တအာင်းတပ် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ ဂေါင်းဦးဘာရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့ ဇူလိုင် ၈ ရက် မနက်ပိုင်းမှာ မိုးကုတ်မြို့အနောက်ပိုင်း ‌‌ဂေါင်းဦးဘာရပ်ကွက်ရှိ စာသင်ကျောင်းအနီးကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဗုံးဒဏ်ကြောင့် အိမ် ၁၀ လုံးဝန်းကျင်ခန့် ပျက်စီးသွားခဲ့ပြီး ပြည်သူ ၃ ယောက် သေဆုံးကာ အများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် စာသင်ကျောင်းထိခိုက်မှုမရှိခဲ့ပေမယ့် ကလေးငယ်အချို့ ကြောက်လန့်ကာ သတိမေ့လဲတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

Video – Khaing Thinzar Oo

0 Shares:
You May Also Like
Read More

ကမ္မမြို့ရဲစခန်းမှ ကင်းပတ်ထွက်လာသည့် အကြမ်းဖက်စစ်သားများကို ဗုံးသီးကြဲချပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ကမ္မမြို့ရဲစခန်းကနေ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

MRTV အသံလွှင့်တာဝါတိုင်ကုန်းကို သိမ်းပိုက်စဉ် စစ်ကူလာသည့် စစ်ယာဉ်တန်းအား မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာအရှေ့ဘက်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်း (ဗောဓိ တစ်ထောင်)စခန်းကို ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ် ဂျန်ဘာယာဉ် ၆ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။
Read More

ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာမှာ အကြမ်းဖက်စစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာမှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မနေ့က အောက်တိုဘာ ၂၃ ရက် နေ့လည်ပိုင်းက ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့ထံက သိရပါတယ်။
Read More

မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲပြီး ပြန်လာတဲ့ PLA ရဲဘော်တွေကို အညာမြေလူထု အကအလှတွေနဲ့ သောင်းသောင်းဖြဖြကြိုဆို (ရုပ်/သံ)

၁၀၂၇ စစ်ဆင်ရေးမှာ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲပြီး အညာမြေ ပြန်လာတဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ရဲဘော်တွေကို အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ ပြည်သူတွေက အကအလှတွေနဲ့ သောင်းသောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပိုင်းမှာ သံချပ်ကာယာဉ် ၂ စီးနဲ့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကံပြားရွာဘက်ကနေ ပုသိမ်-မုံရွာလမ်းပိုင်းသို့ ဧပြီ ၂၀ ရက်က စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့ထံက သိရပါတယ်။
Read More

ရှင်မကန်ပျူစခန်းအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မအရှေ့ဘက်ရှိ ရှင်မကန်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Cobra One တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။