နိုင်ငံတစ်ဝန်း ဇူလိုင်လရဲ့ ပထမ ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁ ရက်ကနေ ၈ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ အမျိုးသမီး (၂) ယောက်နဲ့ အမျိုးသား (၇) ယောက် စုစုပေါင်း (၉) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPP က ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် (၂) ယောက် ပါဝင်ပြီး သေဆုံးတွေထဲက (၈) ယောက်ဟာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့သလို (၁) ယောက်ကတော့ စစ်အုပ်စု ဖမ်းဆီးပြီး သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုလပထမအပတ်အတွင်း အတည်ပြုဖို့ လိုအပ်နေဆဲ သေဆုံးအရပ်သား (၁၃) ယောက်ရဲ့ စာရင်းကိုလည်း အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သပြေညွန့်စစ်စခန်းကို KNLA နှင့် PDF ပူး​​ပေါင်းတပ်များ သိမ်းပိုက်ရရှိ၊ မျက်မြင် စစ်ကောင်စီအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၇၃ တပ်ရင်း လက်အောက်ခံ သပြေညွန့်စခန်းကို ၃ ရက်ကြာတိုက်ခိုက်ပြီးတဲ့နောက် တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် (YGF) မှ ရှေ့တန်းစစ်မြေပြင်များတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒေါနစစ်ကြောင်း (၂) ၊ ရေးပြောက်ကျားတပ် (YGF) အနေနဲ့ စိုးမိုးနယ်မြေတွေနဲ့ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။‎
Read More

Monywa Youth Attack Force က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုံသဏ္ဍာန် ဆီမီးအပါ ဆီမီး၂ ထောင် ကပ်လှူပူဇော်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် အမှတ် ၁၇ တပ်ရင်း၊ တပ်ခွဲ ၃ (Monywa Youth Attack Force) က အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ တော်လှန်သီတင်းကျွတ်လပြည့်နေ့မှာ ပြည်သူတွေနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုံသဏ္ဍာန် ဆီမီးအပါ ဆီမီး၂ထောင် ကပ်လှူပူဇော်ခဲ့ပြီး မီးပုံးပျံတွေ လွှတ်တင်ခဲ့ပါတယ်လို့ သိရပါတယ်။
Read More

ရေးမြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးတွေမှု ရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ 

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်စခန်းနားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ စတင်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ညောင်ဖြူပင်ရဲစခန်းကို ပို့မယ့် စစ်ကောင်စီတပ်ရဲ့ ရိက္ခာထုပ်တွေကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းဆီ ပို့မယ့် စစ်ကောင်စီရဲ့ ရိက္ခာထုပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDF က ထုတ်ပြန်ထားပါတယ်။