ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အနေနဲ့ အပတ်စဉ်(၁) လက်ရုံးတပ်ကို အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

အပတ်စဥ် (၁) ရေဦးမြို့နယ်(ပကဖ)လက်ရုံးတပ်ကို ဇွန်လ ၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး တစ်ပတ်ခန့်အကြာ ဇွန်လ ၇ ရက်မှာတော့ ကန့်ဘလူမြို့နယ်၊ နတ်ပေးကျေးရွာအနီး စစ်သားနဲ့ ပျူစောထီး (၄)ယောက်ပါ လှည့်ကင်းအဖွဲ့ကို ကန့်ဘလူခရိုင် (ပကဖ) နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ G 3 သေနတ် တစ်လက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်မှာတော့ ရေဦး ပကဖ လက်ရုံးတပ်က ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ရွှေဘိုမြို့နယ်၊ ဟင်္သာကြီးကျေးရွာ စစ်ကောင်စီစခန်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ငယ် (၄)လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၇ ရက်မှာတော့ ရေဦးမြို့နယ် (ပကဖ) အပတ်စဉ် (၁) လက်ရုံးတပ်အဖြစ် အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ပြီဖြစ်ကြောင်း ရေဦးမြို့နယ် (ပကဖ) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်းမှာ စစ်ရှောင်ပြည်သူတွေကို မြို့နယ် ပကဖ က ဆန်နဲ့ ဆီ ပေးဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတွေက စစ်ဘေးရှောင်ဒေသခံပြည်သူတွေကို သပိတ်ကျင်း ပကဖ တာဝန်ခံတွေနဲ့ အဖွဲ့ဝင်တွေက အောက်တိုဘာလ ၂၁ ရက် မနေ့က ဆန်၊ ဆီ ရိက္ခာတွေ ပေးဝေခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်စွဲထားသည့် မိုးဗြဲက ကတ်သလစ်ကျောင်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီဘက်က ၇ ဦး သေ

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်၊ မိုးဗြဲဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကတ်သလစ် ဘုရားကျောင်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးပြီး သေနတ် ၅ လက်ရရှိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရွှေပေါက်ကံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက်ကံ အုပ်ချုပ်ရေးမှူးရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၂၀၀ ကျော် ထိုင်းဘက်ထွက်ပြေး

စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲမှုကြောင့် သောကြာနေ့ကစလို့ အရပ်သား ပြည်သူ ၂၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံလာကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
Read More

မုံရွာမြို့နယ်တွင် ဒေသခံ ၂၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးထားပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒေသခံ အယောက် ၂၀ ကျော်ကို ဖမ်းဆီးထားပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မိုးကုတ်နှင့် မိုးမိတ် မတတ်သာဘဲ လက်လွှတ်ခဲ့ရမှုအတွက် အနူးအညွှတ်တောင်းပန်ကြောင်း ဗိုလ်ချုပ် တာဘုန်းကျော် ပြောကြား

နွေဦးတော်လှန်ရေးအတွင်း အကောင်းဆုံးပေးဆပ်ခဲ့ပေမယ့် မိုးကုတ်နဲ့ မိုးမိတ်မြို့တွေ အကြမ်းဖက်စစ်တပ်ထံ ပြန်ပေးလိုက်ရတဲ့အတွက် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ကြောင်း တအာင်းတပ် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။