မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ကွန်မန်ဒို အကြမ်းဖက် စစ်ကြောင်းအပါအဝင် စစ်ကြောင်း ၂ခုက ကျေးရွာတွေကို အကြောင်းမဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ရန်ကြီးအောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-(ပုဂံ-ညောင်ဦး) ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မနေ့က ဇူလိုင်လ ၈ရက် မနက်အစောပိုင်းကစလို့ ညောင်ဦးမြို့နယ်၊ ချောင်းရှည်ရွာနဲ့ အနောက်အုံးရွာတွေကို ဂန့်ဂေါပျူစောထီးရွာကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ငါ့သရောက်တိုက်နယ်အတွင်း ရောက်ရှိနေတဲ့ ကွန်မန်ဒိုစစ်ကြောင်းတို့က စတင်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အထက်ပါစစ်ကြောင်းတွေထဲ ညောင်ဦးနဲ့ ကျောက်ပန်းတောင်းအခြေစိုက် ပျူစောထီးတွေအပြင် မန္တလေးတိုင်းကွန်မန်ဒိုစစ်သားတွေလည်း ပါဝင်ကြောင်း ရန်ကြီးအောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-(ပုဂံ-ညောင်ဦး) ပကဖ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြောင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေစဥ်

အကြမ်းဖက်စစ်ကြောင်းတွေဟာ ချောင်းရှည်ရွာအတွင်း ဝင်ရောက်မွှေနှောက်ရင်း မီးရှို့ခဲ့ရာမှာ အရပ်သား နေအိမ် ၆လုံး မီးလောင်ပျက်စီးသွားသလို အနောက်အုံး၊ ဇီးစမြင်နဲ့ ပွဲတိုင်းရွာတွေကိုလည်း ဆက်လက်စစ်ကြောင်းထိုး မီးရိူ့ဖျက်ဆီးခဲ့သေးကြောင်း သိရပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၉ရက်၊ ဒီနေ့မှာလည်း ကျောက်ပြင်ကန်နဲ့ မြောင်ရွာတွေကို ဆက်လက်မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း ရန်ကြီးအောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-(ပုဂံ-ညောင်ဦး) ပကဖ တာဝန်ရှိသူက ပြောပါတယ်။

“စစ်ကြောင်းက ၂ကြောင်းပါ။ ဂန့်ဂါပျူရွာ ၁ကြောင်း၊ ငါ့သရောက်ကို ရောက်နေတဲ့ မန်းလေးတိုင်းက ဆင်းလာတဲ့ ကွန်မန်ဒိုက ၁ကြောင်းပါ။ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ ပုံစံပါ။ စစ်ကြောင်း၂ခုပေါင်း မီးရှို့တာ၊ ပွဲတိုင်းရွာကတော့ ရွာလုံးကျွတ်ပါပဲ”လို့ ရန်ကြီးအောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-(ပုဂံ-ညောင်ဦး) ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကြောင်းတွေ မီးမရှို့ခင် ဒီနေ့မနက် ဂန့်ဂေါပျူစောထီးရွာကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မအူပင်ရွာအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိကြောင်း သိရပါတယ်။

လက်ရှိမှာ ညောင်ဦးမြို့နယ်အတွင်းဝင်ရောက်နေတဲ့ အထက်ပါ အကြမ်းဖက်စစ်ကြောင်းတွေကြောင့် ချောင်းရှည်၊ အနောက်အုံး၊ ဇီးစမြင်၊ ပွဲတိုင်း၊ ဂျိုးကန်၊ စက၊ကျောက်ပြင်ကန်၊ ကြအို၊ မြေသန့်တောင်၊ မအူပင်၊ ပျော်ဘွယ်၊ မြို့လှ၊ ညောင်လှ၊ ရွာသာ၊ ရွာသစ်၊ မီးလောင်ဖျား၊ ကြအိုကျွန်း၊ မြောင်၊ ကန်နီပေါက်၊ တောရွာ၊ ကျောက်ကန် စတဲ့ ကျေးရွာပေါင်း ၂၀ကျော်က အရပ်သားတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။

 

0 Shares:
You May Also Like
Read More

x ဘားအံထောင်တွင် တိုက်ပိတ်ခံရရင်း ညှင်းပန်းရိုက်နှက်မှုကြောင့် နိုင်ကျဥ်း ၁ ဦး သေဆုံးခဲ့

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၂ယောက်ကို ၃လတာ တိုင်ပိတ်ထားပြီးနောက် သူတို့ထဲ နိုင်ငံရေးအကျဉ်းသား ၁ယောက်ဟာ ထောင်ပိုင်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် အသက်သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကြောင်း NUG တရားဝင်ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့ အင်းတော် မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ဧပြီလ (၇) ရက် မနေ့က ညပိုင်းမှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ညပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစကတည်းက အကျဥ်းချခံထားရသည့် နိုင်ကျဥ်း ၁ ဦး ထားဝယ်ထောင်တွင် နှလုံးဖောက် သေဆုံး

ထားဝယ်အကျဥ်းထောင်မှာ အောက်တိုဘာ ၃ ရက် ညပိုင်းက နိုင်ငံရေးအကျဥ်းသား ၁ယောက် နှလုံးဖောက်ပြီး သေဆုံးသွားခဲ့တယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက်ထံက ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နဲ့မွန်အစပ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေ

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဇီးနစ်ဒေသအနီီးမှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာလို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

တောင်ယာပြန်လုပ်နေသည့် စစ်ရှောင်ပြည်သူများကို PNO ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံး

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် စစ်ရှောင်ပြည်သူတချို့ တောင်ယာပြန်လုပ်နေချိန် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၃ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Jobs For Kayah ထံက သိရပါတယ်။
Read More

ရေစကြိုမှာ အကြမ်းဖက်စစ်တပ်က သက်ကြီးပိုင်းနှင့် ကလေးငယ်များကို လူသားဒိုင်းသဖွယ် အသုံးပြုရင်း ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအပါဝင် အရပ်သား ၅၀ ကျော်ကို လူသားဒိုင်းလုပ်ဖမ်းဆီးကာ ကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။