ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဖက်က စစ်ရှောင်စခန်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – PK Police က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၇ရက် ည ၁၀ နာရီခွဲလောက်မှာ ဖယ်ခုံအနောက်ဖက် စစ်ရှောင်စခန်း ၂ နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄နှစ်အရွယ် ကလေးငယ်အပါအဝင် စစ်ရှောင်မိသားစု ၃ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ပြီး နောက်ထပ် ၃ယောက်လည်း ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဗုံးသီးတွေကို ၃လုံး တစ်နေရာ၊ ၂လုံး တစ်နေရာ ကြဲချခဲ့တာကြောင့် ၄နှစ်အရွယ် ကလေးငယ်နဲ့ အသက် ၂၆နှစ်အရွယ် မိဘ ၂ပါးလည်း ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုမှာ မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ ဗုံးသီးတစ်လုံးကိုလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ရက်နေ့ကလည်း ဖယ်ခုံမြို့အနောက်ဖက် လအိကျေးရွာ ဘကကျောင်းကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မူလတန်း ကလေးငယ် ၂ယောက် ထိမှန်ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်း ပရဝဏ်တချို့လည်း ပျက်စီးသွားခဲ့ပါသေးတယ်။

(ဓာတ်ပုံ Karenni People’s Voice)

0 Shares:
You May Also Like
Read More

PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ် (၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ်(၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု သင်တန်းဆင်းပွဲအခမ်းအနားပုံရိပ်တွေကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ချီဖွေ၊ ဖိမော်ဒေသက နယ်ခြားစောင့်တပ် ၁၀၀၁ ကို KIA က တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ် ချီဖွေမြို့နယ် ဖိမော်ဒေသ ကစစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) - ၁၀၀၁ တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ဂန့်ဂေါတွင် ရွေးကောက်ပွဲအတုကို စိတ်ဝင်စားမှု မရှိသည့်အတွက် မဲစာရင်းသွားကြည့်သူ မရှိသလောက်ဖြစ်နေသည့်အပေါ် စစ်အုပ်စုက ဖိအားပေးနေ

"မြို့ပေါ်မှာ မဲစာရင်းတွေကို ပြန်ကြေညာထားပေမဲ့ သွားကြည့်တဲ့သူ အဆမတန်နည်းပါတယ်။ မဲစာရင်းကို လာမကြည့်ကြတော့ စစ်တပ်နဲ့အပေါင်းအပါတွေက ညဘက်တွေမှာ မြို့ပေါ်ရပ်ကွက်တွေထဲ ဧည့်စာရင်းဝင်စစ်တယ်။ အဲ့လိုစစ်ရင်းနဲ့ မဲစာရင်းသွားကြည့်သေးလား၊ မကြည့်ဘူးလားဆိုတာတွေပါ စစ်ပါတယ်" လို့ မြို့ခံတစ်ယောက်ကပြောကြားခဲ့ကြောင်း ယောအလင်းတန်း ဆိုပါတယ်။
Read More

အိမ်ထဲရောက်နေတဲ့ သူခိုးက ဓားနဲ့ထိုးလို့ အိမ်ရှင်အမျိုးသား ပွဲချင်းပြီး သေဆုံး…

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် သုခဒဂုံအိမ်ရာမှာ သူခိုးကို ဖမ်းဆီးဖို့ကြိုးစားရာမှ အိမ်ရှင်လင်မယား ဓားထိုးခံရပြီး အမျိုးသားဖြစ်သူ ပွဲချင်းပြီး သေဆုံးကာ အမျိုးသမီးဖြစ်သူ ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေနဲ့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
Read More

တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်ဖြင့် ပစ်ခတ်တားဆီးခဲ့မိကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်း ဝန်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ တရုတ်ကြက်ခြေနီယာဉ်တန်းကို သေနတ်မိုးပေါ်ထောင်ကာ ပစ်ခတ် တားဆီးခဲ့ရတယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ဒီနေ့မှာ ဝန်ခံပြောဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီတပ် ကပစ ၂၄ မှ ဒုတပ်ကြပ် ၁ ဦး လက်နက် ၂ လက်နှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) က ဒုတပ်ကြပ်တစ်ယောက် လက်နက် ၂ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် (၅) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။