မကွေးနဲ့ ရခိုင်ပြည်နယ်အစပ် နတ်ရေကန်တောင်ဗျူဟာကုန်း၊ ငဖဲရေဒါထိန်းချုပ်ရေး ပင်မစခန်းကနေ လက်နက်ကိုယ်စီနဲ့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ငဖဲမြို့နယ်၊ နတ်ရေကန်တောင်ဗျူဟာကုန်း၊ ငဖဲရေဒါထိန်းချုပ်ရေး ပင်မစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား၂ ယောက်ကို ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ရဲ့ ရှေ့တန်းပွိုင့်မှာရှိနေတဲ့ ရဲဘော်တွေက ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ MA-1 သေနတ် (၁) လက်၊ MA-3 သေနတ် (၁) လက်၊ အီနာဂါ (၄) လုံး၊ လက်ပစ်ဗုံး (၃) လုံး၊ ကျည်ဘောက် (၇) ခု၊ 5.56 ကျည် (၂၈၀) တောင့်၊ စစ်ဦးထုပ် (၁) လုံးနဲ့ အီကွေ့မန့် (၁) ခုကိုလည်း ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

စစ်သုံ့ပန်း ၂ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံခဲ့ရသူတွေ ဖြစ်ကာ နေပြည်တော်နဲ့ ရမည်းသင်း လေ့ကျင့်ရေး သင်တန်းကျောင်းတွေမှာ သင်တန်းတက်ရောက်ခဲ့ပြီးတဲ့နောက် မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက နတ်ရေကန်ဗျူဟာကုန်းကို ပို့ဆောင်တာဝန်ကျနေခဲ့တာလို့လည်း သိရပါတယ်။

“သူတို့ကို စစ်သုံ့ပန်းအကျဥ်းသားဥပဒေနဲ့အညီထိန်းသိမ်းထားပါတယ်။ မြေပြန့်ဘက် မကွေးကို ဦးတည်ပြီး ပြေးလာတယ်လို့ သိရတယ်။ စစ်တပ်ထဲရောက်တာ တစ်ယောက်က ၂နှစ်လောက်ရှိပြီ။ ကျန်၁ယောက်ကတော့ ၁နှစ်ကျော်ပါတဲ့။ လက်ရှိ သူတို့ကို ဆက်လက်စစ်ဆေးနေပါတယ်” လို့ ပြည်သူ့လွတ်လပ်ရေးတပ်တော် PIA တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတဲ့ မကွေးနဲ့ ရခိုင်ပြည်နယ်အစပ် အမ်း-ပဒါန်းလမ်းပိုင်း၊ နတ်ရေကန်တောင်ဗျူဟာကုန်းနဲ့ စစ်ကောင်စီစခန်းတွေကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထွက်ပြေးနေကြရာ အဆိုပါ လမ်းပိုင်းအတွင်း လှုပ်ရှားတဲ့ တော်လှန်ရေးအင်အားစုတွေက မကြာခဏဆိုသလို ဖမ်းဆီးရမိနေတာဖြစ်ပါတယ်။

“အစပိုင်းမှာလည်း နတ်ရေကန်ဘက်က ပြေးလာလို့ ဖမ်းမိတာတွေရှိပါတယ်။ အခုဆို ဖမ်းမိတဲ့ သုံ့ပန်းအရေအတွက် ၂၀ ကျော်ပါပြီ။ ကျနော်တို့ရော ပူးပေါင်းအဖွဲ့တွေကလည်း ဖမ်းမိတာပေါ့။ အများစုက ဖမ်းမိတာပါ။ ချိတ်ဆက်ပြီး အလင်းဝင်လာတာ နည်းတယ်။ ဘာလို့ဆို ဘယ်မှာတာဝန်ကျမယ်ဆိုတာ မသိတာရယ် သက်ဆိုင်တဲ့တော်လှန်ရေးအဖွဲ့တွေကိုလည်း မသိကြတာလည်း ပါတယ်။ ကျနော်တို့နဲ့ ချိတ်ဆက်အလင်းဝင်တာမျိုးတွေ ရှိပေမယ့် နည်းပါတယ်။ အဲ့ဘက်မှာက ရာသီဥတုလည်းကြမ်းသလို တိုက်ပွဲတွေလည်း စိပ်နေတော့ ထွက်ပြေးကြတာပေါ့။ ဒီလိုနဲ့ နယ်မြေမကျွမ်းကျင်ဘဲ ကိုယ်လွတ်ရုန်းပြေးကြရင်း ဖမ်းမိကြတာပါ။” လို့ ပြည်သူ့လွတ်လပ်ရေးတပ်တော် PIA တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတဝန်းက တိုက်ပွဲတွေအတွက် အဓမ္မစုဆောင်းထားတဲ့ စစ်မူထမ်းတပ်သားတွေကို ရှေ့တန်းစစ်မြေပြင်အနှံ့ ပို့ဆောင်နေတာဖြစ်ပါတယ်။

ဒါကြောင့်က် မကွေးနဲ့ ပဲခူးဒေသနေ အရပ်သားတွေအနေနဲ့လည်း ကိုယ့်သားသမီးမိဘတွေကို စစ်ကောင်စီက အဓမ္မ စစ်မှုထမ်းခိုင်းဖို့ ခြိမ်းခြောက်လာရင် ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ထံ ဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါသေးတယ်။

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား ၂ ဦးကို လက်နက်များနှင့်အတူ တွေ့ရစဥ် (ဓာတ်ပုံ PIO/PIA)

0 Shares:
You May Also Like
Read More

မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်မှာ သန်း​ခေါင်စာရင်းကောက်တဲ့အဖွဲ့ မိုင်းဆွဲခံရပြီး ရဲ ၂ ယောက်သေ၊ အများအပြား ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်အတွင်း သန်းခေါင်စာရင်းလိုက်ကောက်တဲ့ အကြမ်းဖက်စစ်တပ်၊ ရဲ၊ ထွေအုပ်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းတချို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက် ရဲ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

၂ လအတွင်း စစ်မှုထမ်း ၁၄ ဦး လက်နက်ခဲယမ်းကိုယ်စီဖြင့် ကလေးခရိုင်ပကဖရုံး ဒရုန်းတပ်ဖွဲ့ထံ အလင်းဝင်၊ အများစု ပကဖနှင့်အတူ စစ်တပ်ကို ပြန်တိုက်နေ

ဇူလိုင်နဲ့ သြဂုတ်လအတွင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖရုံး) ဒရုန်းတပ်ဖွဲ့ထံ အတင်းအကြပ် စစ်မှုထမ်းစုဆောင်းခံရတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၄ ယောက် လက်နက်ခဲယမ်းကိုယ်စီနဲ့ အလင်းဝင်ရောက်လာခဲ့ပြီး ပကဖနဲ့အတူ အကြမ်းဖက်စစ်တပ်ကို ပြန်လည်တိုက်ပွဲဝင်နေတယ်လို့ ကလေးခရိုင် ပကဖ တာဝန်ရှိသူ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

ဝမ်ပေါင်ရဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို တိုက်ခိုက်ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီး…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကနေ ထွက်လာတဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီးခဲ့တယ်လို့ Black Eagle Defence Force-MMU က သတင်းထုတ်ပြန်လာပါတယ်။
Read More

NUG လက်အောက်ခံ မဟုတ်တဲ့ တော်လှန်ရေးအင်အားစုတွေ ၀င်ရောက်ပူးပေါင်းပေးဖို့ NUG တောင်းဆို

NUG လက်အောက်ကမဟုတ်ဘဲ စစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုများ၀င်ရောက်ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ဖို့အမျိုသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
Read More

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ၇၅၀၀ ကျော်အထိရှိခဲ့

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းအပါအဝင်  လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ပေါင်း ၇,၅၀၀ ကျော်ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာ ပျူစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းဓာတ်ပုံများ… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာ ပျူစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းဓာတ်ပုံတွေကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက် နေ့လည်ပိုင်းက စတင်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲဟာ ၃ ရက်တာကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က ၂၃ ယောက်ခန့် သေဆုံးကာ တော်လှန်ရေးရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။