ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၉ ခြေလျင်တပ်ရင်း(ခလရ) ကို ၁၀၇ မမ ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၂ ယောက်အပါအဝင် ၅ ယောက်သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၈ ရက် မနေ့က နေ့လယ်ပိုင်းမှာ တောင်ငူမြို့၊ ၄ မိုင်ရှိ စစ်ရှုံးကောင်စီရဲ့ ခလရ ၃၉ ကို တော်လှန်ရေးပူးပေါင်းတပ်က ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၃ လုံးစလုံး ရန်သူ့တပ်စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရင်းစခန်းရှိ တပ်ရင်းရိက္ခာဂိုဒေါင်၊ စက်ပစ္စည်းဂိုဒေါင်နဲ့ တပ်ရင်း လူပျိုဘားတိုက်တွေ မီးလောင်ပျက်စီးသွားခဲ့ပြီး အရာရှိ ၂ ယောက်နဲ့ အခြားအဆင့်စစ်သည် ၃ ယောက် ပွဲချင်းပြီးသေဆုံးကာ အရာရှိ ၁ ယောက်နဲ့ အခြားအဆင့်စစ်သည် ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးစုံစမ်းသိရှိရကြောင်း BWM က ဆိုပါတယ်။

တောင်ငူမြို့၊ ၄ မိုင်မှာ အခြေစိုက်နေတဲ့ စစ်ရှုံးကောင်စီရဲ့ အမှတ် ၃၉ ခြေလျင်တပ်ရင်း (ခလရ ၃၉) ဟာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်ပြီး နယ်မြေအတွင်း တော်လှန်ရေးလှုပ်ရှားမှုတွေအတွက် အဟန့်အတားဖြစ်နေစေတဲ့ ​တပ်စခန်းတစ်ခုဖြစ်တာကြောင့် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ ရဲ့ နယ်မြေ စစ်ရေးလိုအပ်ချက်အရ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့က KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နဲ့ ပူးပေါင်းပြီး မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့၊ Anti-Coup People’s Liberation Force (ACPLF) အဖွဲ့တို့နဲ့အတူ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ခလရ ၃၉ ကို တိုက်ခိုက်တဲ့ တစ်ရက်တည်းမှာပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကိုလည်း BWM ပါဝင်တဲ့ ပူးပေါင်းတပ်က ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

KNU ဥက္ကဋ္ဌ အဖွဲ့ဝင်များ၊ Chinland အစိုးရအဖွဲ့ဝင်များအပါအဝင် AA နှင့် PDF တို့ကို ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် စစ်ကော်မရှင် အမှုဖွင့်ထား

ကရင်အမျိုးသားအစည်အရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် အဖွဲ့ဝင် ၁၃ ယောက်၊ အာရက္ခတပ်တော် AA နဲ့ ချင်းပြည် Chinland အစိုးရအဖွဲ့ဝင် ၁၇ ယောက်တို့ကို အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ခင်ဦးနယ်အရှေ့ဘက် စစ်ဘေးရှောင်များနေထိုင်သည့်နေရာကို စစ်အုပ်စုကဗုံးကြဲ၍ ဒေသခံ သုံးဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးနယ်အရှေ့ဘက်က စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာကို စစ်အုပ်စုကဗုံးကြဲလို့ ဒေသခံ သုံးယောက် သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ကာလရှည်စစ်ရှောင်နေသည့် ရွာအုပ်စုကို တပ်မ ၆၆ လက်အောက်ခံ တပ်များ ဝင်ရောက်မီးရှို့၊ နေအိမ် ၄၀ ကျော်နှင့် ဘုန်းကြီးကျောင်း ၁လုံး မီးလောင်ဆုံးရှုံးခဲ့

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ တပ်မ (၆၆) လက်အောက်ခံ စစ်ကောင်စီတပ်တွေက ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေရတဲ့ သစ်ပုတ်ရွာအုပ်စုကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အလုံး ၄၀ ကျော်နဲ့ ဘုန်းတော်ကြီး ၁ကျောင်း မီးလောင်ပျက်စီးသွားကြောင်း သိရပါတယ်။
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ် PDF တွေနဲ့ ပကဖ တွေကို တွေ့ဆုံအားပေးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့အဖွဲ့က နှစ်သစ်ကူးကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေကို တွေ့ဆုံအားပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမြို့ပေါ်ရှိ စစ်အုပ်စုများ ပြောက်ကျားတိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်က အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကိုပြောက်ကျား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁ယောက်သေပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

နတ်မောက်တွင် ပျူစောထီးများ စီးလာသည့်ကား စောင့်ကြိုတိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင် ခင်မောင်ဌေးနဲ့ အပေါင်းအပါတွေ လိုက်ပါစီးနင်းလာတဲ့ အိမ်စီးကားကို စောင့်ကြိုတိုက်ခိုက်ရာ ပျူစောထီး ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ယောက် ရှိခဲ့တယ်လို့ Yenanthar Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။