတဲ့ စိုးရိမ်ပူပန်မှုကိုပဲ ဖြစ်စေခဲ့ပါတယ်လို့ မရတနာမောင်က ဆက်ပြောပါတယ်။

Dream Vision ကုမ္ပဏီကို မြန်မာအကြမ်းဖက်စစ်အုပ်စုနဲ့ ကာလရှည်ဆက်ဆံရေးရှိတဲ့ ခရိုနီကုမ္ပဏီရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက် (STLM)ရဲ့ ပါဝင်မှုနဲ့ တည်ထောင်ခဲ့တာဖြစ်ပြီး အဆိုပါစီမံကိန်းက မြန်မာနိုင်ငံအတွင်း ဂျပန်မီဒီယာ အကြောင်းအရာတွေ ပါရှိမှုကို မြှင့်တင်ဖို့နဲ့ ဂျပန်ကုမ္ပဏီတွေအတွက် ကြော်ငြာအခွင့်အလမ်းတွေ ပွင့်လင်းလာစေဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီရည်ရွယ်ချက် ပြည့်မီစေဖို့အတွက် ကုမ္ပဏီက မြန်မာအမျိုးသားတီဗွီ (MNTV) အတွက် ရုပ်သံထုတ်လွှတ်ရေးစက်ပစ္စည်းကိရိယာတွေ ပံ့ပိုးကူညီပေးခဲ့ရာ MNTV ရုပ်သံဟာ ရွှေသံလွင်မီဒီယာက ကြီးကြပ်လုပ်ကိုင်တဲ့ မြေပြင်ရုပ်သံလိုင်းတစ်ခု ဖြစ်ပြီး Myanmar Business Central ကုမ္ပဏီကလည်း ရင်နှီးမြှုပ်နှံသူအဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။

ရွှေသံလွင်အုပ်စု(STLG)ဟာ မြန်မာအကြမ်းဖက်စစ်အုပ်စုနဲ့ နီးကပ်တဲ့ဆက်ဆံရေးတွေက အကျိုးအမြတ်တွေ ရရှိနေတဲ့ ခရိုနီစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုအဖြစ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ အချက်အလက် ရှာဖွေရေးမစ်ရှင်က အစီရင်ခံစာမှာ သတ်မှတ်ဖော်ပြခဲ့ပါတယ်။

STLGက ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်စစ်အုပ်စုရဲ့ ၂၀၁၇ ခုနှစ် “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး” တွေမှာ ပံ့ပိုးကူညီဖို့ လှူဒါန်းခဲ့တဲ့ ကုမ္ပဏီတွေထဲ ပါဝင်ခဲ့ပြီး စစ်အုပ်စုရဲ့ စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူပေါင်း ၇၀၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နိုင်ငံတကာတရားရုံး (ICJ)မှာ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ STLG ရဲ့ လုပ်ငန်းခွဲတစ်ခုက ပိုင်ဆိုင်တဲ့ Dream Vision ကုမ္ပဏီဆီ ဂျပန်ကုမ္ပဏီ သုံးခု က ရှယ်ယာတွေ လွှဲပြောင်းပေးအပ်ခဲ့တာ ရှိမရှိ၊ Dream Vision က MNTV ထံ ပေးအပ်ခဲ့တဲ့ ရုပ်သံလွှင့်စက်ပစ္စည်းတွေလို ပစ္စည်းတွေကို ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းချိန်မှာ STLG ဆီ လွှဲပြောင်းပေးအပ်ခဲ့တာရှိမရှိတို့ကို ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုရှိဖို့ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာတွင် စစ်တပ်အာဏာသိမ်းထားသည့် ၅ နှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၇၅ ရာခိုင်နှုန်းထိ ကျဆင်းသွား

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်တာကာလ (၂၀၂၁-၂၀၂၅) အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI)  လေးပုံ သုံးပုံခန့် ထိုးဆင်းသွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံကျော်သာ ရှိခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆွစ်ဇာလန်နိုင်ငံကို Justice For Myanmar တောင်းဆို

စစ်ကောင်စီအတွက် ဝင်ငွေတွေ ရရှိနေတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ပြီးနောက် သုံးနှစ်ကျော် ကြာမြင့်လာတဲ့ အချိန်အထိ ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်နေတယ်လို့  Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။
Read More

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ပျက်စီးနေ ဟု TCRW ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်းက စစ်ကောင်စီရဲ့ လုပ်ငန်းတွေဖြစ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နေမှုနဲ့ ပတ်သက်ပြီး ၃လတာ စောင့်ကြည့်ထားတဲ့ အစီရင်ခံစာကို Tanintharyi Coalition Resource Watch (TCRW) က ထုတ်ပြန်ပါတယ်။
Read More

မုတ္တမပင်လယ်ကွေ့မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး အကြမ်းဖက်စစ်ကောင်စီနဲ့ ထိုင်းကုမ္ပဏီတို့ ထုတ်လုပ်မှုခွဲဝေရေးစာချုပ် ချုပ်ဆို

အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မြန်မာ့ရေနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ မြန်မာအခြေစိုက် ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီ Gulf Petroleum Myanmar ကုမ္ပဏီ(GPM) တို့ဟာ မုတ္တမပင်လယ်ကွေ့မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးအတွက် မေလ ၂၉ ရက်က ထုတ်လုပ်မှုခွဲဝေရေးစာချုပ် (PSC) ကို လက်မှတ်ထိုးခဲ့ကြပါတယ်။
Read More

လျှပ်စစ်မီး လုံလောက်စွာ မရရှိမှုကြောင့် EV ကား အားသွင်းရုံများ ထပ်မံဖွင့်လှစ်ဖို့ ရပ်နားထားရ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တရုတ်စီမံကိန်းတွေကို အကောင်းဆုံး ကာကွယ်ပေးသွားမယ်လို့ တရုတ်ကို မင်းအောင်လှိုင် ကတိပေး..မြေပြင်မှာ တရုတ်စီမံကိန်းအများစု တော်လှန်ရေးအဖွဲ့တွေ လက်ထဲရောက်ရှိနေ..

မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီမံကိန်းတွေကို အကောင်းဆုံး အကာအကွယ်ပေးသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်မယ့် မစ္စမာကျားရဲ့ ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။